ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်တဲ့မော်ရင်ဟိုကို ရိုးမားအသင်း ရာထူးက ထုတ်ပယ်

 2184

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၆

အီတလီအခြေစိုက် ရိုးမားအသင်းဟာ နာမည်ကျော်နည်းပြတစ်ဦးဖြစ်တဲ့ မော်ရင်ဟိုကို ရာထူးက ထုတ်ပယ်လိုက် ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်က ကစားခဲ့တဲ့ပွဲစဉ်မှာ အေစီမီလန်အသင်းကို ရှုံးနိမ့်သွားခဲ့ပြီးနောက် ရိုးမားအသင်းတာဝန်ရှိသူ တွေဟာ နည်းပြမော်ရင်ဟို နဲ့ လမ်းခွဲလိုက်တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ၂ဝ၂၁ ခုနှစ်မှာ ရိုးမားအသင်းနည်းပြ အဖြစ် ခန့်အပ်ခံရပြီးနောက် ဒီနှစ်မှာတော့ ရလဒ်တွေ ဆိုးရွားလာတဲ့အတွက် ရိုးမားအသင်းက နည်းပြမော်ရင်ကို ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

ရိုးမားအသင်းဟာ လက်ရှိ စီးရီးအေ အမှတ်ပေးပြိုင်ပွဲမှာ မျှော်လင့်သလောက်ရလဒ်မကောင်းဘဲ အမှတ်ပေး ဇယားအဆင့် ၉ နေရာမှာ ရပ်တည်နေရပါတယ်။ ချဲလ်ဆီးနည်းပြဟောင်းမော်ရင်ဟိုဟာ ရိုးမားအသင်းနည်းပြ အဖြစ် တာဝန်ယူချိန်အတွင်း အသင်းကို ၂ဝ၂၂ ခုနှစ်က ရိုးမားအသင်းကို Europa Conference League ချန်ပီယံ ဖြစ်ဖို့ နဲ့ ယူရိုပါလိဂ် ဗိုလ်ပွဲတက်ရောက်ဖို့ စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

ရိုးမားအသင်းအားကစားဒါရိုက်တာဖြစ်သူက "ကျွန်တော်တို့ဟာ ရိုးမားအသင်းနည်းပြအဖြစ် တာဝန်ယူချိန်အတွင်း မော်ရင်ဟို စွမ်းဆောင်မှုတွေကို အမြဲတမ်းသတိရနေမှာပါ" လို့ ပြောပါတယ်။

မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်၊ ချဲလ်ဆီး၊ ပေါ်တို အသင်း အပါအဝင် နာမည်ကျော် အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကမ္ဘာ့ဘောလုံးလောကရဲ့ဂုဏ်သိက္ခာအရှိဆုံးချန်ပီယံဆုဖြစ်တဲ့ ချန်ပီယံလိဂ်ဆု အပါအဝင် အဓိက ချန်ပီယံဆုတွေကို ရယူနိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

Zawgyi Version;
ကမာၻေက်ာ္နည္းျပတစ္ဦးျဖစ္တဲ့ေမာ္ရင္ဟိုကို ႐ိုးမားအသင္း ရာထူးက ထုတ္ပယ္
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၆

အီတလီအေျခစိုက္ ႐ိုးမားအသင္းဟာ နာမည္ေက်ာ္နည္းျပတစ္ဦးျဖစ္တဲ့ ေမာ္ရင္ဟိုကို ရာထူးက ထုတ္ပယ္လိုက္ ေၾကာင္း သိရပါတယ္။

ဇန္နဝါရီ ၁၄ ရက္က ကစားခဲ့တဲ့ပြဲစဥ္မွာ ေအစီမီလန္အသင္းကို ရႈံးနိမ့္သြားခဲ့ၿပီးေနာက္ ႐ိုးမားအသင္းတာဝန္ရွိသူ ေတြဟာ နည္းျပေမာ္ရင္ဟို နဲ႔ လမ္းခြဲလိုက္တာျဖစ္ပါတယ္။ ေမာ္ရင္ဟိုဟာ ၂ဝ၂၁ ခုႏွစ္မွာ ႐ိုးမားအသင္းနည္းျပ အျဖစ္ ခန႔္အပ္ခံရၿပီးေနာက္ ဒီႏွစ္မွာေတာ့ ရလဒ္ေတြ ဆိုး႐ြားလာတဲ့အတြက္ ႐ိုးမားအသင္းက နည္းျပေမာ္ရင္ကို ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

႐ိုးမားအသင္းဟာ လက္ရွိ စီးရီးေအ အမွတ္ေပးၿပိဳင္ပြဲမွာ ေမွ်ာ္လင့္သေလာက္ရလဒ္မေကာင္းဘဲ အမွတ္ေပး ဇယားအဆင့္ ၉ ေနရာမွာ ရပ္တည္ေနရပါတယ္။ ခ်ဲလ္ဆီးနည္းျပေဟာင္းေမာ္ရင္ဟိုဟာ ႐ိုးမားအသင္းနည္းျပ အျဖစ္ တာဝန္ယူခ်ိန္အတြင္း အသင္းကို ၂ဝ၂၂ ခုႏွစ္က ႐ိုးမားအသင္းကို Europa Conference League ခ်န္ပီယံ ျဖစ္ဖို႔ နဲ႔ ယူ႐ိုပါလိဂ္ ဗိုလ္ပြဲတက္ေရာက္ဖို႔ စြမ္းေဆာင္ေပးႏိုင္ခဲ့ေၾကာင္း သိရပါတယ္။

႐ိုးမားအသင္းအားကစားဒါ႐ိုက္တာျဖစ္သူက "ကြၽန္ေတာ္တို႔ဟာ ႐ိုးမားအသင္းနည္းျပအျဖစ္ တာဝန္ယူခ်ိန္အတြင္း ေမာ္ရင္ဟို စြမ္းေဆာင္မႈေတြကို အၿမဲတမ္းသတိရေနမွာပါ" လို႔ ေျပာပါတယ္။

ေမာ္ရင္ဟိုဟာ ရီးရဲလ္မက္ဒရစ္၊ ခ်ဲလ္ဆီး၊ ေပၚတို အသင္း အပါအဝင္ နာမည္ေက်ာ္ အသင္းေတြမွာ နည္းျပအျဖစ္ တာဝန္ယူခဲ့ဖူးၿပီး ကမာၻ႔ေဘာလုံးေလာကရဲ႕ဂုဏ္သိကၡာအရွိဆုံးခ်န္ပီယံဆုျဖစ္တဲ့ ခ်န္ပီယံလိဂ္ဆု အပါအဝင္ အဓိက ခ်န္ပီယံဆုေတြကို ရယူႏိုင္ေအာင္စြမ္းေဆာင္ေပးႏိုင္ခဲ့သူျဖစ္ပါတယ္။

Related news

© 2021. All rights reserved.