လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့

944
Pearl (NP News) - ဇန်နဝါရီ ၁၇
လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အနီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

KNPP နှင့် PDF အဖွဲ့ဝင်များသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သမိုင်းဝင် မြို့နာမ်ရွှေစေတီတော်အား အဝေးမှနေ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု နစကမှ ထုတ်ပြန်ထားသည်။
"မနေ့ကတော့ အဲဒီသတင်း ကြားမိတယ်။ အခုက အဲဒီဘက်ကို သွားလို့ မရတော့တာ ဟုတ်၊ မဟုတ်တော့ အတည်ပြုလို့မရဘူး။ ဖြစ်စဉ်မှန်တယ်ဆိုရင်တော့ ဒါ မဖြစ်သင့်ဘူး။ မဖြစ်စေချင်ဘူးပေါ့" ဟု လွိုင်ကော်ဒေသခံတစ်ဦးက NP News ကို ပြောသည်။
KNPP နှင့် PDF အဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် စေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စေတီတော်၏ ကိုယ်လုံးတော်နှင့် အခြားသာသနိက အဆောက်အဦများတွင် ထိမှန်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း နစကမှ ဆိုသည်။
အလားတူ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ပြီးနောက်၌ MNDAA အဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိုင့် ၂၂၀၂ တောင် ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူများလည်း လုပ်ဆောင်ခဲ့ဖူးသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦးများအား ဖျက်ဆီးနေမှုများကို သံဃာ တော်နှင့် လူပုဂ္ဂိုလ်အများအပြားက တိုင်းနှင့်ပြည်နယ် အသီးသီးတို့တွင် ပြင်းထန်စွာကန့်ကွက်ရှုတ်ချမှုများပြုလုပ်လျက်ရှိပြီး အဖွဲ့အစည်းအသီးသီးကလည်း ကန့်ကွက်ရှုတ်ချသည့် ကြေညာ ချက်များလည်း ထုတ်ပြန်ထားသည်။

zawgyi version
လြိဳင္ေကာ္ၿမိဳ႕ရွိ သမိုင္းဝင္ ၿမိဳ႕နာမ္ေ႐ႊေစတီေတာ္အနီး လက္နက္ႀကီးကျည် က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈရွိခဲ့
Pearl (NP News) - ဇန္နဝါရီ ၁၇
လြိဳင္ေကာ္ၿမိဳ႕ရွိ သမိုင္းဝင္ ၿမိဳ႕နာမ္ေ႐ႊေစတီေတာ္အနီး လက္နက္ႀကီးကျဉ် က်ေရာက္ေပါက္ကြဲမႈေၾကာင့္ ထိခိုက္ပ်က္စီးမႈရွိခဲ့ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။
KNPP ႏွင့္ PDF အဖြဲ႕ဝင္မ်ားသည္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ သမိုင္းဝင္ ၿမိဳ႕နာမ္ေ႐ႊေစတီေတာ္အား အေဝးမွေန၍ လက္နက္ႀကီးမ်ားျဖင့္ပစ္ခတ္မႈျပဳလုပ္ခဲ့သည္ဟု နစကမွ ထုတ္ျပန္ထားသည္။
"မေန႔ကေတာ့ အဲဒီသတင္း ၾကားမိတယ္။ အခုက အဲဒီဘက္ကို သြားလို႔ မရေတာ့တာ ဟုတ္၊ မဟုတ္ေတာ့ အတည္ျပဳလို႔မရဘူး။ ျဖစ္စဥ္မွန္တယ္ဆိုရင္ေတာ့ ဒါ မျဖစ္သင့္ဘူး။ မျဖစ္ေစခ်င္ဘူးေပါ့" ဟု လြိဳင္ေကာ္ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
KNPP ႏွင့္ PDF အဖြဲ႕ဝင္မ်ား ပစ္ခတ္ခဲ့သည့္ လက္နက္ႀကီး က်ည္မ်ားသည္ ေစတီေတာ္ ပရိဝုဏ္အတြင္း က်ေရာက္ေပါက္ကြဲခဲ့မႈေၾကာင့္ ေစတီေတာ္၏ ကိုယ္လုံးေတာ္ႏွင့္ အျခားသာသနိက အေဆာက္အဦမ်ားတြင္ ထိမွန္ပ်က္စီးမႈ အခ်ိဳ႕ရွိခဲ့ေၾကာင္း နစကမွ ဆိုသည္။
အလားတူ ကိုးကန႔္လက္နက္ကိုင္အဖြဲ႕ (MNDAA)သည္ ေလာက္ကိုင္ၿမိဳ႕ကို ထိန္းခ်ဳပ္ၿပီးေနာက္၌ MNDAA အဖြဲ႕ဝင္အခ်ိဳ႕သည္ ေလာက္ကိုင္ၿမိဳ႕၊ ဆီေအာေက်း႐ြာ၏ ေျမာက္ဘက္ ပြိဳင့္ ၂၂၀၂ ေတာင္ ကုန္းေပၚရွိ ေစတီတစ္ဆူကို သံတူျဖင့္ထုကာ ဖ်က္ဆီးခဲ့သည့္ အျပဳအမူမ်ားလည္း လုပ္ေဆာင္ခဲ့ဖူးသည္။
ထိုသို႔ အၾကမ္းဖက္သမားမ်ား၏ ဘုရားေစတီမ်ားႏွင့္ ဘာသာေရးဆိုင္ရာအေဆာက္အဦးမ်ားအား ဖ်က္ဆီးေနမႈမ်ားကို သံဃာ ေတာ္ႏွင့္ လူပုဂၢိဳလ္အမ်ားအျပားက တိုင္းႏွင့္ျပည္နယ္ အသီးသီးတို႔တြင္ ျပင္းထန္စြာကန႔္ကြက္ရႈတ္ခ်မႈမ်ားျပဳလုပ္လ်က္ရွိၿပီး အဖြဲ႕အစည္းအသီးသီးကလည္း ကန႔္ကြက္ရႈတ္ခ်သည့္ ေၾကညာ ခ်က္မ်ားလည္း ထုတ္ျပန္ထားသည္။