ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့်တိုက်ပေါ်မှ ပြုတ်ကျသည့် အသက်(၁)နှစ် နှင့် (၇)နှစ်အရွယ် ကလေးငယ်(၂)ဦးလုံး သေဆုံး

 1590

စော (NP News) - ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့်တိုက်ပေါ်မှ ပြုတ်ကျသည့် အသက်(၁)နှစ် နှင့် (၇)နှစ် အရွယ် ကလေးငယ် (၂)ဦးလုံး သေဆုံးသွားခဲ့ကြောင်း လင်း ပရဟိတ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NP News သတင်းဌာနသို့ ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်)၊ ညနေ(၆)နာရီခွဲဝန်းကျင်အချိန်က ယုဇနဥယျာဉ်မြို့တော်ရှိ (10) A လမ်း၊ တိုက် (၁၇)၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရကာ သေဆုံးသူ (၂)ဦးလုံးသည် မိန်းကလေးများ ဖြစ်ကြောင်းလည်း သိရသည်။

“သူတို့မိဘတွေပြောတာကတော့ နောက်ဖေး အိပ်ခန်း ပြတင်း ပေါက်နားမှာ ဆိုဖာဆက်တီလေးကို ထားထားတယ်။ ဆိုဖာဆက်တီထားတော့ တံခါးကတော့ ပိတ်ထားတာပေါ့။ ဒါပေမဲ့သံပန်းတို့၊ သံဇကာတို့ မကာထားဘူး။ ကလေးတွေက အဲဒီပေါ်မှာ တက်ဆော့ရင်းနဲ့ တစ်ယောက်က တံခါးကို ဆွဲဖွင့်လိုက်တော့ အရှိန်လွန်ပြီးပြုတ်ကျသွားတာ။ တစ်ယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တစ်ယောက်ကဆေးရုံရောက်ပြီး ဆုံးသွားတယ်”ဟု လင်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အသက်(၁)နှစ်အရွယ်ကလေးငယ်သည် နေရာတွင်ပင် ပွဲချင်းပြီး ဆုံးသွားခြင်းဖြစ်ကာ အသက် (၇)နှစ်အရွယ် ကလေးငယ်သည်ဆေးရုံရောက်ပြီး ည (၉)နာရီ အချိန်ခန့်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“သံပန်းကတော့ ဈေးကြီးတယ်။ သံဇကာဆိုရင် ဈေးမကြီးဘူး ထောင်ဂဏန်းလောက်ပဲရှိတယ်။ ကလေးရှိတဲ့လူတွေ အထပ်မြင့်မှာနေရင်တော့ ပြတင်းပေါက်တွေမှာ သံဇကာလေးတွေ တပ်ထားသင့်တယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် အထိန်းအကွပ်ရှိအောင်လို့ပါ”ဟု ၎င်းကပြောသည်။

ကလေးငယ် (၂)ဦး၏ ရုပ်အလောင်းကို ကျီစုသုဿန်သို့ပို့ဆောင် ထားပြီး မနက်ဖြန် (ဇန်နဝါရီလ ၁၈ ရက်)တွင် သဂြိုလ်မည် ဖြစ် ကြောင်း သိရသည်။

zawgyi version
ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ရွိ ငါးလႊာအျမင့္တိုက္ေပၚမွ ျပဳတ္က်သည့္ အသက္(၁)ႏွစ္ ႏွင့္ (၇)ႏွစ္အ႐ြယ္ ကေလးငယ္(၂)ဦးလုံး ေသဆုံး
ေစာ (NP News) - ဇန္နဝါရီ ၁၇

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ရွိ ငါးလႊာအျမင့္တိုက္ေပၚမွ ျပဳတ္က်သည့္ အသက္(၁)ႏွစ္ ႏွင့္ (၇)ႏွစ္ အ႐ြယ္ ကေလးငယ္ (၂)ဦးလုံး ေသဆုံးသြားခဲ့ေၾကာင္း လင္း ပရဟိတ လူမႈကူညီေရး အသင္းမွ တာဝန္ရွိသူတစ္ဦးက NP News သတင္းဌာနသို႔ ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၁၆ ရက္)၊ ညေန(၆)နာရီခြဲဝန္းက်င္အခ်ိန္က ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ရွိ (10) A လမ္း၊ တိုက္ (၁၇)၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရကာ ေသဆုံးသူ (၂)ဦးလုံးသည္ မိန္းကေလးမ်ား ျဖစ္ေၾကာင္းလည္း သိရသည္။

“သူတို႔မိဘေတြေျပာတာကေတာ့ ေနာက္ေဖး အိပ္ခန္း ျပတင္း ေပါက္နားမွာ ဆိုဖာဆက္တီေလးကို ထားထားတယ္။ ဆိုဖာဆက္တီထားေတာ့ တံခါးကေတာ့ ပိတ္ထားတာေပါ့။ ဒါေပမဲ့သံပန္းတို႔၊ သံဇကာတို႔ မကာထားဘူး။ ကေလးေတြက အဲဒီေပၚမွာ တက္ေဆာ့ရင္းနဲ႔ တစ္ေယာက္က တံခါးကို ဆြဲဖြင့္လိုက္ေတာ့ အရွိန္လြန္ၿပီးျပဳတ္က်သြားတာ။ တစ္ေယာက္က ပြဲခ်င္းၿပီးဆုံးသြားတယ္။ ေနာက္တစ္ေယာက္ကေဆး႐ုံေရာက္ၿပီး ဆုံးသြားတယ္”ဟု လင္းပရဟိတလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အသက္(၁)ႏွစ္အ႐ြယ္ကေလးငယ္သည္ ေနရာတြင္ပင္ ပြဲခ်င္းၿပီး ဆုံးသြားျခင္းျဖစ္ကာ အသက္ (၇)ႏွစ္အ႐ြယ္ ကေလးငယ္သည္ေဆး႐ုံေရာက္ၿပီး ည (၉)နာရီ အခ်ိန္ခန႔္တြင္ ကြယ္လြန္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း သိရသည္။

“သံပန္းကေတာ့ ေဈးႀကီးတယ္။ သံဇကာဆိုရင္ ေဈးမႀကီးဘူး ေထာင္ဂဏန္းေလာက္ပဲရွိတယ္။ ကေလးရွိတဲ့လူေတြ အထပ္ျမင့္မွာေနရင္ေတာ့ ျပတင္းေပါက္ေတြမွာ သံဇကာေလးေတြ တပ္ထားသင့္တယ္လို႔ထင္တယ္။ ဘာပဲျဖစ္ျဖစ္ အထိန္းအကြပ္ရွိေအာင္လို႔ပါ”ဟု ၎ကေျပာသည္။

ကေလးငယ္ (၂)ဦး၏ ႐ုပ္အေလာင္းကို က်ီစုသုႆန္သို႔ပို႔ေဆာင္ ထားၿပီး မနက္ျဖန္ (ဇန္နဝါရီလ ၁၈ ရက္)တြင္ သၿဂိဳလ္မည္ ျဖစ္ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.