တောင်ကြီးမြို့ရှိ ရွှေတောင်ရိုးကားရပ်နားကွင်း၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုထောင်(၂)လုံးပျက်စီးဆုံးရှုံး

 805

သန့်ဇင်(NP News) - ဇန်နဝါရီ ၁၈

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရွှေတောင်ရိုးကားရပ်နားကွင်း၌ မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုထောင်(၂)လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၈ ရက်)၊ နံနက် ၁နာရီဝန်းကျင်အချိန်ခန့်တွင် တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်ရှိ ရွှေတောင်ရိုး ယာဉ်ရပ်နားကွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးစလောင်တာက ကားရပ်နားကွင်းထဲက ဂိုထောင်မှာရှိတဲ့ မီးအားမြှင့်စက်ကနေပြီး စလောင်တာလို့သိရပါတယ်။ အဲဒီကနေ စလောင်တာမှာ ဘေးကပစ္စည်းတွေနဲ့ဆိုတော့ ဂိုထောင်တွေကူးပြီးလောင်သွားတာပေါ့။ အဲဒီကားဝန်းက ပစ္စည်းတွေသိုလှောင်တဲ့ ဂိုထောင်တွေရှိတယ်”ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ရွှေတောင်ရိုးကားဝန်းအတွင်းရှိ တောင်ကြီးမှ ရန်ကုန်-မန္တလေးဘက်သို့ ပစ္စည်းပို့ဆောင်ရေးလက်ခံသည့် ဂိုထောင်(၂)လုံးမီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“ဝန်းက (၂)ခုရှိတယ်။ ခုက တောင်ကြီးကနေ ရန်ကုန်နဲ့ မန္တလေးဘက်ကို ပြန်ပို့တဲ့ပစ္စည်းဂိုထောင်ကလောင်တာ။ ပစ္စည်းတစ်ချို့လည်း မီးလောင်သွားတယ်လို့ သိရတယ်။ လူထိခိုက်တာတို့တော့မရှိပါဘူး။ မီးကတော့တော်တော် များတယ်။ (၃)နာရီလောက်ငြှိမ်းလိုက်ရတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

၎င်းမီးလောင်မှုဖြစ်စဉ်အား ရှမ်းပြည်နယ်မီးသတ်ဦးစီးရုံး၊ တောင်ကြီးခရိုင်မီးသတ်စခန်း၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းနှင့် ကံသာနယ်မြေမီးသတ်စခန်းတို့မှ (၃)နာရီခန့်အကြာသွားရောက်မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

အလားတူ ပြီးခဲ့သောရက်ပိုင်းအတွင်းကလည်း တောင်ကြီးမြို့နယ်၊ ဖရဲရပ်ကွက်၌ မီးလောင်မှုဖြစ်ပွားခဲ့ဖူးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

zawgyi version
ေတာင္ႀကီးၿမိဳ႕ရွိ ေ႐ႊေတာင္႐ိုးကားရပ္နားကြင္း၌ မီးအားျမႇင့္စက္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဂိုေထာင္(၂)လုံးပ်က္စီး ဆုံးရႈံး

သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၈

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕ရွိ ေ႐ႊေတာင္႐ိုးကားရပ္နားကြင္း၌ မီးအားျမႇင့္စက္အပူလြန္ကဲရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဂိုေထာင္(၂)လုံး ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဇန္နဝါရီလ ၁၈ ရက္)၊ နံနက္ ၁နာရီဝန္းက်င္အခ်ိန္ခန႔္တြင္ ေတာင္ႀကီးၿမိဳ႕၊ ေရေအးကြင္းရပ္ကြက္ရွိ ေ႐ႊေတာင္႐ိုး ယာဥ္ရပ္နားကြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးစေလာင္တာက ကားရပ္နားကြင္းထဲက ဂိုေထာင္မွာရွိတဲ့ မီးအားျမႇင့္စက္ကေနၿပီး စေလာင္တာလို႔သိရပါတယ္။ အဲဒီကေန စေလာင္တာမွာ ေဘးကပစၥည္းေတြနဲ႔ဆိုေတာ့ ဂိုေထာင္ေတြကူးၿပီးေလာင္သြားတာေပါ့။ အဲဒီကားဝန္းက ပစၥည္းေတြသိုေလွာင္တဲ့ ဂိုေထာင္ေတြရွိတယ္”ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္တြင္ လူထိခိုက္မႈမရွိခဲ့ေသာ္လည္း ေ႐ႊေတာင္႐ိုးကားဝန္းအတြင္းရွိ ေတာင္ႀကီးမွ ရန္ကုန္-မႏၲေလးဘက္သို႔ ပစၥည္းပို႔ေဆာင္ေရးလက္ခံသည့္ ဂိုေထာင္(၂)လုံးမီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

“ဝန္းက (၂)ခုရွိတယ္။ ခုက ေတာင္ႀကီးကေန ရန္ကုန္နဲ႔ မႏၲေလးဘက္ကို ျပန္ပို႔တဲ့ပစၥည္းဂိုေထာင္ကေလာင္တာ။ ပစၥည္းတစ္ခ်ိဳ႕လည္း မီးေလာင္သြားတယ္လို႔ သိရတယ္။ လူထိခိုက္တာတို႔ေတာ့မရွိပါဘူး။ မီးကေတာ့ေတာ္ေတာ္ မ်ားတယ္။ (၃)နာရီေလာက္ျငႇိမ္းလိုက္ရတယ္”ဟု ၎ကဆက္လက္ေျပာသည္။

၎မီးေလာင္မႈျဖစ္စဥ္အား ရွမ္းျပည္နယ္မီးသတ္ဦးစီး႐ုံး၊ ေတာင္ႀကီးခ႐ိုင္မီးသတ္စခန္း၊ ေတာင္ႀကီးၿမိဳ႕နယ္ မီးသတ္စခန္းႏွင့္ ကံသာနယ္ေျမမီးသတ္စခန္းတို႔မွ (၃)နာရီခန႔္အၾကာသြားေရာက္မီးျငႇိမ္းသတ္ခဲ့ရေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့ေသာရက္ပိုင္းအတြင္းကလည္း ေတာင္ႀကီးၿမိဳ႕နယ္၊ ဖရဲရပ္ကြက္၌ မီးေလာင္မႈျဖစ္ပြားခဲ့ဖူးေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.