ပြည်တွင်းကားဈေးကွက်အတွင်း၌ ကျပ်သိန်း(၃၀၀)နှင့် (၁၅၀၀) ကြားကားများ အရောင်းအဝယ်ပုံမှန်ဖြစ်နေဟုဆို

 4805

ယွန်း (NP News) - ဇန်နဝါရီ ၁၈

ပြည်တွင်းကားရောင်းဝယ်မှုတွင် ဈေးအနည်းငယ်ပိုရနေပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

လက်ရှိတွင် ကားဈေးကွက်သည် ပြီးခဲ့သည့် ဒီဇင်ဘာလထက် ဈေးအနည်းငယ်ပိုရနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။

“ကားဈေးကွက်တော့ လက်ရှိအခြေအနေနဲ့ပြောရရင် ဒီဇင်ဘာ လဆန်းပိုင်းထက်စာရင် ထိုက်သင့်တဲ့ရာခိုင်နှုန်းလောက်တော့ ဈေးနည်းနည်းလေးပိုရလာတယ်။ အရမ်းကြီးတက်လာတာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ အကျဘက်မှာ‌တော့မရှိဘူး။ အရောင်း အဝယ်ပုံမှန်ဖြစ်နေပါတယ်”ဟု မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NP News ကို ပြောသည်။

ပြည်တွင်းကားဈေးကွက်၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ငွေကျပ်သိန်း(၁၃၀၀)အထိ ဈေးခေါ်ရောင်းချခဲ့သော ကားများသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ ဈေးကျဆင်းလာနေပြီး ငွေကျပ်သိန်း (၁၀၀၀)အထက် ကားများသာမက ငွေကျပ်သိန်း (၅၀၀) အောက်ကားများပါ ဈေးများ တစ်ပြိုင်နက်တည်း ကျဆင်းလာကြောင်း သိရသည်။

သို့သော် ယခုဇန်နဝါရီလတွင် ကားဈေးများအနည်းငယ်ပြန် လည်မြင့်တက်လာပြီး ငွေကျပ်သိန်း(၃၀၀)မှစ၍ ငွေကျပ်သိန်း (၁၅၀၀)အထိ ကားများသည် ဈေးကွက်တွင် အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရသည်။

“အရင်အချိန်ထက်စာရင်တော့ အရောင်းအဝယ်လည်း ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ အရင်ကတော့ ပုံမှန်(၅၀၀)လောက်ကစပြီး (၁၅၀၀)(၂၀၀၀)အထိကို ဝယ်ကြတယ်။ အခုကတော့ (၃၀၀)(၄၀၀)တန်းကားကနေစပြီး (၁၅၀၀)(၂၀၀၀)လောက်ထိက အရောင်းအဝယ်ဖြစ်ပါတယ်။ (၂၀၀၀)ကျော်သွားတဲ့ ကားတွေ မှာလည်း သူ့ဟာသူတော့အရောင်းအဝယ်ဖြစ်နေပါတယ်။ သောင်းချီတဲ့ကားကျတော့လည်း အရောင်းအဝယ်ဖြစ်တာ အစီးရေနည်းတယ်။ (၃၀၀)(၄၀၀) ကနေ (၁၅၀၀)(၂၀၀၀) လောက်ထိကတော့ အရောင်းအဝယ်ပိုအဖြစ်များပါတယ်”ဟု ဦးကျော်စွာထွန်းမြင့်က ဆက်လက်ပြောသည်။

ကားအရောင်းအဝယ်ဈေးကွက်အတွင်း၌ ငွေပြန်ပေါ်စေရန် ရောင်းချနေသူများရှိသကဲ့သို့ ပုံမှန်သုံးစွဲရန် ကားလိုအပ်ချက်ရှိသူများကလည်း ကားပြန်ဝယ်လာခြင်းကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေကြောင်းသိရသည်။

zawgyi version
ျပည္တြင္းကားေဈးကြက္အတြင္း၌ က်ပ္သိန္း(၃၀၀)ႏွင့္ (၁၅၀၀) ၾကားကားမ်ား အေရာင္းအဝယ္ပုံမွန္ျဖစ္ေနဟုဆို

ယြန္း (NP News) - ဇန္နဝါရီ ၁၈

ျပည္တြင္းကားေရာင္းဝယ္မႈတြင္ ေဈးအနည္းငယ္ပိုရေနၿပီး အေရာင္းအဝယ္ပုံမွန္ျဖစ္ေနေၾကာင္း ကားေရာင္းဝယ္ေရးလုပ္ငန္းရွင္ အသိုင္းအဝိုင္းထံမွ သိရသည္။

လက္ရွိတြင္ ကားေဈးကြက္သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလထက္ ေဈးအနည္းငယ္ပိုရေနၿပီး အေရာင္းအဝယ္ေကာင္းမြန္ေနေၾကာင္း သိရသည္။

“ကားေဈးကြက္ေတာ့ လက္ရွိအေျခအေနနဲ႔ေျပာရရင္ ဒီဇင္ဘာ လဆန္းပိုင္းထက္စာရင္ ထိုက္သင့္တဲ့ရာခိုင္ႏႈန္းေလာက္ေတာ့ ေဈးနည္းနည္းေလးပိုရလာတယ္။ အရမ္းႀကီးတက္လာတာမ်ိဳးေတာ့မဟုတ္ဘူး။ ဒါေပမဲ့ အက်ဘက္မွာ‌ေတာ့မရွိဘူး။ အေရာင္း အဝယ္ပုံမွန္ျဖစ္ေနပါတယ္”ဟု ျမန္မာ့ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရးႏွင့္ ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေက်ာ္စြာထြန္းျမင့္က NP News ကို ေျပာသည္။

ျပည္တြင္းကားေဈးကြက္၌ ၿပီးခဲ့သည့္ ဩဂုတ္လအတြင္း ေငြက်ပ္သိန္း(၁၃၀၀)အထိ ေဈးေခၚေရာင္းခ်ခဲ့ေသာ ကားမ်ားသည္ စက္တင္ဘာလကုန္ပိုင္းမွစ၍ ေဈးက်ဆင္းလာေနၿပီး ေငြက်ပ္သိန္း (၁၀၀၀)အထက္ ကားမ်ားသာမက ေငြက်ပ္သိန္း (၅၀၀) ေအာက္ကားမ်ားပါ ေဈးမ်ား တစ္ၿပိဳင္နက္တည္း က်ဆင္းလာေၾကာင္း သိရသည္။

သို႔ေသာ္ ယခုဇန္နဝါရီလတြင္ ကားေဈးမ်ားအနည္းငယ္ျပန္ လည္ျမင့္တက္လာၿပီး ေငြက်ပ္သိန္း(၃၀၀)မွစ၍ ေငြက်ပ္သိန္း (၁၅၀၀)အထိ ကားမ်ားသည္ ေဈးကြက္တြင္ အေရာင္းအဝယ္ပိုျဖစ္ေနေၾကာင္း သိရသည္။

“အရင္အခ်ိန္ထက္စာရင္ေတာ့ အေရာင္းအဝယ္လည္း ခပ္စိပ္စိပ္ျဖစ္လာပါတယ္။ အရင္ကေတာ့ ပုံမွန္(၅၀၀)ေလာက္ကစၿပီး (၁၅၀၀)(၂၀၀၀)အထိကို ဝယ္ၾကတယ္။ အခုကေတာ့ (၃၀၀)(၄၀၀)တန္းကားကေနစၿပီး (၁၅၀၀)(၂၀၀၀)ေလာက္ထိက အေရာင္းအဝယ္ျဖစ္ပါတယ္။ (၂၀၀၀)ေက်ာ္သြားတဲ့ ကားေတြ မွာလည္း သူ႔ဟာသူေတာ့အေရာင္းအဝယ္ျဖစ္ေနပါတယ္။ ေသာင္းခ်ီတဲ့ကားက်ေတာ့လည္း အေရာင္းအဝယ္ျဖစ္တာ အစီးေရနည္းတယ္။ (၃၀၀)(၄၀၀) ကေန (၁၅၀၀)(၂၀၀၀) ေလာက္ထိကေတာ့ အေရာင္းအဝယ္ပိုအျဖစ္မ်ားပါတယ္”ဟု ဦးေက်ာ္စြာထြန္းျမင့္က ဆက္လက္ေျပာသည္။

ကားအေရာင္းအဝယ္ေဈးကြက္အတြင္း၌ ေငြျပန္ေပၚေစရန္ ေရာင္းခ်ေနသူမ်ားရွိသကဲ့သို႔ ပုံမွန္သုံးစြဲရန္ ကားလိုအပ္ခ်က္ရွိသူမ်ားကလည္း ကားျပန္ဝယ္လာျခင္းေၾကာင့္ အေရာင္းအဝယ္ျပန္ျဖစ္ေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.