ဒိုက်ဦးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ

1010
Pearl (NP News) - ဇန်နဝါရီ ၁၉
ဒိုက်ဦးမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးတို့ကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)၊ နံနက် (၉) နာရီခန့်တွင် ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၊ ဖအောင်ဝဲရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရပ်ကွက်ရှိ ဟိန်းကျော်လက်ဖက်ရည်ဆိုင်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးခင်ဝင်း(၆၈)နှစ် နှင့် ရာအိမ်မှူးဖြစ်သူ ဦးခင်မောင်အေး(၆၀)နှစ်တို့ ထိုင်နေစဉ် အကြမ်းဖက်သမားများရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသွားခဲ့ကြောင်းသိရသည်။
"ဆိုင်ထိုင်နေတဲ့အချိန် လာပစ်သွားတာ။ ဦးခင်မောင်အေးက နေရာမှာပဲ သေသွားတယ်။ ဦးခင်ဝင်းက ဒဏ် ရာရ သွားတယ်။ ဒိုက်ဦး pdf ကနေ လာပစ်သွားတာ။ သေနတ်နဲ့ (၅)ချက်၊ (၆)ချက် ပစ်သွားတယ်ပြောတယ်။ ဒဏ်ရာတော့ ဘယ်နေရာတွေရလဲ မသိဘူး။ (၂)ယောက်လုံးက ဖအောင်ဝဲ ရပ်ကွက်ကပဲ" ဟု လုံခြုံရေးအဖွဲ့နှင့်စပ်သူက NP News ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဖြစ်သူ ဦးခင်မောင်အေးသည် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးခင်ဝင်းသည် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် နှုတ်ထွက်မှုမရှိဘဲ နစကအလိုကျ ဆက်လက် ၍ တာဝန်ထမ်းဆောင်နေပါက ပြင်းထန်စွာအပြစ်ပေး အရေးယူသွားမည်ဟု ဒိုက်ဦးမြို့နယ် PDF အဖွဲ့က ခြိမ်းခြောက်ထားသည်။
zawgyi version
ဒိုက္ဦးၿမိဳ႕တြင္ လက္ဖက္ရည္ဆိုင္ထိုင္ေနသည့္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ ရာအိမ္မႉးတို႔ကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံ
Pearl (NP News) - ဇန္နဝါရီ ၁၉
ဒိုက္ဦးၿမိဳ႕တြင္ လက္ဖက္ရည္ဆိုင္ထိုင္ေနသည့္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ ရာအိမ္မႉးတို႔ကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇန္နဝါရီလ ၁၈ ရက္)၊ နံနက္ (၉) နာရီခန႔္တြင္ ပဲခူးတိုင္း၊ ဒိုက္ဦးၿမိဳ႕၊ ဖေအာင္ဝဲရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
အဆိုပါရပ္ကြက္ရွိ ဟိန္းေက်ာ္လက္ဖက္ရည္ဆိုင္တြင္ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးခင္ဝင္း(၆၈)ႏွစ္ ႏွင့္ ရာအိမ္မႉးျဖစ္သူ ဦးခင္ေမာင္ေအး(၆၀)ႏွစ္တို႔ ထိုင္ေနစဥ္ အၾကမ္းဖက္သမားမ်ား ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္လုပ္ႀကံသြားခဲ့ေၾကာင္းသိရသည္။
"ဆိုင္ထိုင္ေနတဲ့အခ်ိန္ လာပစ္သြားတာ။ ဦးခင္ေမာင္ေအးက ေနရာမွာပဲ ေသသြားတယ္။ ဦးခင္ဝင္းက ဒဏ္ ရာရ သြားတယ္။ ဒိုက္ဦး pdf ကေန လာပစ္သြားတာ။ ေသနတ္နဲ႔ (၅)ခ်က္၊ (၆)ခ်က္ ပစ္သြားတယ္ေျပာတယ္။ ဒဏ္ရာေတာ့ ဘယ္ေနရာေတြရလဲ မသိဘူး။ (၂)ေယာက္လုံးက ဖေအာင္ဝဲ ရပ္ကြက္ကပဲ" ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္စပ္သူက NP News ကို ေျပာသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးျဖစ္သူ ဦးခင္ေမာင္ေအးသည္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး အုပ္ခ်ဳပ္ေရးမႉး ဦးခင္ဝင္းသည္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။
ဒိုက္ဦးၿမိဳ႕နယ္ရွိ ရပ္ကြက္/ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ားအေနျဖင့္ ႏႈတ္ထြက္မႈမရွိဘဲ နစကအလိုက် ဆက္လက္ ၍ တာဝန္ထမ္းေဆာင္ေနပါက ျပင္းထန္စြာအျပစ္ေပး အေရးယူသြားမည္ဟု ဒိုက္ဦးၿမိဳ႕နယ္ PDF အဖြဲ႕က ၿခိမ္းေျခာက္ထားသည္။