မန်းမြို့ဈေးအတွင်းရှိ "ဆယ်သန်း"ရွှေဆိုင် ဓားပြတိုက်ခံရ

2568
NP News - ဇန်နဝါရီ ၁၉
မန္တလေးမြို့၊ မန်းမြို့ဈေးအတွင်းရှိ "ဆယ်သန်း"ရွှေဆိုင်တွင် ဓားပြတိုက်မှုဖြစ်ပွားရာ ရွှေနှစ်ပိဿာ နှင့် ငွေကျပ်သိန်း (၂ဝဝ)ဝန်းကျင်ကို လုယက်ထွက်ပြေးသွားကြောင်းသိရသည်။

ယနေ့(ဇန်နဝါရီလ ၁၉ ရက်)၊ နံနက် ၈ နာရီဝန်းကျင်ခန့်က မန်းမြို့စျေးတောင်ဘက်ပေါက် ၃၉ လမ်း၊ ၈၄ x ၈၅ လမ်းကြားတွင် ဖွင့်လှစ်ထားသော "ဆယ်သန်း"ရွှေဆိုင်သို့ မျက်နှာဖုံးစွပ်လူတချို့က ဆိုင်ကယ်ဖြင့်ရောက်ရှိလာ ပြီး ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း သိရသည်။
“လက်စွပ်ပြင်ဖို့ ဆိုင်ကိုလာတယ်ဆိုပြီး သေနတ်နဲ့ဝန်ထမ်းတွေဆီက ဓားပြတိုက်သွားတာ ။ရွှေနှစ်ပိဿာလောက်ရှိတဲ့ လက်ဝတ်လက်စားတွေပါသွားတယ်လို့ ပါတ်ဝန်းကျင်ကပြောတယ်။ ဓားပြတိုက်နေတဲ့အချိန်မှာ ဘယ်သူမှမရိပ်မိဘူး ပြန်ထွက်သွားမှ သိကြတာ”ဟု မန်မြို့ဈေးအတွင်းမှ ဒေသခံတစ်ဦးက ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားသည်။
"ဆယ်သန်း"ရွှေဆိုင်သို့ နံနက် ၈ နာရီ အချိန်ခန့်တွင် အသက် ၃၀ နှစ်ခန့် အမျိုးသား ၃ ဦး ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဇန်နဝါရီလ (၇)ရက်က ပြုလုပ်ထားသည့် လက်စွပ်အား ပြင်ဆင်လိုကြောင်း လိမ်ညာပြော ဆိုကာ ဆိုင်အတွင်းရှိ ဝန်ထမ်းများအား ပစ္စတို သေနတ် (၁)လက်ဖြင့်ချိန်၍ ဆိုင်အတွင်းမှ ရွှေလက်ကောက်မျိုးစုံ ၅၀၂ ကွင်း၊ ရွှေဆွဲပြား ၃၆၅ ပြား စုစုပေါင်းအလေးချိန် (၂)ပိဿာခန့် (ကာလတန်ဖိုး သိန်း ၆၀၀၀ ကျပ်ခန့်) နှင့် ငွေသားကျပ်သိန်း ၂၀၀ တို့အား လုယက်ယူဆောင်သွားကြောင်း ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်အရ သိရသည်။
ရွှေဆိုင်သို့ လာရောက်လုယက်သွားသည့် တရားခံများအား အမြန်ဖမ်းဆီးရရှိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ CCTV မှတ်တမ်းအားကြည့်ရှုပြီး ၎င်းတို့စီးနင်လာသည့် ဆိုင်ကယ်၊ လူပုံသဏ္ဍာန်များအား တိုက်ဆိုင်စစ်ဆေးကာ ရှာဖွေလျက်ရှိကြောင်း သိရသည်။
"ဆယ်သန်း"ရွှေဆိုင်သည် ဆိုင်ခွဲများကို မန်းမြို့ဈေးအတွင်း နှင့် မနော်ဟရီလမ်းတို့တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။
zawgyi version
မန္းၿမိဳ႕ေဈးအတြင္းရွိ "ဆယ္သန္း"ေ႐ႊဆိုင္ ဓားျပတိုက္ခံရ
NP News - ဇန္နဝါရီ ၁၉
မႏၲေလးၿမိဳ႕၊ မန္းၿမိဳ႕ေဈးအတြင္းရွိ "ဆယ္သန္း"ေ႐ႊဆိုင္တြင္ ဓားျပတိုက္မႈျဖစ္ပြားရာ ေ႐ႊႏွစ္ပိႆာ ႏွင့္ ေငြက်ပ္သိန္း (၂ဝဝ)ဝန္းက်င္ကို လုယက္ထြက္ေျပးသြားေၾကာင္းသိရသည္။
ယေန႔(ဇန္နဝါရီလ ၁၉ ရက္)၊ နံနက္ ၈ နာရီဝန္းက်င္ခန႔္က မန္းၿမိဳ႕ေစ်းေတာင္ဘက္ေပါက္ ၃၉ လမ္း၊ ၈၄ x ၈၅ လမ္းၾကားတြင္ ဖြင့္လွစ္ထားေသာ "ဆယ္သန္း"ေ႐ႊဆိုင္သို႔ မ်က္ႏွာဖုံးစြပ္လူတခ်ိဳ႕က ဆိုင္ကယ္ျဖင့္ေရာက္ရွိလာ ၿပီး ဝင္ေရာက္ဓားျပတိုက္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
“လက္စြပ္ျပင္ဖို႔ ဆိုင္ကိုလာတယ္ဆိုၿပီး ေသနတ္နဲ႔ဝန္ထမ္းေတြဆီက ဓားျပတိုက္သြားတာ ။ေ႐ႊႏွစ္ပိႆာေလာက္ရွိတဲ့ လက္ဝတ္လက္စားေတြပါသြားတယ္လို႔ ပါတ္ဝန္းက်င္ကေျပာတယ္။ ဓားျပတိုက္ေနတဲ့အခ်ိန္မွာ ဘယ္သူမွမရိပ္မိဘူး ျပန္ထြက္သြားမွ သိၾကတာ”ဟု မန္ၿမိဳ႕ေဈးအတြင္းမွ ေဒသခံတစ္ဦးက ၎၏လူမႈကြန္ယက္တြင္ ေရးသားထားသည္။
"ဆယ္သန္း"ေ႐ႊဆိုင္သို႔ နံနက္ ၈ နာရီ အခ်ိန္ခန႔္တြင္ အသက္ ၃၀ ႏွစ္ခန႔္ အမ်ိဳးသား ၃ ဦး ဆိုင္ကယ္ျဖင့္ ေရာက္ရွိလာၿပီး ဇန္နဝါရီလ (၇)ရက္က ျပဳလုပ္ထားသည့္ လက္စြပ္အား ျပင္ဆင္လိုေၾကာင္း လိမ္ညာေျပာ ဆိုကာ ဆိုင္အတြင္းရွိ ဝန္ထမ္းမ်ားအား ပစၥတို ေသနတ္ (၁)လက္ျဖင့္ခ်ိန္၍ ဆိုင္အတြင္းမွ ေ႐ႊလက္ေကာက္မ်ိဳးစုံ ၅၀၂ ကြင္း၊ ေ႐ႊဆြဲျပား ၃၆၅ ျပား စုစုေပါင္းအေလးခ်ိန္ (၂)ပိႆာခန႔္ (ကာလတန္ဖိုး သိန္း ၆၀၀၀ က်ပ္ခန႔္) ႏွင့္ ေငြသားက်ပ္သိန္း ၂၀၀ တို႔အား လုယက္ယူေဆာင္သြားေၾကာင္း ရဲတပ္ဖြဲ႕၏ ကနဦးထုတ္ျပန္ခ်က္အရ သိရသည္။
ေ႐ႊဆိုင္သို႔ လာေရာက္လုယက္သြားသည့္ တရားခံမ်ားအား အျမန္ဖမ္းဆီးရရွိႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ CCTV မွတ္တမ္းအားၾကည့္ရႈၿပီး ၎တို႔စီးနင္လာသည့္ ဆိုင္ကယ္၊ လူပုံသ႑ာန္မ်ားအား တိုက္ဆိုင္စစ္ေဆးကာ ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။
"ဆယ္သန္း"ေ႐ႊဆိုင္သည္ ဆိုင္ခြဲမ်ားကို မန္းၿမိဳ႕ေဈးအတြင္း ႏွင့္ မေနာ္ဟရီလမ္းတို႔တြင္ ဖြင့္လွစ္ထားေၾကာင္းသိရသည္။