အင်းတကော်မြို့ရှိ Farmer စက်သုံးဆီဆိုင်ဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းတစ်ဦး မီးလောင်သေဆုံး

 1995

သန့်ဇင်(NP News) - ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ အင်းတကော်မြို့ရှိ Farmer စက်သုံးဆီဆိုင်ဝန်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ဝန်ထမ်းတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း မေတ္တာရွှေစင်ပရဟိတအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(ဇန်နဝါရီလ ၁၉ ရက်)၊ နံနက် ၂နာရီ ၄၀မိနစ်အချိန်တွင် အင်းတကော်မြို့၊ အမှတ်(၅) ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ Farmer စက်သုံးဆီဆိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဆီဘောက်ဆာကားကနေ ဆီကန်ထဲကို ဆီထည့်နေတုန်းမှာ ဆီဆိုင်က ဝန်ထမ်းကောင်လေးက ပြည့်ပြီလားဆိုပြီး ဖုန်းမီးနဲ့ကန်ထဲကို ထိုးကြည့်တာ။ အဲဒီမှာ မီးထလောင်တာပါ”ဟု မေတ္တာရွှေစင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် Farmer စက်သုံးဆီဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သည့် အသက်(၂၀)နှစ်အရွယ် မောင်သန်းထွန်အောင်တွင် မီးလောင်ဒဏ်ရာများရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ဆီဆိုင်က ပထမကန်ကပြီပြီး ဒုတိယကန်ကို ဖြည့်နေတုန်းလောင်တာ။ လူလည်းမီးလောင်တော့ ကင်သလိုဖြစ်ပြီး ဆုံးသွားတယ်။ ဆီကန်ထဲက ဆီတွေလည်း မီး လောင်သွားတယ်။ အများကြီးတော့မဟုတ်ဘူး။ ကားကိုမလောင်လို့တော်သေးတာပေါ့”ဟု ၎င်းကဆက်လက် ပြောသည်။

ထို့ကြောင့် သေဆုံးသူ အမျိုးသားကို မေတ္တာရွှေစင်ပရဟိတအသင်းမှ ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
အင္းတေကာ္ၿမိဳ႕ရွိ Farmer စက္သုံးဆီဆိုင္ဝန္းအတြင္း မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆိုင္ဝန္ထမ္းတစ္ဦး မီးေလာင္ေသဆုံး

သန႔္ဇင္(NP News) - ဇန္နဝါရီ ၁၉

ပဲခူးတိုင္း၊ အင္းတေကာ္ၿမိဳ႕ရွိ Farmer စက္သုံးဆီဆိုင္ဝန္းအတြင္း မီးေလာင္မႈျဖစ္ပြားခဲ့ရာ ဆိုင္ဝန္ထမ္းတစ္ဦး မီးေလာင္ေသဆုံးခဲ့ေၾကာင္း ေမတၱာေ႐ႊစင္ပရဟိတအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(ဇန္နဝါရီလ ၁၉ ရက္)၊ နံနက္ ၂နာရီ ၄၀မိနစ္အခ်ိန္တြင္ အင္းတေကာ္ၿမိဳ႕၊ အမွတ္(၅) ရပ္ကြက္၊ ရန္ကုန္-မႏၲေလး ကားလမ္းေဘးရွိ Farmer စက္သုံးဆီဆိုင္၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဆီေဘာက္ဆာကားကေန ဆီကန္ထဲကို ဆီထည့္ေနတုန္းမွာ ဆီဆိုင္က ဝန္ထမ္းေကာင္ေလးက ျပည့္ၿပီလားဆိုၿပီး ဖုန္းမီးနဲ႔ကန္ထဲကို ထိုးၾကည့္တာ။ အဲဒီမွာ မီးထေလာင္တာပါ”ဟု ေမတၱာေ႐ႊစင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈျဖစ္စဥ္ေၾကာင့္ Farmer စက္သုံးဆီဆိုင္ဝန္ထမ္းတစ္ဦးျဖစ္သည့္ အသက္(၂၀)ႏွစ္အ႐ြယ္ ေမာင္သန္းထြန္ေအာင္တြင္ မီးေလာင္ဒဏ္ရာမ်ားရွိကာ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“ဆီဆိုင္က ပထမကန္ကၿပီၿပီး ဒုတိယကန္ကို ျဖည့္ေနတုန္းေလာင္တာ။ လူလည္းမီးေလာင္ေတာ့ ကင္သလိုျဖစ္ၿပီး ဆုံးသြားတယ္။ ဆီကန္ထဲက ဆီေတြလည္း မီး ေလာင္သြားတယ္။ အမ်ားႀကီးေတာ့မဟုတ္ဘူး။ ကားကိုမေလာင္လို႔ေတာ္ေသးတာေပါ့”ဟု ၎ကဆက္လက္ ေျပာသည္။

ထို႔ေၾကာင့္ ေသဆုံးသူ အမ်ိဳးသားကို ေမတၱာေ႐ႊစင္ပရဟိတအသင္းမွ ပဲခူးျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.