မော်လမြိုင်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

1032
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အမျိုးသားတစ်ဦးဆိုင်ကယ်စီးလာစဉ် စလစ်ဖြစ်၍ တစ်ဖက်ယာဉ်ကြောသို့ရောက်ကာ ကားအားဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၈ ရက်)၊ ည ၈နာရီ ၂၀မိနစ်အချိန်တွင် မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက်၊ ရွှေမြိုင်ဥယျာဉ် အိမ်ယာရှေ့၊ မြို့ရှောင်လမ်းပေါ်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်က မောင်းလာရင်းနဲ့ သူ့ဟာသူ စလစ်ဖြစ်ပြီး တဖက်ကလာတဲ့ ကားကိုဝင်တိုက်တာပါ”ဟု ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆိုင်ကယ်ယာဉ် မောင်းဖြစ်သည့် အသက်(၃၀)နှစ်ဝန်းကျင်အမျိုးသားတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်သမားက ဦးခေါင်းနောက်စေ့ပွင့်သွားတာကြောင့် ပွဲချင်းပြီးဆုံးသွားတယ်။ မိသားစုနဲ့လည်း အဆက်သွယ်ရပါတယ်။ အဲဒီနေရာတွေက ဖြစ်လေ့ရှိတဲ့နေရာတွေပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးအသင်းမှ မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ေမာ္လၿမိဳင္ၿမိဳ႕၌ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၉
မြန္ျပည္နယ္၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦးဆိုင္ကယ္စီးလာစဥ္ စလစ္ျဖစ္၍ တစ္ဖက္ယာဥ္ေၾကာသို႔ေရာက္ကာ ကားအားဝင္တိုက္မႈေၾကာင့္ ဆိုင္ကယ္ေမာင္းသူ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ရာမညအေရးေပၚလူမႈကယ္ဆယ္ေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၁၈ ရက္)၊ ည ၈နာရီ ၂၀မိနစ္အခ်ိန္တြင္ ေမာ္လၿမိဳင္ၿမိဳ႕၊ ေျမနီကုန္းရပ္ကြက္၊ ေ႐ႊၿမိဳင္ဥယ်ာဥ္ အိမ္ယာေရွ႕၊ ၿမိဳ႕ေရွာင္လမ္းေပၚ၌ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“ဆိုင္ကယ္က ေမာင္းလာရင္းနဲ႔ သူ႔ဟာသူ စလစ္ျဖစ္ၿပီး တဖက္ကလာတဲ့ ကားကိုဝင္တိုက္တာပါ”ဟု ရာမညအေရးေပၚလူမႈကယ္ဆယ္ေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ယာဥ္ ေမာင္းျဖစ္သည့္ အသက္(၃၀)ႏွစ္ဝန္းက်င္အမ်ိဳးသားတြင္ ဦးေခါင္းေနာက္ေစ့ ပြင့္ထြက္ဒဏ္ရာျဖင့္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ဆိုင္ကယ္သမားက ဦးေခါင္းေနာက္ေစ့ပြင့္သြားတာေၾကာင့္ ပြဲခ်င္းၿပီးဆုံးသြားတယ္။ မိသားစုနဲ႔လည္း အဆက္သြယ္ရပါတယ္။ အဲဒီေနရာေတြက ျဖစ္ေလ့ရွိတဲ့ေနရာေတြပါ”ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားအား ရာမညအေရးေပၚလူမႈကယ္ဆယ္ေရးအသင္းမွ ေမာ္လၿမိဳင္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။