မြန်မာနိုင်ငံက ရှားပါး ပန်ဒါနီများကို တရားမဝင်လမ်းကြောင်းများကတစ်ဆင့် ရောင်းချနေမှုရှိနေ

 6773

စော(NP News)-ဇန်နဝါရီ ၁၉
မြန်မာနိုင်ငံက ရှားပါး ပန်ဒါနီများကို တရားမဝင်လမ်းကြောင်းများကတစ်ဆင့် ရောင်းချနေမှုများ ရှိနေကြောင်း အဆိုပါပန်ဒါနီများအရေးစောင့်ကြည့်လေ့လာသူတစ်ဦးက NP News ကို ပြောသည်။


မြန်မာနိုင်ငံရှိ ပန်ဒါနီ(ခေါ်) ကြောင်နီ မျိုးစိတ် အကောင်အရေအတွက်မှာ ကျဆင်းနေပြီး မျိုးသုဉ်းလုနီးပါး အန္တရာယ် ကျ‌ရောက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

ပန်ဒါနီ (ခေါ်) ကြောင်နီများသည် ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ တရုတ်နိုင်ငံနယ်စပ်နှင့် အိန္ဒိယနိုင်ငံနယ်စပ်တို့တွင် အဓိကနေထိုင်ပြီး ၎င်းတို့ကို မမြင်နိုင်သည့် ဝါးတောများအတွင်း၌ ကျက်စားနေထိုင်ကြကြောင်းလည်း သိရသည်။

"အဓိကက အဲဒီဘက်မှာ ဒေသခံတွေက ပန်ဒါနီလေးတွေကို မွေးတာလည်း မဟုတ်ဘူး။ ဒီအတိုင်းဖမ်းတယ်၊ သတ်တယ်။ အသားကိုစားတယ်။ ဒါပေမယ့် ပန်ဒါနီတွေက ဈေးကွက်ထဲမှာ အသားကို သိပ်ပြီးရောင်းတာမရှိဘူး။ ဒေသတစ်ဝိုက် စားတာမျိုးရှိတယ်။ တရုတ်ကြတော့ တအားကို ထိန်းသိမ်းရေးတွေလုပ်နေတာ။ တရုတ်နဲ့မြန်မာနယ်စပ် တရုတ်တွေက ပန်ဒါနီကို ဆေးဖော်ဖို့ပဲဖြစ်ဖြစ်၊ ပန်ဒါနီအရေခွံကို ချိတ်ဆွဲဖို့၊ ကြမ်းပြင်မှာ သားရေကိုခင်းဖို့ အဲဒီလိုမျိုးအကြောင်းပြချက်တွေကြောင့် ပန်ဒါနီကို လိုချင်တယ်။ လိုချင်တဲ့အခါမှာ သူတို့နိုင်ငံမှာ ဖမ်းခိုင်းလို့မရဘူး။ အဲဒီအတွက်ကြောင့် မြန်မာနိုင်ငံကနေဝယ်တယ်။ ပြီးရင် တရားမဝင်အောက်လမ်းကြောင်းကနေ သူတို့နိုင်ငံကို သယ်တယ်။ ပြောရမယ်ဆိုရင် သူတို့နိုင်ငံမှာ ကာကွယ်ပြီးတော့ ဒီနိုင်ငံမှာကတော့ ပန်ဒါနီကိုလာပြီးတော့ ဝယ်တယ်။ ပိုက်ဆံရတော့ ဒီဘက်က ဒေသခံလူတွေ၊ မုဆိုးတွေကလည်း ရောင်းတယ်။ အဲဒီလိုမျိုး လည်ပတ်တဲ့အတွက်ကြောင့် ဒီပန်ဒါနီတွေက သေနေတာပါ"ဟု အထက်ပါ စောင့်ကြည့်လေ့လာသူက ဆိုသည်။

အဆိုပါပန်ဒါနီများကို မြန်မာနိုင်ငံ အပါအဝင် နီပေါနိုင်ငံ၊ အန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အဓိကတွေ့နိုင်ကြောင်း သိရသည်။

"ဒီကောင်လေးတွေက အရှေ့တောင်အာရှ(၁၀)နိုင်ငံမှာဆိုရင် မြန်မာမှာပဲရှိတာ ထိုင်းမှာ တောင်မရှိဘူး။ ဒီဟာသာ မြန်မာနိုင်ငံမှာ မရှိဘူးဆိုရင် အခြားနိုင်ငံမှာ သွားကြည့်ရတော့မှာ"ဟု ၎င်းက ထပ်မံပြောသည်။

၎င်းပန်ဒါနီများသည် သိုသိုဝှက်ဝှက်နေတတ်သည့် အကျင့်ရှိသည့်အပြင် ကင်မရာထောင်ချောက်များလည်း မတပ်ဆင်နိုင်သေးသောကြောင့် အကောင်အရေအတွက်ကို တိတိကျကျ မသိရှိရသေးကြောင်း သိရသည်။

Zawgyi Version

ျမန္မာႏိုင္ငံက ရွားပါး ပန္ဒါနီမ်ားကို တရားမဝင္လမ္းေၾကာင္းမ်ားကတစ္ဆင့္ ေရာင္းခ်ေနမႈရွိေန

ေစာ(NP News)-ဇန္နဝါရီ ၁၉
ျမန္မာႏိုင္ငံက ရွားပါး ပန္ဒါနီမ်ားကို တရားမဝင္လမ္းေၾကာင္းမ်ားကတစ္ဆင့္ ေရာင္းခ်ေနမႈမ်ား ရွိေနေၾကာင္း အဆိုပါပန္ဒါနီမ်ားအေရးေစာင့္ၾကည့္ေလ့လာသူတစ္ဦးက NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံရွိ ပန္ဒါနီ(ေခၚ) ေၾကာင္နီ မ်ိဳးစိတ္ အေကာင္အေရအတြက္မွာ က်ဆင္းေနၿပီး မ်ိဳးသုဥ္းလုနီးပါး အႏၲရာယ္ က်‌ေရာက္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

ပန္ဒါနီ (ေခၚ) ေၾကာင္နီမ်ားသည္ ကခ်င္ျပည္နယ္ ေျမာက္ဖ်ားပိုင္း၊ တ႐ုတ္ႏိုင္ငံနယ္စပ္ႏွင့္ အိႏၵိယႏိုင္ငံနယ္စပ္တို႔တြင္ အဓိကေနထိုင္ၿပီး ၎တို႔ကို မျမင္ႏိုင္သည့္ ဝါးေတာမ်ားအတြင္း၌ က်က္စားေနထိုင္ၾကေၾကာင္းလည္း သိရသည္။

"အဓိကက အဲဒီဘက္မွာ ေဒသခံေတြက ပန္ဒါနီေလးေတြကို ေမြးတာလည္း မဟုတ္ဘူး။ ဒီအတိုင္းဖမ္းတယ္၊ သတ္တယ္။ အသားကိုစားတယ္။ ဒါေပမယ့္ ပန္ဒါနီေတြက ေဈးကြက္ထဲမွာ အသားကို သိပ္ၿပီးေရာင္းတာမရွိဘူး။ ေဒသတစ္ဝိုက္ စားတာမ်ိဳးရွိတယ္။ တ႐ုတ္ၾကေတာ့ တအားကို ထိန္းသိမ္းေရးေတြလုပ္ေနတာ။ တ႐ုတ္နဲ႔ျမန္မာနယ္စပ္ တ႐ုတ္ေတြက ပန္ဒါနီကို ေဆးေဖာ္ဖို႔ပဲျဖစ္ျဖစ္၊ ပန္ဒါနီအေရခြံကို ခ်ိတ္ဆြဲဖို႔၊ ၾကမ္းျပင္မွာ သားေရကိုခင္းဖို႔ အဲဒီလိုမ်ိဳးအေၾကာင္းျပခ်က္ေတြေၾကာင့္ ပန္ဒါနီကို လိုခ်င္တယ္။ လိုခ်င္တဲ့အခါမွာ သူတို႔ႏိုင္ငံမွာ ဖမ္းခိုင္းလို႔မရဘူး။ အဲဒီအတြက္ေၾကာင့္ ျမန္မာႏိုင္ငံကေနဝယ္တယ္။ ၿပီးရင္ တရားမဝင္ေအာက္လမ္းေၾကာင္းကေန သူတို႔ႏိုင္ငံကို သယ္တယ္။ ေျပာရမယ္ဆိုရင္ သူတို႔ႏိုင္ငံမွာ ကာကြယ္ၿပီးေတာ့ ဒီႏိုင္ငံမွာကေတာ့ ပန္ဒါနီကိုလာၿပီးေတာ့ ဝယ္တယ္။ ပိုက္ဆံရေတာ့ ဒီဘက္က ေဒသခံလူေတြ၊ မုဆိုးေတြကလည္း ေရာင္းတယ္။ အဲဒီလိုမ်ိဳး လည္ပတ္တဲ့အတြက္ေၾကာင့္ ဒီပန္ဒါနီေတြက ေသေနတာပါ"ဟု အထက္ပါ ေစာင့္ၾကည့္ေလ့လာသူက ဆိုသည္။

အဆိုပါပန္ဒါနီမ်ားကို ျမန္မာႏိုင္ငံ အပါအဝင္ နီေပါႏိုင္ငံ၊ အႏၵိယႏိုင္ငံ၊ ဘူတန္ႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔တြင္ အဓိကေတြ႕ႏိုင္ေၾကာင္း သိရသည္။

"ဒီေကာင္ေလးေတြက အေရွ႕ေတာင္အာရွ(၁၀)ႏိုင္ငံမွာဆိုရင္ ျမန္မာမွာပဲရွိတာ ထိုင္းမွာ ေတာင္မရွိဘူး။ ဒီဟာသာ ျမန္မာႏိုင္ငံမွာ မရွိဘူးဆိုရင္ အျခားႏိုင္ငံမွာ သြားၾကည့္ရေတာ့မွာ"ဟု ၎က ထပ္မံေျပာသည္။

၎ပန္ဒါနီမ်ားသည္ သိုသိုဝွက္ဝွက္ေနတတ္သည့္ အက်င့္ရွိသည့္အျပင္ ကင္မရာေထာင္ေခ်ာက္မ်ားလည္း မတပ္ဆင္ႏိုင္ေသးေသာေၾကာင့္ အေကာင္အေရအတြက္ကို တိတိက်က် မသိရွိရေသးေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.