ချောင်းဆုံမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကလေးငယ်(၂)ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

 593

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် ကလေးငယ်(၂)ဦး ရေကန်အတွင်း ရေဆင်းကူရာမှ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရေနစ်သေဆုံးမှုဖြစ်စဉ်သည် ယမန်နေ့(ဇန်နဝါရီလ ၁၉ရက်)၊ မွန်းလွဲ ၂နာရီခွဲအချိန်တွင် ချောင်းဆုံမြို့နယ်၊ သက္ကာကျေးရွာအနီးရှိ ရေကန်တစ်ခုအတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရေကန်က အိမ်မှာမြေကြီးဖို့တာတွေအတွက် တူးထားတဲ့ ရေကန်ပေါ့။ အနက်က (၁၀)လောက်နက်မယ်။ အဲဒီမှာ ကလေးတွေက ရေဆင်းကူးတာမှာ ရေနစ်ဆုံးသွားကြတာပေါ့” ဟု ဒေသခံအုပ်ချုပ်ရေးမှူးတစ်ဦးက NP Newsကို ပြောသည်။

အဆိုပါရေနစ်သေဆုံးမှုဖြစ်စဉ်ကြောင့် ချောင်းဆုံမြို့နယ်၊ တိုးချဲရပ်ကွက်တွင် နေထိုင်သည့် အသက်(၁၂)နှစ်အရွယ် (၆)တန်းကျောင်းသား (၂)ဦးမှာ ရေနစ်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အရင်က မဖြစ်ဖူးပါဘူး။ ကလေးတွေဆိုတော့လည်း အဲဒီကန်ကို နစ်မှန်း တိမ်မှန်း မသိလို့ဆင်းကူတာပေါ့။ ကျွန်တော်တို့လည်း ကျောင်းတွေမှာဆို ကျောင်းသားမိဘတွေကို ဒီလိုတွေမဖြစ်စေဖို့ ပြောကြားခဲ့တာတွေ ရှိပါတယ်။ အခုလိုတွေမဖြစ်အောင်လည်း မိဘတွေက လွှတ်မထားစေချင်ဘူး” ဟု ၎င်းကအကြံပြုပြောထားသည်။

ထို့ကြောင့် သေဆုံးသူကလေးငယ်(၂)ဦး၏ ရုပ်အလောင်းကို ရွှေမြင့်မိုရ်နာရေးကူညီမှုအသင်းက ချောင်းဆုံမြို့နယ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version

ေခ်ာင္းဆုံၿမိဳ႕နယ္တြင္ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးငယ္(၂)ဦး ေရနစ္ေသဆုံးမႈျဖစ္ပြား

သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၀
မြန္ျပည္နယ္၊ ေခ်ာင္းဆုံၿမိဳ႕နယ္တြင္ ဆယ္ေက်ာ္သက္အ႐ြယ္ ကေလးငယ္(၂)ဦး ေရကန္အတြင္း ေရဆင္းကူရာမွ ေရနစ္ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ေရနစ္ေသဆုံးမႈျဖစ္စဥ္သည္ ယမန္ေန႔(ဇန္နဝါရီလ ၁၉ရက္)၊ မြန္းလြဲ ၂နာရီခြဲအခ်ိန္တြင္ ေခ်ာင္းဆုံၿမိဳ႕နယ္၊ သကၠာေက်း႐ြာအနီးရွိ ေရကန္တစ္ခုအတြင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေရကန္က အိမ္မွာေျမႀကီးဖို႔တာေတြအတြက္ တူးထားတဲ့ ေရကန္ေပါ့။ အနက္က (၁၀)ေလာက္နက္မယ္။ အဲဒီမွာ ကေလးေတြက ေရဆင္းကူးတာမွာ ေရနစ္ဆုံးသြားၾကတာေပါ့” ဟု ေဒသခံအုပ္ခ်ဳပ္ေရးမႉးတစ္ဦးက NP Newsကို ေျပာသည္။

အဆိုပါေရနစ္ေသဆုံးမႈျဖစ္စဥ္ေၾကာင့္ ေခ်ာင္းဆုံၿမိဳ႕နယ္၊ တိုးခ်ဲရပ္ကြက္တြင္ ေနထိုင္သည့္ အသက္(၁၂)ႏွစ္အ႐ြယ္ (၆)တန္းေက်ာင္းသား (၂)ဦးမွာ ေရနစ္ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

“အရင္က မျဖစ္ဖူးပါဘူး။ ကေလးေတြဆိုေတာ့လည္း အဲဒီကန္ကို နစ္မွန္း တိမ္မွန္း မသိလို႔ဆင္းကူတာေပါ့။ ကြၽန္ေတာ္တို႔လည္း ေက်ာင္းေတြမွာဆို ေက်ာင္းသားမိဘေတြကို ဒီလိုေတြမျဖစ္ေစဖို႔ ေျပာၾကားခဲ့တာေတြ ရွိပါတယ္။ အခုလိုေတြမျဖစ္ေအာင္လည္း မိဘေတြက လႊတ္မထားေစခ်င္ဘူး” ဟု ၎ကအႀကံျပဳေျပာထားသည္။

ထို႔ေၾကာင့္ ေသဆုံးသူကေလးငယ္(၂)ဦး၏ ႐ုပ္အေလာင္းကို ေ႐ႊျမင့္မိုရ္နာေရးကူညီမႈအသင္းက ေခ်ာင္းဆုံၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.