ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများကို ယနေ့မှစ၍ စတင်လျှောက်ထားနိုင်

 1766

NP News - ဇန်နဝါရီ ၂၀
ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းလျှောက်လွှာများကို ယနေ့မှစ၍ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရ သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ စစ်ရာထူးခန့်ချုပ်ရုံးက ယနေ့(ဇန်နဝါရီလ ၂၀ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာများကို ယနေ့(ဇန်နဝါရီလ ၂၀ရက်)တွင် တိုင်းစစ်ဌာနချုပ်မှတစ်ဆင့် စတင်ထုတ်ပေးသွားမည်ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၁၈ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူရရှိသည့် တိုင်းစစ်ဌာနချုပ်သို့ အချိန်မီပေးပို့ ကြရမည် ဖြစ်သည်။

ထို့ပြင် လျှောက်ထားလိုသူများသည် အိမ်ထောင်မရှိဖူးသူ(အပျို)ဖြစ်ရမည်ဖြစ်ပြီး အရပ်(၅ ပေ ၃လက်မ)နှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)မှ ပေါင်(၁၃၀)ထက် မကျော်သူဖြစ်ရမည်ဖြစ်ကာ မျက်မှန်မတပ်ဆင်ထားသူဖြစ်ရမည်ဟုလည်း သတ်မှတ်ထားသည်။

အလားတူ အသက်(၂၅)နှစ်ထက်မကျော်လွန်သူရန်လိုအပ်ကာ မဟာဘွဲ့ရရှိပြီးသူများကို အသက်(၂၇)နှစ်အထိ လက်ခံသွားမည်အပြင် ပါရဂူဘွဲ့ရရှိပြီးသူများကို အသက် (၃၀)နှစ်အထိ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးထားသူ ဖြစ်ရမည်ပြီး ဘွဲ့လက်မှတ်(မူရင်း)နှင့် ဘွဲ့ရအမှတ်စာရင်း တင်ပြနိုင်ရန်လိုအပ်ကြောင်းလည်း သိရသည်။

ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူရာတွင် မဟာဘွဲ့တက်ရောက်ရန် အဆင့်မီသူများကို ဦးစားပေးခေါ်ယူသွားမည်ဖြစ်ပြီး မဟာဘွဲ့ရရှိပြီးသူနှင့် ပါရဂူဘွဲ့ရရှိပြီးသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

ယင်းဗိုလ်လောင်းသင်တန်းကို တက်ရောက်အောင်မြင်ပါက ဒုတိယဗိုလ်အဆင့်ကို စတင်ခန့်အပ်သွားမည်ဖြစ်ပြီး မဟာဘွဲ့ရရှိပြီးသူနှင့် ပါရဂူဘွဲ့ရရှိပြီးသူများသည် ဗိုလ်အဆင့် စတင်ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version

ဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္းေလွ်ာက္လႊာမ်ားကို ယေန႔မွစ၍ စတင္ေလွ်ာက္ထားႏိုင္

NP News - ဇန္နဝါရီ ၂၀
ဘြဲ႕ရအမ်ိဳးသမီး ဗိုလ္ေလာင္းေလွ်ာက္လႊာမ်ားကို ယေန႔မွစ၍ စတင္ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း သိရ သည္။

တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)၊ စစ္ရာထူးခန႔္ခ်ဳပ္႐ုံးက ယေန႔(ဇန္နဝါရီလ ၂၀ရက္)တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္အသိေပးထားျခင္းျဖစ္သည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ ေလွ်ာက္လႊာမ်ားကို ယေန႔(ဇန္နဝါရီလ ၂၀ရက္)တြင္ တိုင္းစစ္ဌာနခ်ဳပ္မွတစ္ဆင့္ စတင္ထုတ္ေပးသြားမည္ျဖစ္ၿပီး လာမည့္ ေဖေဖာ္ဝါရီလ ၁၈ရက္ေန႔ ေနာက္ဆုံးထား၍ ေလွ်ာက္လႊာထုတ္ယူရရွိသည့္ တိုင္းစစ္ဌာနခ်ဳပ္သို႔ အခ်ိန္မီေပးပို႔ ၾကရမည္ ျဖစ္သည္။

ထို႔ျပင္ ေလွ်ာက္ထားလိုသူမ်ားသည္ အိမ္ေထာင္မရွိဖူးသူ(အပ်ိဳ)ျဖစ္ရမည္ျဖစ္ၿပီး အရပ္(၅ ေပ ၃လက္မ)ႏွင့္ ကိုယ္အေလးခ်ိန္ ေပါင္(၁၀၀)မွ ေပါင္(၁၃၀)ထက္ မေက်ာ္သူျဖစ္ရမည္ျဖစ္ကာ မ်က္မွန္မတပ္ဆင္ထားသူျဖစ္ရမည္ဟုလည္း သတ္မွတ္ထားသည္။

အလားတူ အသက္(၂၅)ႏွစ္ထက္မေက်ာ္လြန္သူရန္လိုအပ္ကာ မဟာဘြဲ႕ရရွိၿပီးသူမ်ားကို အသက္(၂၇)ႏွစ္အထိ လက္ခံသြားမည္အျပင္ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားကို အသက္ (၃၀)ႏွစ္အထိ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားသည္ တကၠသိုလ္တစ္ခုခုမွ ဘြဲ႕ရရွိၿပီးထားသူ ျဖစ္ရမည္ၿပီး ဘြဲ႕လက္မွတ္(မူရင္း)ႏွင့္ ဘြဲ႕ရအမွတ္စာရင္း တင္ျပႏိုင္ရန္လိုအပ္ေၾကာင္းလည္း သိရသည္။

ဘြဲ႕ရအမ်ိဳးသမီးဗိုလ္ေလာင္းေခၚယူရာတြင္ မဟာဘြဲ႕တက္ေရာက္ရန္ အဆင့္မီသူမ်ားကို ဦးစားေပးေခၚယူသြားမည္ျဖစ္ၿပီး မဟာဘြဲ႕ရရွိၿပီးသူႏွင့္ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားလည္း ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ယင္းဗိုလ္ေလာင္းသင္တန္းကို တက္ေရာက္ေအာင္ျမင္ပါက ဒုတိယဗိုလ္အဆင့္ကို စတင္ခန႔္အပ္သြားမည္ျဖစ္ၿပီး မဟာဘြဲ႕ရရွိၿပီးသူႏွင့္ ပါရဂူဘြဲ႕ရရွိၿပီးသူမ်ားသည္ ဗိုလ္အဆင့္ စတင္ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.