တောင်ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဟောလိုးဝင်းပွဲတော်ဖြစ်ရပ်ဆိုးနှင့်ပတ်သက်ပြီး ဆိုးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ပေါ့ဆမှုဖြင့် စွဲချက်တင်ခံရ

 5978

Pika (NP News) - ဇန်နဝါရီ ၂၁

တောင်ကိုရီးယားနိုင်ငံတွင် ၂ဝ၂၂ ခုနှစ် ဟောလိုးဝင်းပွဲတော်နေ့ကဖြစ်ပွားခဲ့သော လူပေါင်း(၁၆ဝ)နီးပါး သေဆုံး စေခဲ့သည့် လူနင်းမှုနှင့်ပတ်သက်ပြီး ဆိုးလ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲကို ပေါ့ဆမှုဖြင့် စွဲချက်တင်ထားကြောင်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။

၂ဝ၂၂ ခုနှစ် အောက်တိုဘာလ(၂၉)ရက်တွင် အသက်(၂ဝ)နှစ် နှင့် (၃ဝ)နှစ် အများဆုံးပါဝင်သော ထောင်နှင့်ချီသည့် လူများသည် ဟောလိုးဝင်းပွဲတော်ကိုဆင်နွှဲရန်အတွက် အီတေးဝန်ရပ်ကွက်သို့ သွားရောက်ခဲ့ကြသည်။ သို့သော်လည်း ဘားများ နှင့် နိုက်ကလပ်များကြားတွင်ရှိသော ကျဉ်းမြောင်းသည့်လမ်းကြားအတွင်းတွင် လူများ အစုလိုက်အပြုံလိုက် ပိကျကာ လူနင်းမှုများဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း(၁၅ဝ) ကျော် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး ဆိုးလ်မြို့ရဲတပ်ဖွဲ့အကြီးအကဲ ကင်ကွမ်ဟိုကို ပေါ့ဆမှုဖြင့် စွဲချက်တင်ထားကြောင်း ဆိုးလ်မြို့ အနောက်ပိုင်းခရိုင်အစိုးရရှေ့နေရုံးက ထုတ်ပြန်ပြောကြားခဲ့သည်။
ထုတ်ပြန်ချက်တွင် "ရဲတပ်ဖွဲ့အကြီးအကဲအနေနဲ့ ကင်ကွမ်ဟိုဟာ ရဲအရာရှိတွေကို လုံလုံလောက်လောက် ဖြန့်ကျက်ထားခြင်း၊ သင့်လျော်တဲ့အမိန့်ပေးခြင်းနဲ့ ကြီးကြပ်ခြင်းလိုမျိုး လိုအပ်တဲ့အစီအစဉ်တွေကို လုပ်ဆောင်ခဲ့ခြင်းမျိုး မရှိပါဘူး။ ဒီလိုညမျိုးမှာ လူအစုလိုက်အပြုံလိုက်ကြီး ရှိနေတာက အန္တရာယ်တစ်ခုခု ဖြစ်လာနိုင်တယ်ဆိုတာကို သူသိခဲ့ပေမယ့် လိုအပ်တာတွေကို မလုပ်ဆောင်ခဲ့ပါဘူး" ဟု ရေးသားဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး စစ်ဆေးစီရင်မှုများကို ရင်ဆိုင်ရမည့် ရဲတပ်ဖွဲ့အကြီးအကဲကင်ကွမ်ဟိုသည် ဖမ်းဆီးထိန်းသိမ်းခံရခြင်းမျိုးမရှိဘဲ စွဲချက်တင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် တရားရုံးမှာ အမှုရင်ဆိုင်နေရသော Yongsan ရဲစခန်းမှူး၊ Yongsan ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဆိုးလ်မြို့ရဲတပ်ဖွဲ့ အကြီးအကဲ ကင်ကွမ်ဟိုတို့၏ ပေါ့ဆမှုကြောင့် လူ(၁၅၈)ဦးသေဆုံးကာ အခြားလူ(၃၁၂)ဦး ထိခိုက်ဒဏ်ရာရရှိစေခဲ့ သည့် ဟောလိုးဝင်းဖြစ်ရပ်ဆိုး ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် ကင်ကွမ်ဟိုအား စွဲချက်တင်ခြင်းများမပြုလုပ်မီ အစိုးရရှေ့နေများ၏ ရှည်လျားသော ဆုံးဖြတ်ချက် ချမှတ် ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ဝမ်းနည်းမိကြောင်း သေဆုံးသူများ၏ မိသားစုဝင်များက ပြောကြားခဲ့သည်။ အဆိုပါမိသားစုဝင်များ က "ရဲတပ်ဖွဲ့အကြီးအကဲ ကင်ကွမ်ဟိုဟာ သူ့ရဲ့ရာထူးကနေ ချက်ချင်းနှုတ်ထွက်ပြီး တရားရုံးမှာ အမှုရင်ဆိုင်သင့်ပါတယ်။ သမ္မတယွန်ဆက်ယိုလ်ဟာ ကင်ကွမ်ဟိုကို ရာထူးကနေ ချက်ချင်းဖယ်ရှား ပစ်သင့်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
ေတာင္ကိုရီးယားႏိုင္ငံတြင္ ျဖစ္ပြားခဲ့ေသာ ေဟာလိုးဝင္းပြဲေတာ္ျဖစ္ရပ္ဆိုးႏွင့္ပတ္သက္ၿပီး ဆိုးလ္ၿမိဳ႕ရဲတပ္ဖြဲ႕အႀကီးအကဲ ေပါ့ဆမႈျဖင့္ စြဲခ်က္တင္ခံရ
Pika (NP News) - ဇန္နဝါရီ ၂၁

ေတာင္ကိုရီးယားႏိုင္ငံတြင္ ၂ဝ၂၂ ခုႏွစ္ ေဟာလိုးဝင္းပြဲေတာ္ေန႔ကျဖစ္ပြားခဲ့ေသာ လူေပါင္း(၁၆ဝ)နီးပါး ေသဆုံး ေစခဲ့သည့္ လူနင္းမႈႏွင့္ပတ္သက္ၿပီး ဆိုးလ္ၿမိဳ႕ ရဲတပ္ဖြဲ႕အႀကီးအကဲကို ေပါ့ဆမႈျဖင့္ စြဲခ်က္တင္ထားေၾကာင္း အစိုးရေရွ႕ေနမ်ားက ေျပာၾကားခဲ့သည္။

၂ဝ၂၂ ခုႏွစ္ ေအာက္တိုဘာလ(၂၉)ရက္တြင္ အသက္(၂ဝ)ႏွစ္ ႏွင့္ (၃ဝ)ႏွစ္ အမ်ားဆုံးပါဝင္ေသာ ေထာင္ႏွင့္ခ်ီသည့္ လူမ်ားသည္ ေဟာလိုးဝင္းပြဲေတာ္ကိုဆင္ႏႊဲရန္အတြက္ အီေတးဝန္ရပ္ကြက္သို႔ သြားေရာက္ခဲ့ၾကသည္။ သို႔ေသာ္လည္း ဘားမ်ား ႏွင့္ ႏိုက္ကလပ္မ်ားၾကားတြင္ရွိေသာ က်ဥ္းေျမာင္းသည့္လမ္းၾကားအတြင္းတြင္ လူမ်ား အစုလိုက္အၿပဳံလိုက္ ပိက်ကာ လူနင္းမႈမ်ားျဖစ္ပြားခဲ့ၿပီးေနာက္ လူေပါင္း(၁၅ဝ) ေက်ာ္ ေသဆုံးခဲ့ျခင္းျဖစ္သည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး ဆိုးလ္ၿမိဳ႕ရဲတပ္ဖြဲ႕အႀကီးအကဲ ကင္ကြမ္ဟိုကို ေပါ့ဆမႈျဖင့္ စြဲခ်က္တင္ထားေၾကာင္း ဆိုးလ္ၿမိဳ႕ အေနာက္ပိုင္းခ႐ိုင္အစိုးရေရွ႕ေန႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့သည္။
ထုတ္ျပန္ခ်က္တြင္ "ရဲတပ္ဖြဲ႕အႀကီးအကဲအေနနဲ႔ ကင္ကြမ္ဟိုဟာ ရဲအရာရွိေတြကို လုံလုံေလာက္ေလာက္ ျဖန႔္က်က္ထားျခင္း၊ သင့္ေလ်ာ္တဲ့အမိန႔္ေပးျခင္းနဲ႔ ႀကီးၾကပ္ျခင္းလိုမ်ိဳး လိုအပ္တဲ့အစီအစဥ္ေတြကို လုပ္ေဆာင္ခဲ့ျခင္းမ်ိဳး မရွိပါဘူး။ ဒီလိုညမ်ိဳးမွာ လူအစုလိုက္အၿပဳံလိုက္ႀကီး ရွိေနတာက အႏၲရာယ္တစ္ခုခု ျဖစ္လာႏိုင္တယ္ဆိုတာကို သူသိခဲ့ေပမယ့္ လိုအပ္တာေတြကို မလုပ္ေဆာင္ခဲ့ပါဘူး" ဟု ေရးသားေဖာ္ျပထားသည္။

အဆိုပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး စစ္ေဆးစီရင္မႈမ်ားကို ရင္ဆိုင္ရမည့္ ရဲတပ္ဖြဲ႕အႀကီးအကဲကင္ကြမ္ဟိုသည္ ဖမ္းဆီးထိန္းသိမ္းခံရျခင္းမ်ိဳးမရွိဘဲ စြဲခ်က္တင္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။ လက္ရွိအခ်ိန္တြင္ တရား႐ုံးမွာ အမႈရင္ဆိုင္ေနရေသာ Yongsan ရဲစခန္းမႉး၊ Yongsan ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ႏွင့္အတူ ဆိုးလ္ၿမိဳ႕ရဲတပ္ဖြဲ႕ အႀကီးအကဲ ကင္ကြမ္ဟိုတို႔၏ ေပါ့ဆမႈေၾကာင့္ လူ(၁၅၈)ဦးေသဆုံးကာ အျခားလူ(၃၁၂)ဦး ထိခိုက္ဒဏ္ရာရရွိေစခဲ့ သည့္ ေဟာလိုးဝင္းျဖစ္ရပ္ဆိုး ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားေဖာ္ျပထားသည္။

ထို႔အျပင္ ကင္ကြမ္ဟိုအား စြဲခ်က္တင္ျခင္းမ်ားမျပဳလုပ္မီ အစိုးရေရွ႕ေနမ်ား၏ ရွည္လ်ားေသာ ဆုံးျဖတ္ခ်က္ ခ်မွတ္ ျခင္း လုပ္ငန္းစဥ္ႏွင့္ပတ္သက္ၿပီး ဝမ္းနည္းမိေၾကာင္း ေသဆုံးသူမ်ား၏ မိသားစုဝင္မ်ားက ေျပာၾကားခဲ့သည္။ အဆိုပါမိသားစုဝင္မ်ား က "ရဲတပ္ဖြဲ႕အႀကီးအကဲ ကင္ကြမ္ဟိုဟာ သူ႔ရဲ႕ရာထူးကေန ခ်က္ခ်င္းႏႈတ္ထြက္ၿပီး တရား႐ုံးမွာ အမႈရင္ဆိုင္သင့္ပါတယ္။ သမၼတယြန္ဆက္ယိုလ္ဟာ ကင္ကြမ္ဟိုကို ရာထူးကေန ခ်က္ခ်င္းဖယ္ရွား ပစ္သင့္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.