မင်းလှမြို့နယ်တွင် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်

2802

Pearl (NP News) - ဇန်နဝါရီ ၂၁
မင်းလှမြို့နယ်တွင် အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးကို အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇန်နဝါရီ ၂၁ ရက်)၊ နေ့လည်ပိုင်းတွင် ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ အင်းဘုတ်ကုန်းကျေးရွာ နှင့် သဲကောကျေးရွာကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မင်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းထွန်း (၇၂) နှစ် နှင့် ရာအိမ်မှူးဖြစ်သူ ဦးမောင်နိုင်တို့ကို အကြမ်းဖက်အဖွဲ့က အင်းဘုတ်ကုန်းကျေးရွာနှင့် သဲကောကျေးရွာကြားရှိ တံတားပေါ်တွင် အကြမ်းဖက်အမျိုးသား (၂)ဦးက သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ကြောင်း သိရသည်။
"နေ့ခင်းတုန်းက မင်းလှမြို့နယ် အင်းဘုတ်ကုန်းရွာနားမှာ အုပ်ချုပ်ရေးမှူး နဲ့ ရာအိမ်မှူး ပစ်သတ်ခံရပြန်တယ်။ အပစ်ခံရပြီး ဆေးရုံရောက်တော့ ဦးသန်းထွန်းက ဆုံးသွားတယ်လို့ ကြားတယ်။ ရာအိမ်မှူးက ဒဏ်ရာရတယ်။ စိတ်တွေမကောင်းဘူး။ မကြားချင်၊ မပြောချင်တဲ့ စိတ်မချမ်းမြေ့ဖွယ်သတင်းတွေပါ" ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ၎င်းတို့(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူ စဉ် အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းသည် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလတွင်လည်း မင်းလှမြို့နယ်တွင် စမ်းဘုတ်ကျေးရွာ၏ ယာယီအုပ်ချုပ်ရေးမှူးတာဝန်ယူထား သော ဦးတင်ဦးအား မင်းလှမြို့နယ်၊ စမ်းတောင်ကွေ့ကျေးရွာအနီးတွင် အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

Zawgyi Version;
မင္းလွၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ ရာအိမ္မႉးကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္
Pearl (NP News) - ဇန္နဝါရီ ၂၁
မင္းလွၿမိဳ႕နယ္တြင္ အုပ္ခ်ဳပ္ေရးမႉး ႏွင့္ ရာအိမ္မႉးကို အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇန္နဝါရီ ၂၁ ရက္)၊ ေန႔လည္ပိုင္းတြင္ ပဲခူးတိုင္း၊ မင္းလွၿမိဳ႕နယ္၊ အင္းဘုတ္ကုန္းေက်း႐ြာ ႏွင့္ သဲေကာေက်း႐ြာၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
မင္းလွၿမိဳ႕နယ္၊ ထန္းပင္ကုန္းေက်း႐ြာအုပ္စု၏ အုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးသန္းထြန္း (၇၂) ႏွစ္ ႏွင့္ ရာအိမ္မႉးျဖစ္သူ ဦးေမာင္ႏိုင္တို႔ကို အၾကမ္းဖက္အဖြဲ႕က အင္းဘုတ္ကုန္းေက်း႐ြာႏွင့္ သဲေကာေက်း႐ြာၾကားရွိ တံတားေပၚတြင္ အၾကမ္းဖက္အမ်ိဳးသား (၂)ဦးက ေသနတ္ျဖင့္ လုပ္ႀကံပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
"ေန႔ခင္းတုန္းက မင္းလွၿမိဳ႕နယ္ အင္းဘုတ္ကုန္း႐ြာနားမွာ အုပ္ခ်ဳပ္ေရးမႉး နဲ႔ ရာအိမ္မႉး ပစ္သတ္ခံရျပန္တယ္။ အပစ္ခံရၿပီး ေဆး႐ုံေရာက္ေတာ့ ဦးသန္းထြန္းက ဆုံးသြားတယ္လို႔ ၾကားတယ္။ ရာအိမ္မႉးက ဒဏ္ရာရတယ္။ စိတ္ေတြမေကာင္းဘူး။ မၾကားခ်င္၊ မေျပာခ်င္တဲ့ စိတ္မခ်မ္းေျမ့ဖြယ္သတင္းေတြပါ" ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ၎တို႔(၂)ဦးတြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆး႐ုံသို႔ပို႔ေဆာင္၍ ေဆးကုသမႈခံယူ စဥ္ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းထြန္းသည္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ဒီဇင္ဘာလတြင္လည္း မင္းလွၿမိဳ႕နယ္တြင္ စမ္းဘုတ္ေက်း႐ြာ၏ ယာယီအုပ္ခ်ဳပ္ေရးမႉးတာဝန္ယူထား ေသာ ဦးတင္ဦးအား မင္းလွၿမိဳ႕နယ္၊ စမ္းေတာင္ေကြ႕ေက်း႐ြာအနီးတြင္ အၾကမ္းဖက္အဖြဲ႕က ေသနတ္ျဖင့္ လုပ္ႀကံ သတ္ျဖတ္ခဲ့သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့သည္။