ဘန်ကောက်မြို့မှာ ခန္ဓာကိုယ်အပိုင်းပိုင်းခုတ်ဖြတ်ခံရပြီး ရေခဲသေတ္တာအတွင်း ထည့်ထားခံရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိဟု ထိုင်းရဲတပ်ဖွဲ့ပြော

 22643

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိအဆောက်အဦးတစ်ခုရဲ့အခန်းထဲမှာ အပိုင်းပိုင်းခုတ်ဖြတ်အသတ်ခံရကာ ရေခဲသေတ္တာထဲ အထည့်ခံထားရတဲ့ မြန်မာနိုင်ငံသားတစ်ဦးရဲ့ရုပ်အလောင်းကို ဇန်နဝါရီ ၂၁ ရက်က တွေ့ရှိခဲ့တယ် လို့ ဆိုပါတယ်။

လူတစ်ဦး အသတ်ခံရတယ်ဆိုတဲ့သတင်းကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်း Tha Kham ရဲစခန်းမှ တာဝန်ရှိသူများ၊ မူခင်းဆရာဝန်တွေနဲ့ Tha Kham Foundation အမည်ရှိ လူမှုကူညီရေးအသင်းမှ ကယ်ဆယ်ရေးသမားများ စုပေါင်းပြီး အခန်းကိုသွားရောက်စစ်ဆေးခဲ့ရာမှာ အမြင့်ငါးပေရှိ ရေခဲသေတ္တာအတွင်းမှ ခန္ဓာကိုယ်အပိုင်းအစ ခြောက်ပိုင်းနဲ့အတူ လူသတ်ရာမှာ အသုံးပြုတဲ့ ဓါးနှစ်ချောင်းနဲ့ လွှစက်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

အဆိုပါ လေးထပ်တိုက်အဆောက်အဦးရဲ့အခန်းမှာ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသားနဲ့ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အဓိကနေထိုင်ပြီး ၎င်းတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်မယ့်သူတွေကို ခေါ်ယူပေးတဲ့အလုပ်ကို လုပ်ကိုင် နေသူတွေဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား မြအေးဆိုသူက အဆိုပါ ရုပ်အလောင်းကို စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဟာ ဇန်နဝါရီ ၁၈ ရက်က အဆိုပါအခန်းမှာ အခြားမြန်မာနိုင်ငံသား ၄ ဦးနဲ့အတူ နေထိုင်ခဲ့ပြီး ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းမှာ အခန်းက ပြန်လာခဲ့ပြီး အဲဒီအခန်း မှာ စိုင်းကြည် ဆိုသူတစ်ဦးသာ ကျန်ရှိခဲ့ကြောင်း၊ ဇန်နဝါရီ ၁၉ ရက် ည ၁ဝ နာရီကျော်မှာ အခန်းအတွင်းကျန်ခဲ့တဲ့ ၎င်းတို့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ သွားရောက်ခဲ့ချိန်မှာ အိန္ဒိယနိုင်ငံသား Mr. Sundaravel Pakadis Kuma ဆိုသူနဲ့မြန်မာနိုင်ငံသား စိုင်းကြည်ဆိုသူတို့ကို အဆက်သွယ်မရတော့ကြောင်း၊ ထို့အတွက်ကြောင့် အိမ်ရှင်ကို အကြောင်းကြားကာ အခန်းကိုဖျက်ပြီးဝင်ရောက်ချိန်မှာ အလောင်းကို တွေ့မြင်ခဲ့ရကြောင်း ထွက်ဆိုထားပါတယ်။

အဆိုပါပတ်ဝန်းကျင်နေထိုင်သူတစ်ဦးဖြစ်သူ Ms. Kanyarat Pengjam ဆိုသူကလည်း ၎င်းအနေနဲ့ ဇန်နဝါရီ ၁၉ ရက် ညဥ◌့်နက်ပိုင်းက အသက် ၂၃ နှစ်အရွယ်ရှိ အိန္ဒိယနိုင်ငံသား Mr. Sundaravel Pakadis Kuma ဆိုသူကို MG brand အမျိုးအစားကားနဲ့ ထွက်သွားတာကိုတွေ့မြင်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံသားဟာ ထွက်မပြေးခင် မြန်မာနိုင်ငံသားကို သတ်ဖြတ်ကာ ခန္ဓာကိုယ်အပိုင်းပိုင်းလုပ်ပြီး ရေခဲသေတ္တာ ထဲ ထည့်ခဲ့တယ်လို့ ယုံကြည်ကြောင်း အခြားမြန်မာနိုင်ငံသားတွေက ပြောပါတယ်။ အခန်းအတွင်းရှိ ရေချိုးခန်းနဲ့ အိပ်ယာတွေမှာ သွေးစသွေးနတွေနဲ့ လျှပ်စစ်နဲ့အသုံးပြုရတဲ့ လွှစက်တွေကို တွေ့မြင်ခဲ့ရကြောင်း၊ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

အိန္ဒိယနိုင်ငံသားတစ်ဦးဟာ လူသတ်မှုကျူးလွန်ပြီးနောက် ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားဖွယ်ရှိနေပြီး ၎င်းကို ဖမ်းဆီးနိုင်ဖို့ကြိုးပမ်းနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းရဲတပ်ဖွဲ့ဟာ လူသတ်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းကို အတိအကျမသိဘဲ လိင်ပိုင်းဆိုင်ရာကိစ္စအပြင် အခြားကိစ္စအငြင်းပွားရာမှာ လူသတ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version;
ဘန္ေကာက္ၿမိဳ႕မွာ ခႏၶာကိုယ္အပိုင္းပိုင္းခုတ္ျဖတ္ခံရၿပီး ေရခဲေသတၱာအတြင္း ထည့္ထားခံရတဲ့ ျမန္မာႏိုင္ငံသားတစ္ဦးရဲ႕႐ုပ္အေလာင္းကို ရွာေဖြေတြ႕ရွိဟု ထိုင္းရဲတပ္ဖြဲ႕ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၂

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိအေဆာက္အဦးတစ္ခုရဲ႕အခန္းထဲမွာ အပိုင္းပိုင္းခုတ္ျဖတ္အသတ္ခံရကာ ေရခဲေသတၱာထဲ အထည့္ခံထားရတဲ့ ျမန္မာႏိုင္ငံသားတစ္ဦးရဲ႕႐ုပ္အေလာင္းကို ဇန္နဝါရီ ၂၁ ရက္က ေတြ႕ရွိခဲ့တယ္ လို႔ ဆိုပါတယ္။

လူတစ္ဦး အသတ္ခံရတယ္ဆိုတဲ့သတင္းကို လက္ခံရရွိခဲ့ၿပီးေနာက္ ထိုင္း Tha Kham ရဲစခန္းမွ တာဝန္ရွိသူမ်ား၊ မူခင္းဆရာဝန္ေတြနဲ႔ Tha Kham Foundation အမည္ရွိ လူမႈကူညီေရးအသင္းမွ ကယ္ဆယ္ေရးသမားမ်ား စုေပါင္းၿပီး အခန္းကိုသြားေရာက္စစ္ေဆးခဲ့ရာမွာ အျမင့္ငါးေပရွိ ေရခဲေသတၱာအတြင္းမွ ခႏၶာကိုယ္အပိုင္းအစ ေျခာက္ပိုင္းနဲ႔အတူ လူသတ္ရာမွာ အသုံးျပဳတဲ့ ဓါးႏွစ္ေခ်ာင္းနဲ႔ လႊစက္ေတြကိုလည္း ေတြ႕ရွိခဲ့တယ္လို႔ ထိုင္းရဲတပ္ဖြဲ႕ က ေျပာပါတယ္။

အဆိုပါ ေလးထပ္တိုက္အေဆာက္အဦးရဲ႕အခန္းမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသားနဲ႔ အိႏၵိယႏိုင္ငံသား တစ္ဦးတို႔ အဓိကေနထိုင္ၿပီး ၎တို႔ဟာ ထိုင္းႏိုင္ငံမွာ အလုပ္လုပ္မယ့္သူေတြကို ေခၚယူေပးတဲ့အလုပ္ကို လုပ္ကိုင္ ေနသူေတြျဖစ္ေၾကာင္း သိရပါတယ္။ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ျမန္မာႏိုင္ငံသား ျမေအးဆိုသူက အဆိုပါ ႐ုပ္အေလာင္းကို စတင္ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း၊ ၎ဟာ ဇန္နဝါရီ ၁၈ ရက္က အဆိုပါအခန္းမွာ အျခားျမန္မာႏိုင္ငံသား ၄ ဦးနဲ႔အတူ ေနထိုင္ခဲ့ၿပီး ဇန္နဝါရီ ၁၉ ရက္ နံနက္ပိုင္းမွာ အခန္းက ျပန္လာခဲ့ၿပီး အဲဒီအခန္း မွာ စိုင္းၾကည္ ဆိုသူတစ္ဦးသာ က်န္ရွိခဲ့ေၾကာင္း၊ ဇန္နဝါရီ ၁၉ ရက္ ည ၁ဝ နာရီေက်ာ္မွာ အခန္းအတြင္းက်န္ခဲ့တဲ့ ၎တို႔ပစၥည္းေတြကို ျပန္လည္ရယူဖို႔ သြားေရာက္ခဲ့ခ်ိန္မွာ အိႏၵိယႏိုင္ငံသား Mr. Sundaravel Pakadis Kuma ဆိုသူနဲ႔ျမန္မာႏိုင္ငံသား စိုင္းၾကည္ဆိုသူတို႔ကို အဆက္သြယ္မရေတာ့ေၾကာင္း၊ ထို႔အတြက္ေၾကာင့္ အိမ္ရွင္ကို အေၾကာင္းၾကားကာ အခန္းကိုဖ်က္ၿပီးဝင္ေရာက္ခ်ိန္မွာ အေလာင္းကို ေတြ႕ျမင္ခဲ့ရေၾကာင္း ထြက္ဆိုထားပါတယ္။

အဆိုပါပတ္ဝန္းက်င္ေနထိုင္သူတစ္ဦးျဖစ္သူ Ms. Kanyarat Pengjam ဆိုသူကလည္း ၎အေနနဲ႔ ဇန္နဝါရီ ၁၉ ရက္ ညဥ◌့္နက္ပိုင္းက အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ အိႏၵိယႏိုင္ငံသား Mr. Sundaravel Pakadis Kuma ဆိုသူကို MG brand အမ်ိဳးအစားကားနဲ႔ ထြက္သြားတာကိုေတြ႕ျမင္ခဲ့ေၾကာင္း သိရပါတယ္။

အိႏၵိယႏိုင္ငံသားဟာ ထြက္မေျပးခင္ ျမန္မာႏိုင္ငံသားကို သတ္ျဖတ္ကာ ခႏၶာကိုယ္အပိုင္းပိုင္းလုပ္ၿပီး ေရခဲေသတၱာ ထဲ ထည့္ခဲ့တယ္လို႔ ယုံၾကည္ေၾကာင္း အျခားျမန္မာႏိုင္ငံသားေတြက ေျပာပါတယ္။ အခန္းအတြင္းရွိ ေရခ်ိဳးခန္းနဲ႔ အိပ္ယာေတြမွာ ေသြးစေသြးနေတြနဲ႔ လွ်ပ္စစ္နဲ႔အသုံးျပဳရတဲ့ လႊစက္ေတြကို ေတြ႕ျမင္ခဲ့ရေၾကာင္း၊ ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။

အိႏၵိယႏိုင္ငံသားတစ္ဦးဟာ လူသတ္မႈက်ဴးလြန္ၿပီးေနာက္ ထိုင္းႏိုင္ငံကေန ထြက္ေျပးသြားဖြယ္ရွိေနၿပီး ၎ကို ဖမ္းဆီးႏိုင္ဖို႔ႀကိဳးပမ္းေနေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာပါတယ္။
ထိုင္းရဲတပ္ဖြဲ႕ဟာ လူသတ္မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းကို အတိအက်မသိဘဲ လိင္ပိုင္းဆိုင္ရာကိစၥအျပင္ အျခားကိစၥအျငင္းပြားရာမွာ လူသတ္မႈက်ဴးလြန္ခဲ့ျခင္းျဖစ္ဖြယ္ရွိေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.