အီရန်၏ ပါကစ္စတန် အပါအဝင် အိမ်နီးချင်းနှင့် ဒေသအတွင်းနိုင်ငံများ၏ စစ်ပွဲ နောက်ကွယ်အကြောင်းရင်းများ (ဘာသာပြန်ဆောင်းပါး)

 647

Htay Oung (NP News) - ဇန်နဝါရီ ၂၂

ယခုသီတင်းပတ်အတွင်း အီရန်နိုင်ငံဟာ အီရတ်၊ ဆီးရီးယားနဲ့ ပါကစ္စတန်စတဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံ သုံးနိုင်ငံကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ကိုယ်စားပြု ယီမင်ဟူသီတို့က အမေရိကန်နဲ့ အနောက် အုပ်စုတို့ရဲ့အကျိုးစီးပွားများအပြင် အစ္စရေးကို ပစ်မှတ်ထားတဲ့တိုက်ခိုက်နေခိုက် အီရန်ရဲ့ယခုလိုပြုမူခြင်းဟာ အရှေ့အလယ်ပိုင်းနဲ့ အခြားဒေသများသို့တိုင် ပြန့်နှံ့သွားနိုင်တဲ့ပဋိပက္ခအဖြစ် နိုင်ငံတကာက စိုးရိမ်လျက်ရှိကြောင်း Reuters က ယမန်နေ့ရေးသားပါတယ်။

လွန်ခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်မှာ အီရန်ဟာ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံ ဘလိုချီစတန်ပြည်နယ်အတွင်း ရော့ ကက်-ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်ခဲ့ပါတယ်။ ပါကစ္စတန်နယ်မြေအတွင်း ခိုအောင်းလျက်ရှိတဲ့ အီရန်ဆန့်ကျင် ရေး ဂျိုင်းရှ်_အူလ်_အဒူလ် ဆွန်နီစစ်သွေးကြွ ဘလိုချီခွဲထွက်ရေးသမားတွေကို ပစ်မှတ်ထားကြောင်း တီဟီရန်က ပြောပေမယ့် ကလေးငယ်နှစ်ဦး သေဆုံးရတဲ့ အီရန်ရဲ့တိုက်ခိုက်မှုဟာ မိမိနိုင်ငံရဲ့ဝေဟင်အချုပ်အအခြာအာဏာပိုင် ခြင်းကို ချိုးဖောက်ရာရောက်တယ်လို့ ပါကစ္စတန်က ရှုတ်ချခဲ့ပါတယ်။ တစ်ရက်ကျော်အကြာ ဇန်နဝါရီ ၁၈ ရက်မှာ အလားတူ ဘလိုချီ ခွဲထွက်ရေးသူပုန်များကို ပစ်မှတ်ထားကြောင်း ပါကစ္စတန်က ကြေညာပြီး အီရန်နိုင်ငံ ဘလိုချီစတန်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ လက်တုန့်ပြန်တဲ့အတွက် ကလေးငယ် ၄ ဦး၊ အမျိုးသမီး ၃ ဦး နဲ့ နိုင်ငံခြားသား ၉ ဦးတို့ သေဆုံးခဲ့ရတယ်လို့ တီဟီရန်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်ရခြင်းဟာ လွန်ခဲ့တဲ့ ဇန်နဝါလ ၃ရက် အီရန်နိုင်ငံ ကာမန်မြို့ ကာဆင်စူလမန်နီ အောက်မေ့ဖွယ်အခမ်းအနားကျင်းပစဉ် ဗုံးဖောက်ခွဲမှုမှာ တာ၀န်ရှိတဲ့ အိုင်အက်စ် (ခေါ်) အစ္စလာမ်မစ်စတိတ် အကြမ်းဖက်သမားများကို ပစ်မှတ်ထားခြင်းဖြစ်တယ်လို့ တီဟီရန်က ကြေညာပါတယ်။ ကာဆင်စူလမန်နီဟာ အမေရိကန်နဲ့ အစ္စရေးဆန့်ကျင်ရေး အာရပ်ကမ္ဘာကိုယ်စားပြုတိုက်ခိုက်ရေးသမားတွေကို ဦးဆောင်နေသူ အီရန် လျှို့ဝှက်ပြည်ပစစ်ဆင်ရေးအထူးတပ်မှူးဖြစ်ပြီး ၂ဝ၂ဝ ပြည့်နှစ် အီရတ်ဘဂ္ဂဒက်လေဆိပ်အထွက်မှာ အမေရိကန်က ဒရုန်းအသုံးပြုလုပ်ကြံခြင်းကြောင့် ကျဆုံးခဲ့ရပါတယ်။

အလားတူ သူတို့ရဲ့အီရတ်နိုင်ငံအတွင်း တိုက်ခိုက်မှုဟာ အစ္စရေးထောက်လှမ်းရေးနေရာများဖြစ်ကြောင်း၊ မော့ ဆက်သူလျှိုများဟာ လက်ဘနွန်နဲ့ ဆီးရီးယားရှိ တီဟီရန်မဟာမိတ် လက်ဘနွန်ပြည်သူ့စစ် ဟဇ်ဘိုလာမှ အ ရေးပါအဖွဲ့ဝင်များနဲ့ အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်များကို သတ်ဖြတ်ခဲ့ကြောင်း အီရန်က ပြောပေ မယ့် စွဲချက်ကို ဘဂ္ဂဒက်က ငြင်းဆိုပါတယ်။

အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များ သေဆုံးခဲ့တဲ့ ဒီဇင်ဘာတိုက်ခိုက်မှုမှာ တာ၀န်ရှိသူ ပါကစ္စတန်အခြေစိုက် ဂျိုင်းရှ် အူလ်အဒူလ် ဘလိုချီခွဲထွက်ရေးစစ်သွေးကြွတို့ရဲ့ စခန်း ၂ ခုကို ဖျက်ဆီးခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါ တယ်။ ပါကစ္စတန်ကလည်း တီဟီရန်ရဲ့လုပ်ရပ်ကို လက်တုန့်ပြန်သောအားဖြင့် ဘလိုချီ ခွဲထွက်ရေး စစ်သွေးကြွ တွေကို ပစ်မှတ်ထားတယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံနယ်မြေအတွင်း တိုက်ခိုက်ခဲ့ရာ အီရန်လုံခြုံရေးတပ်သားများ သေဆုံးခဲ့ရပါတယ်။

၂ဝဝ၃ ခုနှစ် အမေရိကန်ရဲ့အီရတ်ကျူးကျော်မှုနောက်ပိုင်း အီရန်နိုင်ငံဟာ အာရပ်နိုင်ငံအတော်များများမှာ သူ့ ကိုယ်စားပြုလက်နက်ကိုင်များကို လျှို့ဝှက်ပြည်ပစစ်ဆင်ရေးအထူးတပ်မှူး ကာဆင်စူလမန်နီရဲ့ ကြိုးကိုင်လမ်း ညွှန်မှုနဲ့ ကြားခံအဖြစ် နှစ်ပေါင်းများစွာ မွေးမြူလှုပ်ရှားခဲ့ပါတယ်။

သူ့နိုင်ငံဟာ အစ္စရေးနဲ့ အမေရိကန် ဆန့်ကျင်ရေးလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံနေခြင်း မှန်ကန် ပေမယ့် အဲဒီလိုကိုယ်စားပြုလက်နက်ကိုင်များနဲ့ တိုက်ခိုက်ဖို့ ညွှန်ကြားခဲ့ဖူးခြင်း မရှိကြောင်း အီရန်က ငြင်းဆိုပါ တယ်။ ဒါပေမယ့် အီရန်ရဲ့လက်နက်များနဲ့ သူတို့လေ့ကျင့်ထောက်ပံ့ပေးထားသူတို့ဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း ပျံ့နှံနေကြောင်း တွေ့ရပါတယ်။

အီရန်ဟာ ဂါဇာကမ်းမြှောင်အတွင်း ပါလက်စတိုင်း ဟားမတ်စ်တို့နဲ့ ဂျီဟတ်ဝါဒီစစ်သွေးကြွတွေကို ထောက်ခံပါ တယ်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်မီးပွားစ တစ်ခုဖြစ်တဲ့ အောက်တိုဘာ ၇ ရက် အစ္စရေးနိုင်ငံအတွင်း တိုက် ခိုက်မှုမှာလည်း ပါ၀င်ပတ်သက်နေပါတယ်။ အစ္စရေးသိမ်းပိုက်မှု ဆန့်ကျင်ရေးပါလက်စတိုင်း ခုခံစစ်မှာ အတက်ကြွ ဆုံးအဖြစ် ရပ်တည်နေပါတယ်။

အီရတ်နိုင်ငံကို အမေရိကန်သိမ်းပိုက်ထားစဉ်အတွင်း အီရန်ဟာ အီရတ်ရှိ ရှီးယိုက်စစ်သွေးကြွများကို အထောက် အပံ့ပေးခဲ့ပြီး ချိတ်ဆက်မှုများ ဆက်လက်ပြုလုပ်နေပါတယ်။ ဘဂ္ဂဒက်က ဒဏ်ခတ်ပ်ိတ်ဆို့ထားတဲ့ အင်အား ၁၅၀,၀၀၀ ရှိ “လူထုစည်းရုံးရေးတပ် “ PMF ခေါ် အီရတ်စစ်တစ်ပိုင်းလက်နက်ကိုင်များဟာ အီရန် အပေါ်သစ္စာခံပြီး တီဟီရန်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ PMF တို့ဟာ အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် စစ်စခန်းများကို ဒုံးကျည်များနဲ့ ပစ်ခတ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံဟာ အီရတ်နဲ့ လက်ဘနွန်ကြားရှိ အီရန်ကိုယ်စားပြု လက်နက်ကိုင်များအတွက် အဓိက လမ်း ကြောင်းဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစစ်စတင်ဖြစ်ပွားခဲ့တဲ့ ဆီးရီးယားဟာ သမ္မတ ဘာရှာ_အယ်လ် _အာဆတ်ကို ကျားကန်ပေးဖို့အတွက် အီရန်ဟာ အီရတ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့မှ စစ်အကြံပေးများ၊ တိုက်ခိုက်ရေးသမားများကို ဖြန့်ချထားနိုင်ဖို့ ကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ဘနွန်ပြည်သူ့စစ် ဟစ်ဇ် ဘိုလာတို့ဟာ အာဆတ် အာဏာတည်မြဲရေးအတွက် ပါ၀င်တိုက်ခိုက်ပေးနေပြီး ဆီးရီးယားနိုင်ငံတဝှမ်းလုံးမှာ တပ်စွဲထားဆဲဖြစ်ပါတယ်။

လက်ဘနွန်မှာ ဟစ်ဇ်ဘိုလာတို့ဟာ အီရန်ရဲ့သစ္စာအရှိဆုံး စစ်သွေးကြွမဟာမိတ်ဖြစ်ပါတယ်။ အစ္စရေးကို တိုက်ခိုက် ဖို့အတွက် ၁၉၈ဝ ပြည့်လွန်နှစ်များအတွင်း လက်ဘနွန်မှာ ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့စစ်များဖြစ်ပါတယ်။ ခေတ်မီ စစ်လက်နက်များ သောင်းနဲ့ချီတဲ့ရော့ကက်များကို ပိုင်ဆိုင်ပြီး ဆီးရီးယားစစ်မြေပြင် ဆွန်နီအစ္စလာမ်မစ်နဲ့ ယှဉ်ပြိုင်စစ်တိုက်ခဲ့ဖူးတဲ့အတွေ့အကြုံနဲ့ လေ့ကျင့်သားပြည့်ဝသူများဖြစ်ပါတယ်။ လက်ရှိဟစ်ဇ်ဘိုလာ တို့ဟာ လက်ဘနွန်နယ်စပ်တစ်လျှောက် အစ္စရေးတို့နဲ့ တိုက်ခိုက်နေပါတယ်။

ယီမင်ရှိ ဟူသီအုပ်စုဟာ ယီမင်နိုင်ငံ နယ်မြေအများအပြားကို သိမ်းပိုက်ခဲ့ပြီး စစ်ဒဏ်ကြောင့် ပြာပုံဖြစ်နေတဲ့ ပင်လယ်ကွေ့နိုင်ငံကို လွှမ်းမိုးရန်အတွက် ၂ဝ၁၄ ခုနှစ်မှာ ဆော်ဒီကျောထောက်နောက်ခံပြု ယီမင်အစိုးရကို ဆန့်ကျင်တိုက်ခိုက်ခဲ့ပါတယ်။ ရှီယိုက် အီရန်ဟာ သူ့ရဲ့ပင်လယ်ကွေ့ပြိုင်ဘက် ဆွန်နီဆော်ဒီကို တိုက်ခိုက်ရာမှာ ဟူသီများကို ပထမဆုံး ကျောထောက်နောက်ခံပေးခဲ့ပါတယ်။ ဟူသီအဖွဲ့ရဲ့တရားဝင်အမည်ဖြစ်တဲ့ အန်ဆာ အလ္လာဟ်တို့ဟာ ယခုအခါ အစ္စရေးနဲ့ပင်လယ်နီရေပြင်ရှိ ကုန်သွယ်ရေကြောင်းသင်္ဘောများနဲ့ ရေနံတင်သင်္ဘော များကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့အတွက် ယီမင်ရှိ ဟူသီပစ်မှတ်များကို အမေရိကန်နဲ့ ညွန့်ပေါင်းရေတပ်က တိုက်ခိုက်နေပါတယ်။

အီရန်ရဲ့ယခုတိုက်ခိုက်မှုဟာ အစ္စရေး-ဂါဇာစစ်ပွဲနဲ့ သွယ်ဝှိုက်ဆက်စပ်နေပါတယ်။ အစ္စရေးရဲ့ ဗုံးကြဲ တိုက် ခိုက်မှုနဲ့ ဂါဇာကို ကျူးကျော်ရာမှာ ရန်သူနဲ့ ပူးပေါင်းသူများအပေါ် တီဟီရန်ကိုယ်စားပြု “ခုခံ ရေး_၀င်ရိုးတန်း” တို့ရဲ့ လက်တုန့်ပြန်ခြင်းဖြစ်ပြီး ပါလက်စတိုင်းတို့အပေါ် အစ္စရေးရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်မှသာ ဟူသီ၊ ဟစ်ဇ် ဘိုလာနဲ့ အခြားအုပ်စုများက သူတို့ရဲ့တိုက်ခိုက်မှုများကို ရပ်တန့်မှာဖြစ်ကြောင်း ညွှန်ပြနေပါတယ်။

အီရန်နဲ့ သူ့နိုင်ငံကိုယ်စားပြုလက်နက်ကိုင်တို့အနေနဲ့ ဂါဇာကမ်းမြောင်ဒေသ အစ္စရေးဗုံးကြဲတိုက်ခိုက်မှုကို ရပ်တန့် ရန်နဲ့ ဒေသအတွင်းမှ အမေရိကန်တပ်များကို အပြီးတိုင်မောင်းထုတ်ရန် ရည်မှန်းချက်မှာ တူညီကြပါတယ်။ အဲဒါအပြင် သူတို့မှာ သက်ဆိုင်ရာဒေသအလိုက် အကျိုးစီးပွားတွေ ရှိနေပါတယ်။
ဟစ်ဇဘိုလာအဖွဲ့ဟာ လက်ဘနွန်မှာ သြဇာအာဏာအရှိဆုံးအဖွဲ့ဖြစ်ပြီး အချုပ်အနှောင်မရှိတဲ့ စီးပွားရေးစနစ်နဲ့ ရပ်တည်နေပါတယ်။ သူ့ပြည်တွင်းရပ်တည်ချက်ကို စိန်ခေါ်ရာရောက်တဲ့ အစ္စရေးနဲ့ အကြိတ်အနယ်စစ် ခင်းဖို့အထိ တော့ ရှောင်ရှားလိုပါတယ်။

ဟူသီတို့ကတော့ ယီမင်တစ်နိုင်ငံလုံးကို ချုပ်ကိုင်ထားရန် ကြိုးပမ်းနေပြီး သူတို့ရဲ့စစ်ရေးစွမ်းရည်နဲ့ ဒေသအတွင်း အရေးပါသူများဖြစ်ကြောင်း အခိုင်အမာဖော်ပြဖို့အတွက် စစ်ပွဲကို နောက်ဆုံးနည်းလမ်းအဖြစ် အသုံး ပြုနေတယ်လို့ လေ့လာသူများက ယုံကြည်ပါတယ်။ ဒီနေရာမှာ ဟူသီတို့ရဲ့လုပ်ရပ်များအပေါ် အီရန်ရဲ့ထိန်းချုပ်မှု အတိုင်းအတာ ဟာ ငြင်းခုံစရာဖြစ်နေပါတယ်။

PMF တွေကတော့ အီရတ်နိုင်ငံရဲ့ စီးပွားရေးမှာ ကျယ်ပြန့်တဲ့ အစိတ်အပိုင်းများကို လွှမ်းမိုးထားခြင်းဖြင့် ဘဏ္ဍာ ငွေကြေးတောင့်တင်းသူများဖြစ်နေပါတယ်။ အီရန်အပေါ် သစ္စာစောင့်သိသော အုပ်စုများဟာ တီဟီရန်ရဲ့ အမိန့် ကို လိုက်နာကြပေမယ့် အခြားသူတို့ရဲ့ငွေကြေးနဲ့ အာဏာအပေါ် ငမ်းငမ်းတက်ခြင်းက အီရတ်နိုင်ငံအတွင်း PMF အဖွဲ့တစ်ခုလုံးအနေနဲ့ လွှမ်းမိုးချုပ်ကိုင်မှုကို နှောင့်နှေးစေတယ်လို့ ယုံကြည်ရပါတယ်။

အီရန်နိုင်ငံမှာလည်း ပြည်တွင်းပြဿနာများရှိနေပါတယ်။ ၂၀၂၂-၂၀၂၃ ခုနှစ် ဆန္ဒပြမှုတွေဟာ တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး အစိုးရအနေနဲ့ ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းရတဲ့ အဖြစ်ကို ရောက်ရှိသွားပါတယ်။ ဂျိုင်းရှ် အူလ် အဒူလ် ဆွန်နီစစ်သွေးကြွတွေသောင်းကျန်းမှုနဲ့ ကာမန်မြို့ ဗုံးပေါက်ကွဲမှုတွေဟာ ပြည်တွင်း လုံခြုံရေးနဲ့ပတ်သက် လို့ နိုင်နင်းစွာကိုင်တွယ်နိုင်ခြင်း ရှိ-မရှိ အဖြေပေးရတော့မှာ ဖြစ်ပါတယ်။

မကြာသေးမီနှစ်များအတွင်း ရုရှားနဲ့ အီရန်တို့ဟာ အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှုများအောက် နိုင်ငံတကာ အထီးကျန် ဘဝတူများအဖြစ် ဝါရှင်တန်ရဲ့ကမ္ဘာ့လွှမ်းမိုးမှုကို ဆန့်ကျင်ခဲ့ကြပါတယ်ည်။ ယူကရိန်းမြို့တွေကို ချေမှုန်းဖို့ အီရန်က မော်စကိုကို ဒရုန်းတွေ ထောက်ပံ့ပေးနေပြီး နှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့မဟာမိတ်သမ္မတ အာဆတ်ကို ကယ်တင်ဖို့ ဆီးရီးယားအရေးမှာ ပါ၀င်ပတ်သက်နေပါတယ်။ အီရန်-ပါကစ္စတန် စစ်ပွဲဖြစ်ပွားမှုအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း ရုရှားက ထုတ်ဖော်ပြောဆိုပြီး တီဟီရန်နဲ့ အစ္စလာမာဘတ်တို့အကြား ကွဲလွဲမှုများကို သံခင်းတမန်ခင်းအရ ဖြေရှင်းရန် တောင်းဆိုထားပါတယ်။

အီရန်အနေနဲ့ အမေရိကန် သို့မဟုတ် အစ္စရေးနဲ့ တိုက်ရိုက်စစ်ရေးအရ ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလို ကြောင်း အနောက်နိုင်ငံများနဲ့ ဒေသတွင်းနိုင်ငံရေးလေ့လာသူတို့က အခိုင်အမာယုံကြည်ကြပါတယ်။ ဒါပေမယ့် ရန်သူရဲ့ စစ်ဘက်နှစ်ခုလုံးကို ဒေသတွင်း ထိန်းထားနိုင်ဖို့အတွက် ကိုယ်စားပြုလက်နက်ကိုင်အုပ်စုများကို အသုံးချဖွယ် ရှိနေ ပါတယ်။ ဒီနေရာမှာ အန္တရာယ်အကြီးဆုံးက အီရန်နဲ့ သူ့ကိုယ်စားပျြုအုပ်စုများက တစ်ဖက် (သို့မဟုတ်) အမေရိကန်နဲ့ သူရဲ့မဟာမိတ်များက မှားယွင်းစွာ တွက်ချက်မှုကြောင့် အမေရိကန်စစ်သားများ သေဆုံးရတဲ့ တိုက်ခိုက်မှုမျိုးဖြစ်လာခဲ့ရင် အရှေ့အလယ်ပိုင်းပဋိပက္ခဟာ စစ်မီးတောက်အဖြစ် အချိန်မရွေး ပြောင်းလဲနိုင်ပါ တယ်။
#အီရန်နှင့်အိမ်နီးချင်းနိုင်ငံများပဋိပက္ခ #လူထုစည်းရုံးရေးတပ် #PMF #ဂျိုင်းရ်ှအူလ်အဒူလ်ဆွန်နီစစ်သွေးကြွ
(Reuters., 19 January 2024,” What is behind Iran-Pakistan attacks and could conflict escalate?” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
အီရန္၏ ပါကစၥတန္ အပါအဝင္ အိမ္နီးခ်င္းႏွင့္ ေဒသအတြင္းႏိုင္ငံမ်ား၏ စစ္ပြဲ ေနာက္ကြယ္အေၾကာင္းရင္းမ်ား (ဘာသာျပန္ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၂၂

ယခုသီတင္းပတ္အတြင္း အီရန္ႏိုင္ငံဟာ အီရတ္၊ ဆီးရီးယားနဲ႔ ပါကစၥတန္စတဲ့ အိမ္နီးခ်င္းနဲ႔ ေဒသတြင္းႏိုင္ငံ သုံးႏိုင္ငံကို ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ အီရန္ကိုယ္စားျပဳ ယီမင္ဟူသီတို႔က အေမရိကန္နဲ႔ အေနာက္ အုပ္စုတို႔ရဲ႕အက်ိဳးစီးပြားမ်ားအျပင္ အစၥေရးကို ပစ္မွတ္ထားတဲ့တိုက္ခိုက္ေနခိုက္ အီရန္ရဲ႕ယခုလိုျပဳမူျခင္းဟာ အေရွ႕အလယ္ပိုင္းနဲ႔ အျခားေဒသမ်ားသို႔တိုင္ ျပန႔္ႏွံ႔သြားႏိုင္တဲ့ပဋိပကၡအျဖစ္ ႏိုင္ငံတကာက စိုးရိမ္လ်က္ရွိေၾကာင္း Reuters က ယမန္ေန႔ေရးသားပါတယ္။

လြန္ခဲ့တဲ့ ဇန္နဝါရီလ ၁၆ ရက္မွာ အီရန္ဟာ အိမ္နီးခ်င္း ပါကစၥတန္ႏိုင္ငံ ဘလိုခ်ီစတန္ျပည္နယ္အတြင္း ေရာ့ ကက္-ဒ႐ုန္းမ်ားအသုံးျပဳၿပီး တိုက္ခိုက္ခဲ့ပါတယ္။ ပါကစၥတန္နယ္ေျမအတြင္း ခိုေအာင္းလ်က္ရွိတဲ့ အီရန္ဆန္႔က်င္ ေရး ဂ်ိဳင္းရွ္_အူလ္_အဒူလ္ ဆြန္နီစစ္ေသြးႂကြ ဘလိုခ်ီခြဲထြက္ေရးသမားေတြကို ပစ္မွတ္ထားေၾကာင္း တီဟီရန္က ေျပာေပမယ့္ ကေလးငယ္ႏွစ္ဦး ေသဆုံးရတဲ့ အီရန္ရဲ႕တိုက္ခိုက္မႈဟာ မိမိႏိုင္ငံရဲ႕ေဝဟင္အခ်ဳပ္အအျခာအာဏာပိုင္ ျခင္းကို ခ်ိဳးေဖာက္ရာေရာက္တယ္လို႔ ပါကစၥတန္က ရႈတ္ခ်ခဲ့ပါတယ္။ တစ္ရက္ေက်ာ္အၾကာ ဇန္နဝါရီ ၁၈ ရက္မွာ အလားတူ ဘလိုခ်ီ ခြဲထြက္ေရးသူပုန္မ်ားကို ပစ္မွတ္ထားေၾကာင္း ပါကစၥတန္က ေၾကညာၿပီး အီရန္ႏိုင္ငံ ဘလိုခ်ီစတန္ျပည္အတြင္း ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ လက္တုန္႔ျပန္တဲ့အတြက္ ကေလးငယ္ ၄ ဦး၊ အမ်ိဳးသမီး ၃ ဦး နဲ႔ ႏိုင္ငံျခားသား ၉ ဦးတို႔ ေသဆုံးခဲ့ရတယ္လို႔ တီဟီရန္က ေျပာပါတယ္။

ဆီးရီးယားႏိုင္ငံအတြင္း တိုက္ခိုက္ရျခင္းဟာ လြန္ခဲ့တဲ့ ဇန္နဝါလ ၃ရက္ အီရန္ႏိုင္ငံ ကာမန္ၿမိဳ႕ ကာဆင္စူလမန္နီ ေအာက္ေမ့ဖြယ္အခမ္းအနားက်င္းပစဥ္ ဗုံးေဖာက္ခြဲမႈမွာ တာ၀န္ရွိတဲ့ အိုင္အက္စ္ (ေခၚ) အစၥလာမ္မစ္စတိတ္ အၾကမ္းဖက္သမားမ်ားကို ပစ္မွတ္ထားျခင္းျဖစ္တယ္လို႔ တီဟီရန္က ေၾကညာပါတယ္။ ကာဆင္စူလမန္နီဟာ အေမရိကန္နဲ႔ အစၥေရးဆန္႔က်င္ေရး အာရပ္ကမာၻကိုယ္စားျပဳတိုက္ခိုက္ေရးသမားေတြကို ဦးေဆာင္ေနသူ အီရန္ လွ်ိဳ႕ဝွက္ျပည္ပစစ္ဆင္ေရးအထူးတပ္မႉးျဖစ္ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ အီရတ္ဘဂၢဒက္ေလဆိပ္အထြက္မွာ အေမရိကန္က ဒ႐ုန္းအသုံးျပဳလုပ္ႀကံျခင္းေၾကာင့္ က်ဆုံးခဲ့ရပါတယ္။

အလားတူ သူတို႔ရဲ႕အီရတ္ႏိုင္ငံအတြင္း တိုက္ခိုက္မႈဟာ အစၥေရးေထာက္လွမ္းေရးေနရာမ်ားျဖစ္ေၾကာင္း၊ ေမာ့ ဆက္သူလွ်ိဳမ်ားဟာ လက္ဘႏြန္နဲ႔ ဆီးရီးယားရွိ တီဟီရန္မဟာမိတ္ လက္ဘႏြန္ျပည္သူ႔စစ္ ဟဇ္ဘိုလာမွ အ ေရးပါအဖြဲ႕ဝင္မ်ားနဲ႔ အစၥလာမ္မစ္ေတာ္လွန္ေရး အေစာင့္တပ္မ်ားကို သတ္ျဖတ္ခဲ့ေၾကာင္း အီရန္က ေျပာေပ မယ့္ စြဲခ်က္ကို ဘဂၢဒက္က ျငင္းဆိုပါတယ္။

အီရန္လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ေသဆုံးခဲ့တဲ့ ဒီဇင္ဘာတိုက္ခိုက္မႈမွာ တာ၀န္ရွိသူ ပါကစၥတန္အေျခစိုက္ ဂ်ိဳင္းရွ္ အူလ္အဒူလ္ ဘလိုခ်ီခြဲထြက္ေရးစစ္ေသြးႂကြတို႔ရဲ႕ စခန္း ၂ ခုကို ဖ်က္ဆီးခဲ့ေၾကာင္း အီရန္ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပပါ တယ္။ ပါကစၥတန္ကလည္း တီဟီရန္ရဲ႕လုပ္ရပ္ကို လက္တုန္႔ျပန္ေသာအားျဖင့္ ဘလိုခ်ီ ခြဲထြက္ေရး စစ္ေသြးႂကြ ေတြကို ပစ္မွတ္ထားတယ္ဆိုၿပီး အိမ္နီးခ်င္းႏိုင္ငံနယ္ေျမအတြင္း တိုက္ခိုက္ခဲ့ရာ အီရန္လုံၿခဳံေရးတပ္သားမ်ား ေသဆုံးခဲ့ရပါတယ္။

၂ဝဝ၃ ခုႏွစ္ အေမရိကန္ရဲ႕အီရတ္က်ဴးေက်ာ္မႈေနာက္ပိုင္း အီရန္ႏိုင္ငံဟာ အာရပ္ႏိုင္ငံအေတာ္မ်ားမ်ားမွာ သူ႔ ကိုယ္စားျပဳလက္နက္ကိုင္မ်ားကို လွ်ိဳ႕ဝွက္ျပည္ပစစ္ဆင္ေရးအထူးတပ္မႉး ကာဆင္စူလမန္နီရဲ႕ ႀကိဳးကိုင္လမ္း ၫႊန္မႈနဲ႔ ၾကားခံအျဖစ္ ႏွစ္ေပါင္းမ်ားစြာ ေမြးျမဴလႈပ္ရွားခဲ့ပါတယ္။

သူ႔ႏိုင္ငံဟာ အစၥေရးနဲ႔ အေမရိကန္ ဆန႔္က်င္ေရးလုပ္ရပ္မ်ားကို က်ယ္က်ယ္ျပန႔္ျပန႔္ ေထာက္ခံေနျခင္း မွန္ကန္ ေပမယ့္ အဲဒီလိုကိုယ္စားျပဳလက္နက္ကိုင္မ်ားနဲ႔ တိုက္ခိုက္ဖို႔ ၫႊန္ၾကားခဲ့ဖူးျခင္း မရွိေၾကာင္း အီရန္က ျငင္းဆိုပါ တယ္။ ဒါေပမယ့္ အီရန္ရဲ႕လက္နက္မ်ားနဲ႔ သူတို႔ေလ့က်င့္ေထာက္ပံ့ေပးထားသူတို႔ဟာ အေရွ႕အလယ္ပိုင္း ေဒသအတြင္း ပ်ံ႕ႏွံေနေၾကာင္း ေတြ႕ရပါတယ္။

အီရန္ဟာ ဂါဇာကမ္းေျမႇာင္အတြင္း ပါလက္စတိုင္း ဟားမတ္စ္တို႔နဲ႔ ဂ်ီဟတ္ဝါဒီစစ္ေသြးႂကြေတြကို ေထာက္ခံပါ တယ္။ လက္ရွိ အေရွ႕အလယ္ပိုင္း စစ္မီးပြားစ တစ္ခုျဖစ္တဲ့ ေအာက္တိုဘာ ၇ ရက္ အစၥေရးႏိုင္ငံအတြင္း တိုက္ ခိုက္မႈမွာလည္း ပါ၀င္ပတ္သက္ေနပါတယ္။ အစၥေရးသိမ္းပိုက္မႈ ဆန႔္က်င္ေရးပါလက္စတိုင္း ခုခံစစ္မွာ အတက္ႂကြ ဆုံးအျဖစ္ ရပ္တည္ေနပါတယ္။

အီရတ္ႏိုင္ငံကို အေမရိကန္သိမ္းပိုက္ထားစဥ္အတြင္း အီရန္ဟာ အီရတ္ရွိ ရွီးယိုက္စစ္ေသြးႂကြမ်ားကို အေထာက္ အပံ့ေပးခဲ့ၿပီး ခ်ိတ္ဆက္မႈမ်ား ဆက္လက္ျပဳလုပ္ေနပါတယ္။ ဘဂၢဒက္က ဒဏ္ခတ္ပ္ိတ္ဆို႔ထားတဲ့ အင္အား ၁၅၀,၀၀၀ ရွိ “လူထုစည္း႐ုံးေရးတပ္ “ PMF ေခၚ အီရတ္စစ္တစ္ပိုင္းလက္နက္ကိုင္မ်ားဟာ အီရန္ အေပၚသစၥာခံၿပီး တီဟီရန္နဲ႔ နီးကပ္တဲ့ဆက္ဆံေရးရွိပါတယ္။ PMF တို႔ဟာ အီရတ္နဲ႔ ဆီးရီးယားရွိ အေမရိကန္ စစ္စခန္းမ်ားကို ဒုံးက်ည္မ်ားနဲ႔ ပစ္ခတ္ခဲ့ၿပီး အႀကိမ္ေပါင္းမ်ားစြာ တိုက္ခိုက္ခဲ့ပါတယ္။
ဆီးရီးယားႏိုင္ငံဟာ အီရတ္နဲ႔ လက္ဘႏြန္ၾကားရွိ အီရန္ကိုယ္စားျပဳ လက္နက္ကိုင္မ်ားအတြက္ အဓိက လမ္း ေၾကာင္းျဖစ္ပါတယ္။ ၂ဝ၁၁ ခုႏွစ္မွာ ျပည္တြင္းစစ္စတင္ျဖစ္ပြားခဲ့တဲ့ ဆီးရီးယားဟာ သမၼတ ဘာရွာ_အယ္လ္ _အာဆတ္ကို က်ားကန္ေပးဖို႔အတြက္ အီရန္ဟာ အီရတ္၊ ပါကစၥတန္နဲ႔ အာဖဂန္နစၥတန္တို႔မွ စစ္အႀကံေပးမ်ား၊ တိုက္ခိုက္ေရးသမားမ်ားကို ျဖန္႔ခ်ထားႏိုင္ဖို႔ ၾကားဝင္ေဆာင္႐ြက္ေပးခဲ့ပါတယ္။ လက္ဘႏြန္ျပည္သူ႔စစ္ ဟစ္ဇ္ ဘိုလာတို႔ဟာ အာဆတ္ အာဏာတည္ၿမဲေရးအတြက္ ပါ၀င္တိုက္ခိုက္ေပးေနၿပီး ဆီးရီးယားႏိုင္ငံတဝွမ္းလုံးမွာ တပ္စြဲထားဆဲျဖစ္ပါတယ္။

လက္ဘႏြန္မွာ ဟစ္ဇ္ဘိုလာတို႔ဟာ အီရန္ရဲ႕သစၥာအရွိဆုံး စစ္ေသြးႂကြမဟာမိတ္ျဖစ္ပါတယ္။ အစၥေရးကို တိုက္ခိုက္ ဖို႔အတြက္ ၁၉၈ဝ ျပည့္လြန္ႏွစ္မ်ားအတြင္း လက္ဘႏြန္မွာ ဖြဲ႕စည္းခဲ့တဲ့ ျပည္သူ႔စစ္မ်ားျဖစ္ပါတယ္။ ေခတ္မီ စစ္လက္နက္မ်ား ေသာင္းနဲ႔ခ်ီတဲ့ေရာ့ကက္မ်ားကို ပိုင္ဆိုင္ၿပီး ဆီးရီးယားစစ္ေျမျပင္ ဆြန္နီအစၥလာမ္မစ္နဲ႔ ယွဥ္ၿပိဳင္စစ္တိုက္ခဲ့ဖူးတဲ့အေတြ႕အႀကဳံနဲ႔ ေလ့က်င့္သားျပည့္ဝသူမ်ားျဖစ္ပါတယ္။ လက္ရွိဟစ္ဇ္ဘိုလာ တို႔ဟာ လက္ဘႏြန္နယ္စပ္တစ္ေလွ်ာက္ အစၥေရးတို႔နဲ႔ တိုက္ခိုက္ေနပါတယ္။

ယီမင္ရွိ ဟူသီအုပ္စုဟာ ယီမင္ႏိုင္ငံ နယ္ေျမအမ်ားအျပားကို သိမ္းပိုက္ခဲ့ၿပီး စစ္ဒဏ္ေၾကာင့္ ျပာပုံျဖစ္ေနတဲ့ ပင္လယ္ေကြ႕ႏိုင္ငံကို လႊမ္းမိုးရန္အတြက္ ၂ဝ၁၄ ခုႏွစ္မွာ ေဆာ္ဒီေက်ာေထာက္ေနာက္ခံျပဳ ယီမင္အစိုးရကို ဆန႔္က်င္တိုက္ခိုက္ခဲ့ပါတယ္။ ရွီယိုက္ အီရန္ဟာ သူ႔ရဲ႕ပင္လယ္ေကြ႕ၿပိဳင္ဘက္ ဆြန္နီေဆာ္ဒီကို တိုက္ခိုက္ရာမွာ ဟူသီမ်ားကို ပထမဆုံး ေက်ာေထာက္ေနာက္ခံေပးခဲ့ပါတယ္။ ဟူသီအဖြဲ႕ရဲ႕တရားဝင္အမည္ျဖစ္တဲ့ အန္ဆာ အလႅာဟ္တို႔ဟာ ယခုအခါ အစၥေရးနဲ႔ပင္လယ္နီေရျပင္ရွိ ကုန္သြယ္ေရေၾကာင္းသေဘၤာမ်ားနဲ႔ ေရနံတင္သေဘၤာ မ်ားကို ဒုံးက်ည္မ်ားျဖင့္ ပစ္ခတ္ခဲ့အတြက္ ယီမင္ရွိ ဟူသီပစ္မွတ္မ်ားကို အေမရိကန္နဲ႔ ၫြန္႔ေပါင္းေရတပ္က တိုက္ခိုက္ေနပါတယ္။

အီရန္ရဲ႕ယခုတိုက္ခိုက္မႈဟာ အစၥေရး-ဂါဇာစစ္ပြဲနဲ႔ သြယ္ဝႈိက္ဆက္စပ္ေနပါတယ္။ အစၥေရးရဲ႕ ဗုံးႀကဲ တိုက္ ခိုက္မႈနဲ႔ ဂါဇာကို က်ဴးေက်ာ္ရာမွာ ရန္သူနဲ႔ ပူးေပါင္းသူမ်ားအေပၚ တီဟီရန္ကိုယ္စားျပဳ “ခုခံ ေရး_၀င္႐ိုးတန္း” တို႔ရဲ႕ လက္တုန္႔ျပန္ျခင္းျဖစ္ၿပီး ပါလက္စတိုင္းတို႔အေပၚ အစၥေရးရဲ႕ထိုးစစ္ဆင္မႈကို ရပ္တန႔္မွသာ ဟူသီ၊ ဟစ္ဇ္ ဘိုလာနဲ႔ အျခားအုပ္စုမ်ားက သူတို႔ရဲ႕တိုက္ခိုက္မႈမ်ားကို ရပ္တန႔္မွာျဖစ္ေၾကာင္း ၫႊန္ျပေနပါတယ္။

အီရန္နဲ႔ သူ႔ႏိုင္ငံကိုယ္စားျပဳလက္နက္ကိုင္တို႔အေနနဲ႔ ဂါဇာကမ္းေျမာင္ေဒသ အစၥေရးဗုံးႀကဲတိုက္ခိုက္မႈကို ရပ္တန႔္ ရန္နဲ႔ ေဒသအတြင္းမွ အေမရိကန္တပ္မ်ားကို အၿပီးတိုင္ေမာင္းထုတ္ရန္ ရည္မွန္းခ်က္မွာ တူညီၾကပါတယ္။ အဲဒါအျပင္ သူတို႔မွာ သက္ဆိုင္ရာေဒသအလိုက္ အက်ိဳးစီးပြားေတြ ရွိေနပါတယ္။
ဟစ္ဇဘိုလာအဖြဲ႕ဟာ လက္ဘႏြန္မွာ ၾသဇာအာဏာအရွိဆုံးအဖြဲ႕ျဖစ္ၿပီး အခ်ဳပ္အေႏွာင္မရွိတဲ့ စီးပြားေရးစနစ္နဲ႔ ရပ္တည္ေနပါတယ္။ သူ႔ျပည္တြင္းရပ္တည္ခ်က္ကို စိန္ေခၚရာေရာက္တဲ့ အစၥေရးနဲ႔ အႀကိတ္အနယ္စစ္ ခင္းဖို႔အထိ ေတာ့ ေရွာင္ရွားလိုပါတယ္။

ဟူသီတို႔ကေတာ့ ယီမင္တစ္ႏိုင္ငံလုံးကို ခ်ဳပ္ကိုင္ထားရန္ ႀကိဳးပမ္းေနၿပီး သူတို႔ရဲ႕စစ္ေရးစြမ္းရည္နဲ႔ ေဒသအတြင္း အေရးပါသူမ်ားျဖစ္ေၾကာင္း အခိုင္အမာေဖာ္ျပဖို႔အတြက္ စစ္ပြဲကို ေနာက္ဆုံးနည္းလမ္းအျဖစ္ အသုံး ျပဳေနတယ္လို႔ ေလ့လာသူမ်ားက ယုံၾကည္ပါတယ္။ ဒီေနရာမွာ ဟူသီတို႔ရဲ႕လုပ္ရပ္မ်ားအေပၚ အီရန္ရဲ႕ထိန္းခ်ဳပ္မႈ အတိုင္းအတာ ဟာ ျငင္းခုံစရာျဖစ္ေနပါတယ္။

PMF ေတြကေတာ့ အီရတ္ႏိုင္ငံရဲ႕ စီးပြားေရးမွာ က်ယ္ျပန႔္တဲ့ အစိတ္အပိုင္းမ်ားကို လႊမ္းမိုးထားျခင္းျဖင့္ ဘ႑ာ ေငြေၾကးေတာင့္တင္းသူမ်ားျဖစ္ေနပါတယ္။ အီရန္အေပၚ သစၥာေစာင့္သိေသာ အုပ္စုမ်ားဟာ တီဟီရန္ရဲ႕ အမိန႔္ ကို လိုက္နာၾကေပမယ့္ အျခားသူတို႔ရဲ႕ေငြေၾကးနဲ႔ အာဏာအေပၚ ငမ္းငမ္းတက္ျခင္းက အီရတ္ႏိုင္ငံအတြင္း PMF အဖြဲ႕တစ္ခုလုံးအေနနဲ႔ လႊမ္းမိုးခ်ဳပ္ကိုင္မႈကို ေႏွာင့္ေႏွးေစတယ္လို႔ ယုံၾကည္ရပါတယ္။

အီရန္ႏိုင္ငံမွာလည္း ျပည္တြင္းျပႆနာမ်ားရွိေနပါတယ္။ ၂၀၂၂-၂၀၂၃ ခုႏွစ္ ဆႏၵျပမႈေတြဟာ တစ္ႏိုင္ငံလုံး ပ်ံ႕ႏွံ႔သြားၿပီး အစိုးရအေနနဲ႔ ရက္စက္ၾကမ္းၾကဳတ္စြာ ၿဖိဳခြင္းရတဲ့ အျဖစ္ကို ေရာက္ရွိသြားပါတယ္။ ဂ်ိဳင္းရွ္ အူလ္ အဒူလ္ ဆြန္နီစစ္ေသြးႂကြေတြေသာင္းက်န္းမႈနဲ႔ ကာမန္ၿမိဳ႕ ဗုံးေပါက္ကြဲမႈေတြဟာ ျပည္တြင္း လုံၿခဳံေရးနဲ႔ပတ္သက္ လို႔ ႏိုင္နင္းစြာကိုင္တြယ္ႏိုင္ျခင္း ရွိ-မရွိ အေျဖေပးရေတာ့မွာ ျဖစ္ပါတယ္။

မၾကာေသးမီႏွစ္မ်ားအတြင္း ႐ုရွားနဲ႔ အီရန္တို႔ဟာ အေမရိကန္ရဲ႕ပိတ္ဆို႔အေရးယူမႈမ်ားေအာက္ ႏိုင္ငံတကာ အထီးက်န္ ဘဝတူမ်ားအျဖစ္ ဝါရွင္တန္ရဲ႕ကမာၻ႔လႊမ္းမိုးမႈကို ဆန႔္က်င္ခဲ့ၾကပါတယ္ည္။ ယူကရိန္းၿမိဳ႕ေတြကို ေခ်မႈန္းဖို႔ အီရန္က ေမာ္စကိုကို ဒ႐ုန္းေတြ ေထာက္ပံ့ေပးေနၿပီး ႏွစ္ႏိုင္ငံစလုံးဟာ သူတို႔ရဲ႕မဟာမိတ္သမၼတ အာဆတ္ကို ကယ္တင္ဖို႔ ဆီးရီးယားအေရးမွာ ပါ၀င္ပတ္သက္ေနပါတယ္။ အီရန္-ပါကစၥတန္ စစ္ပြဲျဖစ္ပြားမႈအေပၚ ထိတ္လန႔္တုန္လႈပ္မိေၾကာင္း ႐ုရွားက ထုတ္ေဖာ္ေျပာဆိုၿပီး တီဟီရန္နဲ႔ အစၥလာမာဘတ္တို႔အၾကား ကြဲလြဲမႈမ်ားကို သံခင္းတမန္ခင္းအရ ေျဖရွင္းရန္ ေတာင္းဆိုထားပါတယ္။

အီရန္အေနနဲ႔ အေမရိကန္ သို႔မဟုတ္ အစၥေရးနဲ႔ တိုက္႐ိုက္စစ္ေရးအရ ထိပ္တိုက္ေတြ႕မႈကို ေရွာင္ရွားလို ေၾကာင္း အေနာက္ႏိုင္ငံမ်ားနဲ႔ ေဒသတြင္းႏိုင္ငံေရးေလ့လာသူတို႔က အခိုင္အမာယုံၾကည္ၾကပါတယ္။ ဒါေပမယ့္ ရန္သူရဲ႕ စစ္ဘက္ႏွစ္ခုလုံးကို ေဒသတြင္း ထိန္းထားႏိုင္ဖို႔အတြက္ ကိုယ္စားျပဳလက္နက္ကိုင္အုပ္စုမ်ားကို အသုံးခ်ဖြယ္ ရွိေန ပါတယ္။ ဒီေနရာမွာ အႏၲရာယ္အႀကီးဆုံးက အီရန္နဲ႔ သူ႔ကိုယ္စားပ်ျုအုပ္စုမ်ားက တစ္ဖက္ (သို႔မဟုတ္) အေမရိကန္နဲ႔ သူရဲ႕မဟာမိတ္မ်ားက မွားယြင္းစြာ တြက္ခ်က္မႈေၾကာင့္ အေမရိကန္စစ္သားမ်ား ေသဆုံးရတဲ့ တိုက္ခိုက္မႈမ်ိဳးျဖစ္လာခဲ့ရင္ အေရွ႕အလယ္ပိုင္းပဋိပကၡဟာ စစ္မီးေတာက္အျဖစ္ အခ်ိန္မေ႐ြး ေျပာင္းလဲႏိုင္ပါ တယ္။
#အီရန္ႏွင့္အိမ္နီးခ်င္းႏိုင္ငံမ်ားပဋိပကၡ #လူထုစည္း႐ုံးေရးတပ္ #PMF #ဂ်ိဳင္းရ္ွအူလ္အဒူလ္ဆြန္နီစစ္ေသြးႂကြ

(Reuters., 19 January 2024,” What is behind Iran-Pakistan attacks and could conflict escalate?” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.