တရုတ်၏ မိုးပျံပူဖောင်း(၆)လုံး၊ စစ်သင်္ဘောများနှင့် စစ်လေယာဉ်များကို ကျွန်းအနီးတွင် တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အစိုးရပြော

509

Pika (NP News) - ဇန်နဝါရီ ၂၂
ထိုင်ဝမ်ကျွန်းမြောက်ဘက်လေပိုင်နက်ကို တရုတ်၏ မိုးပျံပူဖောင်း(၆)လုံး ဖြတ်ကျော်ပျံသန်းဝင်ရောက်လာခဲ့ ကြောင်း ထိုင်ဝမ်အစိုးရက ဇန်နဝါရီလ(၂၂)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့အပြင် တရုတ်စစ်လေယာဉ်များ နှင့် ရေတပ်သင်္ဘောများကိုလည်း အဆိုပါဧရိယာအတွင်းတွင် တွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ထပ်မံပြောကြားခဲ့သည်။ တရုတ်အစိုးရသည် ပစိဖိတ်သမုဒ္ဒရာအတွင်းတွင် ပျောက်ကွယ်သွား သော အဆိုပါမိုးပျံပူဖောင်းများ စေလွှတ်နေရခြင်း၏ ရည်ရွယ်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်းမျိုး မရှိသော်လည်း ထိုင်ဝမ်ပိုက်နက်အတွင်းသို့ တရုတ်မိုးပျံပူဖောင်းများ ဖြတ်ကျော်ဝင်ရောက်လာသည့် အကြိမ်အရေ အတွက်မှာ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။
ထိုင်ဝမ်အနီးတစ်ဝိုက်ရှိ ရေပိုင်နက်နှင့် လေပိုင်နက်အတွင်း တရုတ်၏စစ်ရေးလှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် မိုးပျံပူဖောင်းများစေလွှတ်နေခြင်းကို ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုခဲ့ကြောင်းလည်း သိရသည်။ မိုးပျံပူဖောင်းတစ်လုံးသည် တောင်ဘက်ရှိ Pingtung မြို့အနီးကို ဖြတ်သန်းသွားခဲ့ပြီး အခြားမိုးပျံ ပူဖောင်းများမှာ Keelung ဆိပ်ကမ်း၏ မြောက်ဘက်သို့ ပျံသန်းသွားခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန က ပြောကြားခဲ့သည်။
Keelung ဆိပ်ကမ်းသည် ထိုင်ဝမ်၏ အရေးပါသော ရေတပ်အခြေစိုက်စခန်း ရှိသည့်နေရာဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ မိုးပျံပူဖောင်းများတွင် တိကျပြတ်သားသော စစ်ရေးလုပ်ဆောင်မှု ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်းလည်း သိရသည်။
သို့သော်လည်း မိုးပျံပူဖောင်းများ စေလွှတ်ခြင်းမှာ ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းရန်အတွက် လိုအပ်ပါက အင်အားသုံးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည့် တရုတ်နိုင်ငံ၏ စစ်ရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပုံ ပေါ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထိုင်ဝမ်တွင် သမ္မတရွေးကောက်ပွဲကို ယခုလ အစောပိုင်းတွင်ကျင်းပကာ သမ္မတအသစ်ကိုရွေးချယ်ပြီးနောက် တရုတ်သည် ထိုင်ဝမ်ကျွန်းအပေါ် စစ်ရေး နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version;
တ႐ုတ္၏ မိုးပ်ံပူေဖာင္း(၆)လုံး၊ စစ္သေဘၤာမ်ားႏွင့္ စစ္ေလယာဥ္မ်ားကို ကြၽန္းအနီးတြင္ ေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္ အစိုးရေျပာ
Pika (NP News) - ဇန္နဝါရီ ၂၂
ထိုင္ဝမ္ကြၽန္းေျမာက္ဘက္ေလပိုင္နက္ကို တ႐ုတ္၏ မိုးပ်ံပူေဖာင္း(၆)လုံး ျဖတ္ေက်ာ္ပ်ံသန္းဝင္ေရာက္လာခဲ့ ေၾကာင္း ထိုင္ဝမ္အစိုးရက ဇန္နဝါရီလ(၂၂)ရက္တြင္ ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔အျပင္ တ႐ုတ္စစ္ေလယာဥ္မ်ား ႏွင့္ ေရတပ္သေဘၤာမ်ားကိုလည္း အဆိုပါဧရိယာအတြင္းတြင္ ေတြ႕ရွိခဲ့ေၾကာင္း ထိုင္ဝမ္အစိုးရက ထပ္မံေျပာၾကားခဲ့သည္။ တ႐ုတ္အစိုးရသည္ ပစိဖိတ္သမုဒၵရာအတြင္းတြင္ ေပ်ာက္ကြယ္သြား ေသာ အဆိုပါမိုးပ်ံပူေဖာင္းမ်ား ေစလႊတ္ေနရျခင္း၏ ရည္႐ြယ္ခ်က္ကို လူသိရွင္ၾကား ထုတ္ျပန္ေၾကညာျခင္းမ်ိဳး မရွိေသာ္လည္း ထိုင္ဝမ္ပိုက္နက္အတြင္းသို႔ တ႐ုတ္မိုးပ်ံပူေဖာင္းမ်ား ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ အႀကိမ္အေရ အတြက္မွာ ပိုမိုျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
ထိုင္ဝမ္အနီးတစ္ဝိုက္ရွိ ေရပိုင္နက္ႏွင့္ ေလပိုင္နက္အတြင္း တ႐ုတ္၏စစ္ေရးလႈပ္ရွားမႈတစ္စိတ္တစ္ပိုင္းအျဖစ္ မိုးပ်ံပူေဖာင္းမ်ားေစလႊတ္ေနျခင္းကို ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျပာဆိုခဲ့ေၾကာင္းလည္း သိရသည္။ မိုးပ်ံပူေဖာင္းတစ္လုံးသည္ ေတာင္ဘက္ရွိ Pingtung ၿမိဳ႕အနီးကို ျဖတ္သန္းသြားခဲ့ၿပီး အျခားမိုးပ်ံ ပူေဖာင္းမ်ားမွာ Keelung ဆိပ္ကမ္း၏ ေျမာက္ဘက္သို႔ ပ်ံသန္းသြားခဲ့ေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာန က ေျပာၾကားခဲ့သည္။
Keelung ဆိပ္ကမ္းသည္ ထိုင္ဝမ္၏ အေရးပါေသာ ေရတပ္အေျခစိုက္စခန္း ရွိသည့္ေနရာျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါ မိုးပ်ံပူေဖာင္းမ်ားတြင္ တိက်ျပတ္သားေသာ စစ္ေရးလုပ္ေဆာင္မႈ ရွိ/မရွိ ဆိုသည့္အခ်က္ကို လက္ရွိအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးေၾကာင္းလည္း သိရသည္။
သို႔ေသာ္လည္း မိုးပ်ံပူေဖာင္းမ်ား ေစလႊတ္ျခင္းမွာ ထိုင္ဝမ္ႏွင့္ျပန္လည္ေပါင္းစည္းရန္အတြက္ လိုအပ္ပါက အင္အားသုံးသြားမည္ျဖစ္ေၾကာင္း ေျပာဆိုထားသည့္ တ႐ုတ္ႏိုင္ငံ၏ စစ္ေရးလႈပ္ရွားမႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ပုံ ေပၚေၾကာင္း ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။ ထိုင္ဝမ္တြင္ သမၼတေ႐ြးေကာက္ပြဲကို ယခုလ အေစာပိုင္းတြင္က်င္းပကာ သမၼတအသစ္ကိုေ႐ြးခ်ယ္ၿပီးေနာက္ တ႐ုတ္သည္ ထိုင္ဝမ္ကြၽန္းအေပၚ စစ္ေရး ႏွင့္ ႏိုင္ငံေရးအရ ဖိအားေပးမႈမ်ားကို ပိုမိုအရွိန္ျမႇင့္လုပ္ေဆာင္လာခဲ့ေၾကာင္းလည္း သိရသည္။