မြဝတီ-ဘားအံ လမ်းကြောင်းကို အိမ်စီးကားများဖြင့်သာ သွားလာနေရ

 2424

NP News - ဇန်နဝါရီ ၂၃

မြဝတီ-ဘားအံလမ်းကြောင်းတွင် ကုန်ကားနှင့်ဘတ်စ် ကားများ သွားလာနိုင်ခြင်းမရှိဘဲ အိမ်စီးကားများဖြင့် လူများသာအဓိက သွားလာနေရကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်-မြဝတီနယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်နိုင်ခြင်းမရှိဘဲ လတ်တလောတွင် ရန်ကုန်မှဘားအံအထိသာကုန်တင်ကားနှင့် ဘတ်စ်ကားများသွားလာနိုင်ပြီး ဘားအံ - မြဝတီကို အိမ်စီးကားများဖြင့် သွားလာနေကြောင်း နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များထံမှသိရသည်။

“မြဝတီကနေဘားအံကို ပြန်ဆင်းလာတာ လမ်းမှာတင်ကိုးနာရီလောက်ကြာတယ်။ အာရှလမ်းက အကုန်လုံးသုံးလို့မရသလို ဒေါနတောင်လမ်းကလဲ လုံခြုံရေးအရ သွားလို့မရဘူး။ အခုတော့လူဘဲ အဓိကသွားနေရတယ်” ဟု ဘာအံမြို့ခံ ကိုထင်လင်းက NP News ကို ပြောသည်။

မြဝတီ-ဘားအံ ကားခသည် ကားအမျိုးအစားပေါ်မူတည်ကာ လူတစ်ဦးလျှင် တစ်သိန်းကျပ်ဝန်းကျင်ပေါက်ဈေးရှိကြောင်းသိရသည်။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့အဓိကတင်ပို့သောကုန်စည်များဖြစ်သည့် ပြောင်းဖူးဆံနှင့်ရေ ထွက်ကုန်များသည် မြဝတီလမ်းကြောင်းအစား ရန်ကုန် သီလဝါဆိပ်ကမ်းမှ သင်္ဘောများဖြင့်‌ပြောင်းလဲ တင်ပို့နေသည်မှာ နှစ်လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်းသိရသည်။

မြဝတီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် မြန်မာ တစ်နိုင်ငံလုံးမှဆောင်ရွက်နေသည့် နယ်စပ်ကုန်သွယ် ရေးပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ရှိပြီး လက်ရှိတွင် တိုက်ပွဲများကြောင့် ကုန်သွယ်မှုများသည် ရပ်နားလျက်ရှိသည်။

zawgyi version
ျမဝတီ-ဘားအံ လမ္းေၾကာင္းကို အိမ္စီးကားမ်ားဖြင့်သာ သြားလာေနရ
NP News - ဇန္နဝါရီ ၂၃

ျမဝတီ-ဘားအံလမ္းေၾကာင္းတြင္ ကုန္ကားႏွင့္ဘတ္စ္ ကားမ်ား သြားလာႏိုင္ျခင္းမရွိဘဲ အိမ္စီးကားမ်ားျဖင့္ လူမ်ားသာအဓိက သြားလာေနရေၾကာင္း နယ္စပ္ကုန္ သြယ္ေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

ရန္ကုန္-ျမဝတီနယ္စပ္ကုန္သြယ္ေရး ျပန္လည္စတင္ႏိုင္ျခင္းမရွိဘဲ လတ္တေလာတြင္ ရန္ကုန္မွဘားအံအထိသာကုန္တင္ကားႏွင့္ ဘတ္စ္ကားမ်ားသြားလာႏိုင္ၿပီး ဘားအံ - ျမဝတီကို အိမ္စီးကားမ်ားျဖင့္ သြားလာေနေၾကာင္း နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းရွင္မ်ားထံမွသိရသည္။

“ျမဝတီကေနဘားအံကို ျပန္ဆင္းလာတာ လမ္းမွာတင္ကိုးနာရီေလာက္ၾကာတယ္။ အာရွလမ္းက အကုန္လုံးသုံးလို႔မရသလို ေဒါနေတာင္လမ္းကလဲ လုံၿခဳံေရးအရ သြားလို႔မရဘူး။ အခုေတာ့လူဘဲ အဓိကသြားေနရတယ္” ဟု ဘာအံၿမိဳ႕ခံ ကိုထင္လင္းက NP News ကို ေျပာသည္။

ျမဝတီ-ဘားအံ ကားခသည္ ကားအမ်ိဳးအစားေပၚမူတည္ကာ လူတစ္ဦးလွ်င္ တစ္သိန္းက်ပ္ဝန္းက်င္ေပါက္ေဈးရွိေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံမွ ထိုင္းႏိုင္ငံသို႔အဓိကတင္ပို႔ေသာကုန္စည္မ်ားျဖစ္သည့္ ေျပာင္းဖူးဆံႏွင့္ေရ ထြက္ကုန္မ်ားသည္ ျမဝတီလမ္းေၾကာင္းအစား ရန္ကုန္ သီလဝါဆိပ္ကမ္းမွ သေဘၤာမ်ားျဖင့္‌ေျပာင္းလဲ တင္ပို႔ေနသည္မွာ ႏွစ္လနီးပါးၾကာျမင့္ေနၿပီျဖစ္ေၾကာင္းသိရသည္။

ျမဝတီနယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းသည္ ျမန္မာ တစ္ႏိုင္ငံလုံးမွေဆာင္႐ြက္ေနသည့္ နယ္စပ္ကုန္သြယ္ ေရးပမာဏ၏ ၂၅ ရာခိုင္ႏႈန္းေက်ာ္ရွိၿပီး လက္ရွိတြင္ တိုက္ပြဲမ်ားေၾကာင့္ ကုန္သြယ္မႈမ်ားသည္ ရပ္နားလ်က္ရွိသည္။

Related news

© 2021. All rights reserved.