ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တန်(၅၀)ဝန်ချီစက်ကြိုးပျက်ကျပြီး လူနှစ်ဦးသေဆုံး

 13303

NP News - ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၇ ရပ်ကွက်၊ မြတ်နိုးသူကွင်း၌ ဝန်ချီ စက်မတော်တဆမှုဖြစ်ပြီး လူနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်၊ မြတ်နိုးသူကွင်း၌ မြေပြင်ပေါ်မှ သံချောင်းများကို သင်္ဘောပေါ်သို့ တန် (၅၀)ကရိန်းဖြင့် ယနေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ နံနက် ၉ နာရီခန့်တွင် ချိတ်ဆက်တင်ဆောင်နေစဥ် ကရိန်းကြိုးပျက်ကျ၍ ကရိန်းအနီး၌ ရပ်နေသည့် အမျိုးသားနှစ်ဦးပေါ်သို့ သံချောင်းနှင့် ကရိန်းများပြုတ်ကျ၍ သေဆုံးသွားခြင်းဖြစ်သည်။

အကြင်နာကုသိုလ်ပြုလူမှုကူညီရေးအဖွဲ့မှတာဝန်ရှိသူတစ်ဦးက "ဒီမနက် ၉ နာရီဝန်းကျင်းလောက်မှာ အသင်းရုံးကို ဖုန်းဆက်အကူအညီတောင်းတာ ကြောင့် မြတ်နိုးသူကွင်းဘက်ကို လူနာနှစ်ဦးသွားကယ်ဆယ်ရတယ်။ အဲဒီ နှစ်ယောက်ထဲက တစ်ယောက်က သေဆုံးနေတယ်။ ကျန်တစ်ယောက်က သတိမရဘူး။ အဲဒီတစ်ယောက်လည်း စံပြဆေးရုံရောက်ပြီး မိနစ်အနည်း ငယ်အတွင်းမှာပဲ ဆုံးသွားတယ်"ဟု ပြောသည်။

သေဆုံးသွားသူနှစ်ဦးသည် ဦးမျိုးမြင့်အောင် အသက် ၃၅ နှစ် နှင့် ဦးမန်းကျော် အသက် ၃၈ နှစ်ဖြစ်ပြီး ကရိန်းကားမောင်းသူကို သက်ဆိုင်ရာမှ ဥပဒေအတိုင်း ဆောင်ရွက်ထားရှိကြောင်း သိရသည်။

zawgyi version
ရန္ကုန္ၿမိဳ႕ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၌ တန္(၅၀)ဝန္ခ်ီစက္ႀကိဳးပ်က္က်ၿပီး လူႏွစ္ဦးေသဆုံး
NP News - ဇန္နဝါရီ ၂၃

ရန္ကုန္တိုင္း၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၆၇ ရပ္ကြက္၊ ျမတ္ႏိုးသူကြင္း၌ ဝန္ခ်ီ စက္မေတာ္တဆမႈျဖစ္ၿပီး လူႏွစ္ဦးေသဆုံးသြားေၾကာင္း ေဒသခံလူမႈကူညီေရးအဖြဲ႕ထံမွ သိရသည္။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ၆၇ ရပ္ကြက္၊ ျမတ္ႏိုးသူကြင္း၌ ေျမျပင္ေပၚမွ သံေခ်ာင္းမ်ားကို သေဘၤာေပၚသို႔ တန္ (၅၀)ကရိန္းျဖင့္ ယေန႔ (ဇန္နဝါရီလ ၂၃ ရက္)၊ နံနက္ ၉ နာရီခန္႔တြင္ ခ်ိတ္ဆက္တင္ေဆာင္ေနစဥ္ ကရိန္းႀကိဳးပ်က္က်၍ ကရိန္းအနီး၌ ရပ္ေနသည့္ အမ်ိဳးသားႏွစ္ဦးေပၚသို႔ သံေခ်ာင္းႏွင့္ ကရိန္းမ်ားျပဳတ္က်၍ ေသဆုံးသြားျခင္းျဖစ္သည္။

အၾကင္နာကုသိုလ္ျပဳလူမႈကူညီေရးအဖြဲ႕မွတာဝန္ရွိသူတစ္ဦးက "ဒီမနက္ ၉ နာရီဝန္းက်င္းေလာက္မွာ အသင္း႐ုံးကို ဖုန္းဆက္အကူအညီေတာင္းတာ ေၾကာင့္ ျမတ္ႏိုးသူကြင္းဘက္ကို လူနာႏွစ္ဦးသြားကယ္ဆယ္ရတယ္။ အဲဒီ ႏွစ္ေယာက္ထဲက တစ္ေယာက္က ေသဆုံးေနတယ္။ က်န္တစ္ေယာက္က သတိမရဘူး။ အဲဒီတစ္ေယာက္လည္း စံျပေဆး႐ုံေရာက္ၿပီး မိနစ္အနည္း ငယ္အတြင္းမွာပဲ ဆုံးသြားတယ္"ဟု ေျပာသည္။

ေသဆုံးသြားသူ ႏွစ္ဦးသည္ ဦးမ်ိဳးျမင့္ေအာင္ အသက္ ၃၅ ႏွစ္ ႏွင့္ ဦးမန္းေက်ာ္ အသက္ ၃၈ ႏွစ္ျဖစ္ၿပီး ကရိန္းကားေမာင္းသူကို သက္ဆိုင္ရာမွ ဥပေဒအတိုင္း ေဆာင္႐ြက္ထားရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.