AI က 2D, 3D နဲ့ ထီပေါက်ဂဏန်းတွေ တွက်ချက်ပေးနိုင်သလား (ဆောင်းပါး)

 4340

Htay Oung (NP News) - ဇန်နဝါရီ ၂၄

တရုတ်မှာ AI Chatbot တွေကို အသုံးပြုကာ ထီဂဏန်းကို ခန့်မှန်းခိုင်းနေပါတယ်။ အခုဆိုရင် ဉာဏ်ရည်တုနည်း ပညာ (AI) ကို နယ်ပယ်ပေါင်းစုံမှာ အသုံးပြုလာကြပါတယ်။ AI ဟာ ဉာဏ်ရည်မြင့်မားပြီး လူတွေရဲ့မေးခွန်းတွေကို ဖြေဆိုနိုင်တဲ့အတွက် အခုလိုအသုံးပြုလာကြတာပါ။ တရုတ်မှာတော့ AI ကို အသုံးချတဲ့နည်းလမ်းတစ်ခုက ထူးဆန်း နေပါတယ်။ အဲဒါကတော့ AI Chatbot တွေကို အသုံးပြုကာ ထီဂဏန်းကို ခန့်မှန်းခိုင်းတာဖြစ်ပါတယ်။

တရုတ်မှာ ထီထိုးသူ သန်း ၂ဝဝ နီးပါး ရှိပြီး နှစ်စဉ် ယွမ် ၆ဝဝ ဘီလျံဖိုး ထီထိုးနေကြပါတယ်။ Anhui ပြည်နယ်မှ Gu Xiangnan ဟာ AI Chatbot တစ်ခုဖြစ်တဲ့ Google Gemini-Pro မှာ Super Lotto ဒေတာ ၂ နှစ်စာကို ထည့်သွင်ငးပေးထားပြီး ထီဂဏန်းတွေကို ခန့်မှန်းခိုင်းနေတာဖြစ်ပါတယ်။ Gu လိုပဲ တခြား ထီဝါသနာရှင်တွေက လည်း AI ကို အသုံးပြုလာကြပါတယ်။

AI ကို အသုံးပြုကာ ထီဂဏန်းခန့်မှန်းခိုင်းတာဟာ တခြားနိုင်ငံတွေမှာလည်း ရှိနေပါတယ်။ ထိုင်းကနေ စင်ကာပူ အထိ AI ခန့်မှန်းပေးတဲ့ ထီဂဏန်းတွေကို ထိုးလို့ ထီပေါက်သွားသူတွေရဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါပေမယ့် အရေးကြီးတာ ၁ ခုက AI ကို ယုံစားပြီး ဘဝပျက်အောင် ထီမထိုးသင့်ပါဘူး။ AI ဟာ ထီဂဏန်းကို ခန့်မှန်း ပေးတာပဲဖြစ်ပြီး ထီပေါက်အောင် မစွမ်းဆောင်ပေးနိုင်ပါဘူး။ အဲဒီအတွက် ထီကို အပျော်သဘောလောက်ပဲ ထိုးသင့်ပါတယ်။ (Ref : gizmochina)

ဒါဆိုရင် Artificial Intelligence ၊ AI တွေဟာ ထီပေါက်ဂဏန်းတွေကို ကြိုတင်ခန့်မှန်းနိုင်ပါသလား မေးခွန်းထုတ် ရမှာဖြစ်ပါတယ်။ ကိန်းဂဏန်းတွေကို ကြိုတင်တွက်ချက်ခြင်းမှာ (၁) “သင်္ချာနည်း” နဲ့ (၂) “လောင်းကစားနည်း” လို့ နှစ်မျိုးရှိပါတယ်။

ဒီတစ်ပတ် ၅၄ ဂဏန်းထွက်လို့ နောက်တစ်ပတ် ၅၄ မထွက်ဖူး၊ ဝဝ၁၊ ၂၂၂၊ ၉၉၉ စတဲ့ ဂဏန်းတွေ ဆိုတာပေါက်ဖို့ ခဲယဉ်းတယ်လို့ ပယ်ခြင်းဟာ လောင်းကစားကြိုတင်ခန့်မှန်းနည်းဖြစ်ပါတယ်။ တကယ်တော့ အများသိတဲ့အတိုင်း အောင်ဘာလေ ထီ အပါအ၀င် 2D, 3D နံပါတ်တွေဟာ မွှေနှောက်လှည့်ထားတဲ့ပုံးထဲက ကျဘမ်းနှိုက်ယူထားတဲ့ အံစာတုံး ဂဏန်းနံပါတ်တွေဖြစ်ပါတယ်။ အဲဒါကြောင့် သူ့ဖာသာ ထွက်ချင်တဲ့ ဂဏန်းထွက်ပါလိမ့်မယ်။
#ထီထိုးခြင်းဟာ “ #ဥာဏ်တိုက်လောင်းကစားခြင်း ” #မဟုတ်၊ “ #ကံတိုက်လောင်းကစား” #ကြခြင်းဖြစ်တယ်။
AI ဟာ ကြောက်စရာကောင်းလောက်တဲ့ မှတ်ဉာဏ်ရှိကြောင်း သေချာပါတယ်။

တစ်ခါ AI တစ်လုံးကို ထည့်သွင်းပေးလိုက်တဲ့အချက်အလက်ကို အခြား AI များက ချက်ချင်းကူးယူပြန့်ပွားနိုင် တယ်။ အဲဒီအချက်တွေအားလုံး ပေါင်းစပ် ကောက်ချက်ချမှတ်ပေးနိုင်တယ်။ လူတွေမှာ ရေတိုမှတ်ဉာဏ်၊ ရေရှည် မှတ်ဉာဏ်ရှိပြီး တစ်ချို့အချက်အလက်တွေကို ရေရှည်မှတ်သားမထားနိုင်ဘဲ မေ့ပျောက်တတ်ပါတယ်။ အဲဒီနေရာ မှာ AI တွေဟာ အဆမတန်သာလွန်တယ်။

လူ့ရောဂါတစ်ခုရဲ့ခြွင်းချက်တွေ ဖြစ်မြဲအချက်တွေကို လူသားအထူးကုဆရာဝန်ကြီးတွေ သတိမေ့နေချင်နေပါ လိမ့်မယ်။ AI ကတော့ မေ့ထားမည်မဟုတ်၊ လူသားတွေလို ချစ်-ကြောက်-မုန်း ခံစားတတ်ပြီး လောဘ-ဒေါသ-မောဟ တွေသာ ရှိလာခဲ့ကြရင် ကျွန်တော်တို့လူသားတွေအပေါ် ပြဿနာရှာလာနိုင်ဖွယ်ရှိပါတယ်။

#ဒါပေမယ့်_ဘယ်လောက်ကောင်းတဲ့ #AI #ဖြစ်ပါစေ၊ #လူ့ကံကြမ္မာကို ကြိုတင်ခန်းမှန်းရန် မဖြစ်နိုင်ပါ။
ဘာတွေစား ဘာတွေလုပ် ဘယ်လိုနေထိုင်ပုံရှိသူဟာ ဘယ်အချိန် ဘာရောဂါရနိုင်မယ်လောက်တော့ ပြောနိုင်လိမ့် မယ်။

အဲဒါကြောင့်ဖြစ်နိုင်ခြေ ဘယ်နှစ်ရာခိုင်နှုန်းလို့ မိုးလေဝသကြိုတင်ခန့်မှန်းချက်လို ထွက်လာပါလိမ့်မယ်။ AI တွေကို လူသားတွေရဲ့နေရာအားလုံးမှာ အစားထိုးရန် မဖြစ်နိုင်ပါ။ အဲဒါကြောင့်လည်း မဝေးတဲ့ တစ်နေ့နေ့ AI က လူသား တွေအပေါ် မနာလိုချင်စရာဖြစ်လာဖွယ်ရှိပါတယ်။
အစဉ်လေးစားစွာဖြင့်
#HtayOung, #OungMarine

AI က 2D, 3D နဲ႔ ထီေပါက္ဂဏန္းေတြ တြက္ခ်က္ေပးႏိုင္သလား (ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၂၄

တ႐ုတ္မွာ AI Chatbot ေတြကို အသုံးျပဳကာ ထီဂဏန္းကို ခန႔္မွန္းခိုင္းေနပါတယ္။ အခုဆိုရင္ ဉာဏ္ရည္တုနည္း ပညာ (AI) ကို နယ္ပယ္ေပါင္းစုံမွာ အသုံးျပဳလာၾကပါတယ္။ AI ဟာ ဉာဏ္ရည္ျမင့္မားၿပီး လူေတြရဲ႕ေမးခြန္းေတြကို ေျဖဆိုႏိုင္တဲ့အတြက္ အခုလိုအသုံးျပဳလာၾကတာပါ။ တ႐ုတ္မွာေတာ့ AI ကို အသုံးခ်တဲ့နည္းလမ္းတစ္ခုက ထူးဆန္း ေနပါတယ္။ အဲဒါကေတာ့ AI Chatbot ေတြကို အသုံးျပဳကာ ထီဂဏန္းကို ခန႔္မွန္းခိုင္းတာျဖစ္ပါတယ္။

တ႐ုတ္မွာ ထီထိုးသူ သန္း ၂ဝဝ နီးပါး ရွိၿပီး ႏွစ္စဥ္ ယြမ္ ၆ဝဝ ဘီလ်ံဖိုး ထီထိုးေနၾကပါတယ္။ Anhui ျပည္နယ္မွ Gu Xiangnan ဟာ AI Chatbot တစ္ခုျဖစ္တဲ့ Google Gemini-Pro မွာ Super Lotto ေဒတာ ၂ ႏွစ္စာကို ထည့္သြင္ငးေပးထားၿပီး ထီဂဏန္းေတြကို ခန႔္မွန္းခိုင္းေနတာျဖစ္ပါတယ္။ Gu လိုပဲ တျခား ထီဝါသနာရွင္ေတြက လည္း AI ကို အသုံးျပဳလာၾကပါတယ္။

AI ကို အသုံးျပဳကာ ထီဂဏန္းခန႔္မွန္းခိုင္းတာဟာ တျခားႏိုင္ငံေတြမွာလည္း ရွိေနပါတယ္။ ထိုင္းကေန စင္ကာပူ အထိ AI ခန႔္မွန္းေပးတဲ့ ထီဂဏန္းေတြကို ထိုးလို႔ ထီေပါက္သြားသူေတြရဲ႕သတင္းေတြလည္း ထြက္ေပၚေနပါတယ္။
ဒါေပမယ့္ အေရးႀကီးတာ ၁ ခုက AI ကို ယုံစားၿပီး ဘဝပ်က္ေအာင္ ထီမထိုးသင့္ပါဘူး။ AI ဟာ ထီဂဏန္းကို ခန႔္မွန္း ေပးတာပဲျဖစ္ၿပီး ထီေပါက္ေအာင္ မစြမ္းေဆာင္ေပးႏိုင္ပါဘူး။ အဲဒီအတြက္ ထီကို အေပ်ာ္သေဘာေလာက္ပဲ ထိုးသင့္ပါတယ္။ (Ref : gizmochina)

ဒါဆိုရင္ Artificial Intelligence ၊ AI ေတြဟာ ထီေပါက္ဂဏန္းေတြကို ႀကိဳတင္ခန္႔မွန္းႏိုင္ပါသလား ေမးခြန္းထုတ္ ရမွာျဖစ္ပါတယ္။ ကိန္းဂဏန္းေတြကို ႀကိဳတင္တြက္ခ်က္ျခင္းမွာ (၁) “သခ်ၤာနည္း” နဲ႔ (၂) “ေလာင္းကစားနည္း” လို႔ ႏွစ္မ်ိဳးရွိပါတယ္။

ဒီတစ္ပတ္ ၅၄ ဂဏန္းထြက္လို႔ ေနာက္တစ္ပတ္ ၅၄ မထြက္ဖူး၊ ဝဝ၁၊ ၂၂၂၊ ၉၉၉ စတဲ့ ဂဏန္းေတြ ဆိုတာေပါက္ဖို႔ ခဲယဥ္းတယ္လို႔ ပယ္ျခင္းဟာ ေလာင္းကစားႀကိဳတင္ခန္႔မွန္းနည္းျဖစ္ပါတယ္။ တကယ္ေတာ့ အမ်ားသိတဲ့အတိုင္း ေအာင္ဘာေလ ထီ အပါအ၀င္ 2D, 3D နံပါတ္ေတြဟာ ေမႊေႏွာက္လွည့္ထားတဲ့ပုံးထဲက က်ဘမ္းႏႈိက္ယူထားတဲ့ အံစာတုံး ဂဏန္းနံပါတ္ေတြျဖစ္ပါတယ္။ အဲဒါေၾကာင့္ သူ႔ဖာသာ ထြက္ခ်င္တဲ့ ဂဏန္းထြက္ပါလိမ့္မယ္။
#ထီထိုးျခင္းဟာ “ #ဥာဏ္တိုက္ေလာင္းကစားျခင္း ” #မဟုတ္၊ “ #ကံတိုက္ေလာင္းကစား” #ၾကျခင္းျဖစ္တယ္။
AI ဟာ ေၾကာက္စရာေကာင္းေလာက္တဲ့ မွတ္ဉာဏ္ရွိေၾကာင္း ေသခ်ာပါတယ္။

တစ္ခါ AI တစ္လုံးကို ထည့္သြင္းေပးလိုက္တဲ့အခ်က္အလက္ကို အျခား AI မ်ားက ခ်က္ခ်င္းကူးယူျပန္႔ပြားႏိုင္ တယ္။ အဲဒီအခ်က္ေတြအားလုံး ေပါင္းစပ္ ေကာက္ခ်က္ခ်မွတ္ေပးႏိုင္တယ္။ လူေတြမွာ ေရတိုမွတ္ဉာဏ္၊ ေရရွည္ မွတ္ဉာဏ္ရွိၿပီး တစ္ခ်ိဳ႕အခ်က္အလက္ေတြကို ေရရွည္မွတ္သားမထားႏိုင္ဘဲ ေမ့ေပ်ာက္တတ္ပါတယ္။ အဲဒီေနရာ မွာ AI ေတြဟာ အဆမတန္သာလြန္တယ္။

လူ႔ေရာဂါတစ္ခုရဲ႕ႁခြင္းခ်က္ေတြ ျဖစ္ၿမဲအခ်က္ေတြကို လူသားအထူးကုဆရာဝန္ႀကီးေတြ သတိေမ့ေနခ်င္ေနပါ လိမ့္မယ္။ AI ကေတာ့ ေမ့ထားမည္မဟုတ္၊ လူသားေတြလို ခ်စ္-ေၾကာက္-မုန္း ခံစားတတ္ၿပီး ေလာဘ-ေဒါသ-ေမာဟ ေတြသာ ရွိလာခဲ့ၾကရင္ ကြၽန္ေတာ္တို႔လူသားေတြအေပၚ ျပႆနာရွာလာႏိုင္ဖြယ္ရွိပါတယ္။

#ဒါေပမယ့္_ဘယ္ေလာက္ေကာင္းတဲ့ #AI #ျဖစ္ပါေစ၊ #လူ႔ကံၾကမၼာကို ႀကိဳတင္ခန္းမွန္းရန္ မျဖစ္ႏိုင္ပါ။
ဘာေတြစား ဘာေတြလုပ္ ဘယ္လိုေနထိုင္ပုံရွိသူဟာ ဘယ္အခ်ိန္ ဘာေရာဂါရႏိုင္မယ္ေလာက္ေတာ့ ေျပာႏိုင္လိမ့္ မယ္။

အဲဒါေၾကာင့္ျဖစ္ႏိုင္ေျခ ဘယ္ႏွစ္ရာခိုင္ႏႈန္းလို႔ မိုးေလဝသႀကိဳတင္ခန္႔မွန္းခ်က္လို ထြက္လာပါလိမ့္မယ္။ AI ေတြကို လူသားေတြရဲ႕ေနရာအားလုံးမွာ အစားထိုးရန္ မျဖစ္ႏိုင္ပါ။ အဲဒါေၾကာင့္လည္း မေဝးတဲ့ တစ္ေန႔ေန႔ AI က လူသား ေတြအေပၚ မနာလိုခ်င္စရာျဖစ္လာဖြယ္ရွိပါတယ္။
အစဥ္ေလးစားစြာျဖင့္
#HtayOung, #OungMarine

Related news

© 2021. All rights reserved.