ပဲနွယ်ကုန်းမြို့ပေါ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိ

 789

Pearl (NP News) - ဇန်နဝါရီ ၂၄

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့ပေါ်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၂၃ ရက်)၊ နံနက် (၉)နာရီ အချိန်ခန့်တွင် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အောင်မြေရပ်ကွက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောင်မြေရပ်ကွက်တွင် နေထိုင်သော ကိုအောင်ကိုကို (၂၉)နှစ်သည် အဆိုပါရပ်ကွက်ရှိ သုဿာန်အနီးသို့ နွားကျောင်းသွားစဉ် အကြမ်းဖက် သမားများ ထောင်ထားသော မိုင်းအားနင်းမိခဲ့ကြောင်း သိရသည်။

"အသက် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦး မိုင်းထိပြီးတော့ ခြေတစ်ဖက်ဖြတ်လိုက်ရတယ်။ နွားကျောင်းသွားရင်းနဲ့ဖြစ်တာ။ ဒူးခေါင်း နဲ့ ညာဘက်ခြေထောက် မိုင်းစမှန် ဒဏ်ရာရသွားပြီး ဘယ်ဘက်ခြေထောက်ကတော့ ဖြတ်လိုက်ရတယ်"ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြော သည်။

ဖြစ်စဉ်ကြောင့် ကိုအောင်ကိုကိုတွင် ဝဲဘက်ခြေထောက်တွင် ပြတ်ရှဒဏ်ရာနှင့် ယာဘက်ခြေထောက်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလအတွင်းကလည်း ရှမ်းပြည်နယ်၊ သီပေါမြို့နယ်၌ တောင်ယာခင်းထဲသွားသည့် အမျိုးသား(၂)ဦး မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးသည်။

zawgyi version
ပဲႏြယ္ကုန္းၿမိဳ႕ေပၚတြင္ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိ၍ ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ဇန္နဝါရီ ၂၄

ပဲခူးတိုင္း၊ ပဲႏြယ္ကုန္းၿမိဳ႕ေပၚတြင္ အမ်ိဳးသားတစ္ဦး မိုင္းနင္းမိ၍ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၂၃ ရက္)၊ နံနက္ (၉)နာရီ အခ်ိန္ခန႔္တြင္ ပဲခူးတိုင္း၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ပဲႏြယ္ကုန္းၿမိဳ႕၊ ေအာင္ေျမရပ္ကြက္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ေအာင္ေျမရပ္ကြက္တြင္ ေနထိုင္ေသာ ကိုေအာင္ကိုကို (၂၉)ႏွစ္သည္ အဆိုပါရပ္ကြက္ရွိ သုႆာန္အနီးသို႔ ႏြားေက်ာင္းသြားစဥ္ အၾကမ္းဖက္ သမားမ်ား ေထာင္ထားေသာ မိုင္းအားနင္းမိခဲ့ေၾကာင္း သိရသည္။

"အသက္ (၂၉)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး မိုင္းထိၿပီးေတာ့ ေျခတစ္ဖက္ျဖတ္လိုက္ရတယ္။ ႏြားေက်ာင္းသြားရင္းနဲ႔ျဖစ္တာ။ ဒူးေခါင္း နဲ႔ ညာဘက္ေျခေထာက္ မိုင္းစမွန္ ဒဏ္ရာရသြားၿပီး ဘယ္ဘက္ေျခေထာက္ကေတာ့ ျဖတ္လိုက္ရတယ္"ဟု လုံၿခဳံေရးအဖြဲ႕ႏွင့္ နီးစပ္သူက NP News ကို ေျပာ သည္။

ျဖစ္စဥ္ေၾကာင့္ ကိုေအာင္ကိုကိုတြင္ ဝဲဘက္ေျခေထာက္တြင္ ျပတ္ရွဒဏ္ရာႏွင့္ ယာဘက္ေျခေထာက္တြင္ မိုင္းစထိမွန္ ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။

ၿပီးခဲ့ေသာ ဒီဇင္ဘာလအတြင္းကလည္း ရွမ္းျပည္နယ္၊ သီေပါၿမိဳ႕နယ္၌ ေတာင္ယာခင္းထဲသြားသည့္ အမ်ိဳးသား(၂)ဦး မိုင္းနင္းမိ၍ ထိခိုက္ဒဏ္ရာရခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားဖူးသည္။

Related news

© 2021. All rights reserved.