သံဖြူဇရပ်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ (၁၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထား

 904

NP News - ဇန်နဝါရီ ၂၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး (၁၀၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

၎င်းတို့အား ယနေ့(ဇန်နဝါရီ ၂၄ ရက်) နံနက်(၈)နာရီခွဲအချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ စက်စဲရွာအနီး၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အားလုံးပေါင်း(၁၁၇)ဦးပါ။ ကား(၂)စီးပေါ်မှာ ပါလာတာကို မသင်္ကာလို့စစ်ရင်းနဲ့ တွေ့တာပါ။ လက်ရှိမှာတော့ စစ်ဆေးရေးလုပ်တုန်းပါ။ သံဖြူဇရပ်မှာပဲ ရှိနေတုန်းပါ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ထိုသို့ဖမ်းဆီးရမိသူ(၁၁၇)ဦးအနက် အမျိုးသား(၅၉)ဦးနှင့် အမျိုးသမီး(၅၈)ဦး ပါဝင်ပြီး လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့ကို စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လတွင်လည်း မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းတွင် ကျောက်သယ်ယာဥ်(၃)စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး (၁၄၀)ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ဖူး‌ ကြောင်း သိရသည်။

Zawgyi Version

သံျဖဴဇရပ္ၿမိဳ႕နယ္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီ (၁၀၀)ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းထား

NP News - ဇန္နဝါရီ ၂၄
မြန္ျပည္နယ္၊ သံျဖဴဇရပ္ၿမိဳ႕နယ္အတြင္းသို႔ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး (၁၀၀)ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

၎တို႔အား ယေန႔(ဇန္နဝါရီ ၂၄ ရက္) နံနက္(၈)နာရီခြဲအခ်ိန္ခန႔္တြင္ သံျဖဴဇရပ္ၿမိဳ႕နယ္၊ စက္စဲ႐ြာအနီး၌ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

“အားလုံးေပါင္း(၁၁၇)ဦးပါ။ ကား(၂)စီးေပၚမွာ ပါလာတာကို မသကၤာလို႔စစ္ရင္းနဲ႔ ေတြ႕တာပါ။ လက္ရွိမွာေတာ့ စစ္ေဆးေရးလုပ္တုန္းပါ။ သံျဖဴဇရပ္မွာပဲ ရွိေနတုန္းပါ” ဟု မြန္ျပည္နယ္အစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ထိုသို႔ဖမ္းဆီးရမိသူ(၁၁၇)ဦးအနက္ အမ်ိဳးသား(၅၉)ဦးႏွင့္ အမ်ိဳးသမီး(၅၈)ဦး ပါဝင္ၿပီး လက္ရွိတြင္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက ၎တို႔ကို စစ္ေဆးမႈမ်ား ေဆာင္႐ြက္ေနေၾကာင္းလည္း ၎ကဆက္လက္ေျပာသည္။

အလားတူ ၿပီးခဲ့သည့္ ၾသဂုတ္လတြင္လည္း မြန္ျပည္နယ္၊ ေရး-သံျဖဴဇရပ္ကားလမ္းတြင္ ေက်ာက္သယ္ယာဥ္(၃)စီးျဖင့္ တရားမဝင္ ဝင္ေရာက္လာသည့္ ဘဂၤါလီလူမ်ိဳး (၁၄၀)ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းခဲ့ဖူး‌ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.