တောင်ကိုရီးယားဇာတ်လမ်းတွဲ "Mr Queen" မှ ဟာသမင်းသမီး ချာချောင်းဟွာ ကိုယ်ဝန်ရှိကြောင်း ပရိသတ်ထံ အသိပေးလာ

569
ရောင်နီ(NP News) - ဇန်နဝါရီ ၂၅
တောင်ကိုရီးယားဇာတ်လမ်းတွဲ "Mr Queen" မှာ မိဖုရားရဲ့အထိန်းတော်ကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဟာသမင်းသမီး ချာချောင်းဟွာဟာ အခုသားဦး ရင်သွေး လွယ်ထားရပြီဖြစ်တယ်လို့ သိရပါတယ်။။
အဆိုပါသတင်းကို ဇန်နဝါရီလ ၂၄ ရက်က ချာချောင်းဟွာရဲ့အေဂျင်စီ IOK Company နဲ့ STARNEWS ကြေညာခဲ့ တာဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်နဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုတော့ မသိနိုင်သေးပါဘူး။ ချာချောင်းဟွာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Celebrity ထဲက မဟုတ်တဲ့ အမျိုးသားတစ်ဦးနဲ့လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
၂ဝဝ၅ ခုနှစ်ကစတင်ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်လာတဲ့ သူမဟာ“Crash Landing on You” “Mr. Queen" နှင့် "Hometown Cha-Cha-Cha" "My Demon" ဇာတ်လမ်းတွဲတွေမှာ ပါဝင်ပြီး ဟာသမင်းသမီးတစ်လက်အဖြစ် နာမည်ကြီးပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားဇာတ္လမ္းတြဲ "Mr Queen" မွ ဟာသမင္းသမီး ခ်ာေခ်ာင္းဟြာ ကိုယ္ဝန္ရွိေၾကာင္း ပရိသတ္ထံ အသိေပးလာ
ေရာင္နီ(NP News) - ဇန္နဝါရီ ၂၅
ေတာင္ကိုရီးယားဇာတ္လမ္းတြဲ "Mr Queen" မွာ မိဖုရားရဲ႕အထိန္းေတာ္ႀကီးအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ဟာသမင္းသမီး ခ်ာေခ်ာင္းဟြာဟာ အခုသားဦး ရင္ေသြး လြယ္ထားရၿပီျဖစ္တယ္လို႔ သိရပါတယ္။။
အဆိုပါသတင္းကို ဇန္နဝါရီလ ၂၄ ရက္က ခ်ာေခ်ာင္းဟြာရဲ႕ေအဂ်င္စီ IOK Company နဲ႔ STARNEWS ေၾကညာခဲ့ တာျဖစ္ပါတယ္။ ဒါေပမယ့္ အေသးစိတ္နဲ႔ ကိုယ္ေရးကိုယ္တာအခ်က္အလက္ေတြကိုေတာ့ မသိႏိုင္ေသးပါဘူး။ ခ်ာေခ်ာင္းဟြာဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလက Celebrity ထဲက မဟုတ္တဲ့ အမ်ိဳးသားတစ္ဦးနဲ႔လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။
၂ဝဝ၅ ခုႏွစ္ကစတင္ၿပီး သ႐ုပ္ေဆာင္အျဖစ္ ပြဲဦးထြက္လာတဲ့ သူမဟာ“Crash Landing on You” “Mr. Queen" ႏွင့္ "Hometown Cha-Cha-Cha" "My Demon" ဇာတ္လမ္းတြဲေတြမွာ ပါဝင္ၿပီး ဟာသမင္းသမီးတစ္လက္အျဖစ္ နာမည္ႀကီးပါတယ္။