ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား လင်မယားရန်ဖြစ်ပြီး ဇနီးဖြစ်သူ ပြင်းထန်ဒဏ်ရာရခဲ့ဟုဆို

1631

ဂျန်ဇက် (NP News) - ဇန်နဝါရီ ၂၅
ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ် စီရက်ချာဒေသတွင် ဇန်နဝါရီ ၂၃ ရက် ဓါးထိုးမှုဖြစ်ပွားခဲ့ရာ မြန်မာအမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
ချွန်ဘူရီပြည်နယ် Sriracha ရဲစခန်းမှ ရဲမှူးကြီး ဆူချက် ချာရိုအမ်ရီသည် ဓါးထိုးမှုဖြစ်ပွားသည်ဆိုသောသတင်းကိုလက်ခံရရှိခဲ့ပြီးနောက် သွားရောက်စစ်ဆေးခဲ့ရာ မြန်မာအမျိုးသမီး အေးဝေနှင်း ဆိုသူကို ဓါးဒဏ်ရာများဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုင်းရဲတပ်ဖွဲ့က အသက် ၂၅ နှစ်အရွယ်ရှိ အေးဝေနှင်းသည် ဘယ်ဖက်ပုခုံးတွင် ပြင်းထန်သော ဒဏ်ရာရရှိခဲ့သည့်အတွက် နီးစပ်ရာဆေးရုံကို အမြန်ဆုံးတင်ပို့ခဲ့ရကြောင်း ပြောသည်။မြန်မာအမျိုးသမီး နှင့် ခင်ပွန်းဖြစ်သော မြန်မာနိုင်ငံသားဟန်ဝင်းတို့သည် စကားများရာမှတဆင့် ဓါးထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ပွန်းဖြစ်သူသည် ဓါးထိုးမှုကျူးလွန်ခဲ့ပြီးနောက် အလုပ်သမားစခန်းမှ ထွက်ပြေးသွားခဲ့ရာ ဖမ်းဆီးနိုင်ရန် ကြိုးပမ်းနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
စီရက်ချာဒေသ Soi Phunsin ရွာအနီးရှိ အလုပ်သမားတန်းလျားတွင်နေထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ Mrs. Yupha က မြန်မာနိုင်ငံသား ဟန်ဝင်းသည် အရက်ကြိုက်သူတစ်ဦးဖြစ်ပြီး အရက်သောက်ရန်အတွက် ဇနီးဖြစ်သူထံမှ ဘတ် ၄ဝဝဝ တောင်းရမ်းချိန်တွင် စကားများရန်ဖြစ်ခဲ့ကြောင်း၊ ဇနီးဖြစ်သူထံမှ တောင်းဆိုသည့် ငွေကြေးမရသည့်အတွက် ဟန်ဝင်းသည် ဇနီးဖြစ်သူကို ဓါးဖြင့်ထိုးခဲ့ခြင်းမျိုးဖြစ်ကြောင်း ပြောဆိုထားသည်။
ထိုင်းရဲတပ်ဖွဲ့သည် အလုပ်သမားတန်းလျားမှ ထွက်ပြေးသွားသည့် မြန်မာနိုင်ငံသား
ဟန်ဝင်းကို ဖမ်းဆီးစွဲချက်တင်ရန် စုံစမ်းစစ်ဆေးနေပြီး ဖမ်းဆီးမိပါက လူသတ်ရန်ကြိုးပမ်းအားထုတ်မှုဖြင့် စွဲချက်တင်သွားဖွယ်ရှိနေကြောင်း ထိုင်းသတင်းများက ဖော်ပြထားသည်။
Zawgyi Version;
ထိုင္းႏိုင္ငံတြင္ ျမန္မာႏိုင္ငံသား လင္မယားရန္ျဖစ္ၿပီး ဇနီးျဖစ္သူ ျပင္းထန္ဒဏ္ရာရခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၂၅
ထိုင္းႏိုင္ငံ ခြၽန္ဘူရီျပည္နယ္ စီရက္ခ်ာေဒသတြင္ ဇန္နဝါရီ ၂၃ ရက္ ဓါးထိုးမႈျဖစ္ပြားခဲ့ရာ ျမန္မာအမ်ိဳးသမီးတစ္ဦး ဒဏ္ရာရခဲ့ေၾကာင္း ထိုင္းသတင္းမ်ားတြင္ ေဖာ္ျပထားသည္။
ခြၽန္ဘူရီျပည္နယ္ Sriracha ရဲစခန္းမွ ရဲမႉးႀကီး ဆူခ်က္ ခ်ာ႐ိုအမ္ရီသည္ ဓါးထိုးမႈျဖစ္ပြားသည္ဆိုေသာသတင္းကိုလက္ခံရရွိခဲ့ၿပီးေနာက္ သြားေရာက္စစ္ေဆးခဲ့ရာ ျမန္မာအမ်ိဳးသမီး ေအးေဝႏွင္း ဆိုသူကို ဓါးဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထိုင္းရဲတပ္ဖြဲ႕က အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ ေအးေဝႏွင္းသည္ ဘယ္ဖက္ပုခုံးတြင္ ျပင္းထန္ေသာ ဒဏ္ရာရရွိခဲ့သည့္အတြက္ နီးစပ္ရာေဆး႐ုံကို အျမန္ဆုံးတင္ပို႔ခဲ့ရေၾကာင္း ေျပာသည္။ျမန္မာအမ်ိဳးသမီး ႏွင့္ ခင္ပြန္းျဖစ္ေသာ ျမန္မာႏိုင္ငံသားဟန္ဝင္းတို႔သည္ စကားမ်ားရာမွတဆင့္ ဓါးထိုးမႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း၊ ခင္ပြန္းျဖစ္သူသည္ ဓါးထိုးမႈက်ဴးလြန္ခဲ့ၿပီးေနာက္ အလုပ္သမားစခန္းမွ ထြက္ေျပးသြားခဲ့ရာ ဖမ္းဆီးႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က ေျပာသည္။
စီရက္ခ်ာေဒသ Soi Phunsin ႐ြာအနီးရွိ အလုပ္သမားတန္းလ်ားတြင္ေနထိုင္သည့္ အသက္ ၂၉ ႏွစ္အ႐ြယ္ရွိ Mrs. Yupha က ျမန္မာႏိုင္ငံသား ဟန္ဝင္းသည္ အရက္ႀကိဳက္သူတစ္ဦးျဖစ္ၿပီး အရက္ေသာက္ရန္အတြက္ ဇနီးျဖစ္သူထံမွ ဘတ္ ၄ဝဝဝ ေတာင္းရမ္းခ်ိန္တြင္ စကားမ်ားရန္ျဖစ္ခဲ့ေၾကာင္း၊ ဇနီးျဖစ္သူထံမွ ေတာင္းဆိုသည့္ ေငြေၾကးမရသည့္အတြက္ ဟန္ဝင္းသည္ ဇနီးျဖစ္သူကို ဓါးျဖင့္ထိုးခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ေျပာဆိုထားသည္။
ထိုင္းရဲတပ္ဖြဲ႕သည္ အလုပ္သမားတန္းလ်ားမွ ထြက္ေျပးသြားသည့္ ျမန္မာႏိုင္ငံသား
ဟန္ဝင္းကို ဖမ္းဆီးစြဲခ်က္တင္ရန္ စုံစမ္းစစ္ေဆးေနၿပီး ဖမ္းဆီးမိပါက လူသတ္ရန္ႀကိဳးပမ္းအားထုတ္မႈျဖင့္ စြဲခ်က္တင္သြားဖြယ္ရွိေနေၾကာင္း ထိုင္းသတင္းမ်ားက ေဖာ္ျပထားသည္။