ပုံမှန်လေကြောင်းခရီးစဥ်တွင် လက်မခံသည့် အန္တရာယ်ရှိကုန်ပစ္စည်းများပါ သယ်ဆောင်နိုင်မည့် MNA ၏ ကုန်တင်လေယာဥ် ရန်ကုန်လေဆိပ်သို့ရောက်ရှိ

 1795

ယွန်း (NP News) - ဇန်နဝါရီ ၂၅

ပုံမှန်လေကြောင်းခရီးစဥ်တွင် လက်မခံသည့် အန္တရာယ်ရှိကုန်ပစ္စည်းများ (Dangerous Goods) ပါ သယ်ဆောင် နိုင်မည့် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ Boeing 737-800 Freighter ကုန်တင်လေယာဥ် လေယာဉ် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အဆိုပါ လေယာဉ်အမှတ် 9M-WCA ၊ Cargo လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြိုမှ ထွက်ခွာ၍ ယမန်နေ့(ဇန်နဝါရီ ၂၄ ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

၎င်းလေယာဉ်ကို မြန်မာအမျိုးသားလေကြောင်း၏ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလေကြောင်းခရီးစဉ်များတွင် အသုံးပြု ပျံသန်းပြေးဆွဲသွားမည်ဖြစ်ပြီး တန်ချိန်အားဖြင့် ၂၂ တန်ခန့် သယ်ဆောင်နိုင်ကြောင်း သိရသည်။

ထို့ပြင် ပုံမှန်လေကြောင်းခရီးစဉ်တွင် သယ်ဆောင်၍မရသော အန္တရာယ်ရှိကုန်ပစ္စည်းများ (Dangerous Goods) လည်း ပို့ဆောင်နိုင်ပြီး ရန်ကုန်မြို့မှ အခြေပြု၍ အရှေ့တောင်အာရှနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင် ပျံသန်းပို့ဆောင်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပြည်ပခရီးစဉ် ပျံသန်းမှုအနေဖြင့် ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ကိုရီးယား၊ အိန္ဒိယ စသည့်နိုင်ငံများကို ပုံမှန်ခရီးစဉ်များ ပျံသန်းပြေးဆွဲနေသည့်အပြင် ဗုဒ္ဓဂါယာဘုရားဖူး စင်းလုံးငှားခရီးစဥ်များကိုလည်း ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။

Zawgyi Verson;
ပုံမွန္ေလေၾကာင္းခရီးစဥ္တြင္ လက္မခံသည့္ အႏၲရာယ္ရွိကုန္ပစၥည္းမ်ားပါ သယ္ေဆာင္ႏိုင္မည့္ MNA ၏ ကုန္တင္ ေလယာဥ္ ရန္ကုန္ေလဆိပ္သို႔ေရာက္ရွိ
ယြန္း (NP News) - ဇန္နဝါရီ ၂၅

ပုံမွန္ေလေၾကာင္းခရီးစဥ္တြင္ လက္မခံသည့္ အႏၲရာယ္ရွိကုန္ပစၥည္းမ်ား (Dangerous Goods) ပါ သယ္ေဆာင္ ႏိုင္မည့္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ Boeing 737-800 Freighter ကုန္တင္ေလယာဥ္ ေလယာဥ္ ရန္ကုန္ေလဆိပ္သို႔ ေရာက္ရွိလာခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေလယာဥ္အမွတ္ 9M-WCA ၊ Cargo ေလယာဥ္သည္ မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳမွ ထြက္ခြာ၍ ယမန္ေန႔(ဇန္နဝါရီ ၂၄ ရက္) ေန႔လည္ပိုင္းတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့ျခင္းျဖစ္သည္။

၎ေလယာဥ္ကို ျမန္မာအမ်ိဳးသားေလေၾကာင္း၏ ကုန္ပစၥည္းသယ္ယူပို႔ေဆာင္ေရးေလေၾကာင္းခရီးစဥ္မ်ားတြင္ အသုံးျပဳ ပ်ံသန္းေျပးဆြဲသြားမည္ျဖစ္ၿပီး တန္ခ်ိန္အားျဖင့္ ၂၂ တန္ခန႔္ သယ္ေဆာင္ႏိုင္ေၾကာင္း သိရသည္။

ထို႔ျပင္ ပုံမွန္ေလေၾကာင္းခရီးစဥ္တြင္ သယ္ေဆာင္၍မရေသာ အႏၲရာယ္ရွိကုန္ပစၥည္းမ်ား (Dangerous Goods) လည္း ပို႔ေဆာင္ႏိုင္ၿပီး ရန္ကုန္ၿမိဳ႕မွ အေျချပဳ၍ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသို႔ ကုန္ပစၥည္းသယ္ယူပို႔ေဆာင္သည့္ ခရီးစဥ္မ်ားကို ပိုမိုခ်ဲ႕ထြင္ ပ်ံသန္းပို႔ေဆာင္ႏိုင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ျပည္ပခရီးစဥ္ ပ်ံသန္းမႈအေနျဖင့္ ထိုင္း၊ စင္ကာပူ၊ တ႐ုတ္၊ ကိုရီးယား၊ အိႏၵိယ စသည့္ႏိုင္ငံမ်ားကို ပုံမွန္ခရီးစဥ္မ်ား ပ်ံသန္းေျပးဆြဲေနသည့္အျပင္ ဗုဒၶဂါယာဘုရားဖူး စင္းလုံးငွားခရီးစဥ္မ်ားကိုလည္း ပ်ံသန္းေျပးဆြဲေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.