အဆိုတော် အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ မော်ဒယ်ဖူးပွင့်ခိုင်ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်

6202
Pearl (NP News) - ဇန်နဝါရီ ၂၅
မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသော အဆိုတော် အေမီဈာန် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကာ မော်ဒယ်ဖူးပွင့်ခိုင်မှာမူ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)မှ တာဝန် ရှိသူတစ်ဦး၏ NP News ကို ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် အဆိုတော်အေမီဈာန်၊ မော်ဒယ်ဖူးပွင့်ခိုင်တို့နှင့်အတူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများသည် မလေးရှားရှိ ပီနန်းပြည်နယ်၌ ပြုလုပ်သည့်ပွဲတစ်ခုအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို ကား(၃)စီးဖြင့် ဂျာဝိရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ဖမ်းဆီးခံရသူများအနက်အထောက်အထား ပြည့်စုံသည့် မြန်မာနိုင်ငံသားအချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ယမန်နေ့ (ဇန်နဝါရီလ ၂၄ ရက်)တွင် အဆို တော် အေမီဈာန်အပါအဝင် ထိန်းသိမ်းခံအလုပ်သမားအချို့ကို ထပ်မံ၍ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မော်ဒယ် ဖူးပွင့်ခိုင်နှင့်အတူ မြန်မာလုပ်သားအချို့သည် ဆက်လက်ထိန်း သိမ်းခံထားရဆဲဖြစ်ပြီး မနက်ဖြန် (ဇန်နဝါရီလ ၂၆ ရက်) တွင် မလေးရှားနိုင်ငံဥပဒေအရ ချုပ်ရမန် ပြည့်ပြီဖြစ်၍ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
"အေမီဈာန် အပါအဝင် အလုပ်သမား တချို့ကို မနေ့က ပြန်လွှတ်ပေးလိုက်တယ်။ ရန်ကုန်ကပါလာတဲ့ နောက်ထပ်နှစ်ယောက်လည်း လွှတ်ပေးလိုက်ပြီ။ ကီဘုတ်တီးတဲ့သူနဲ့ ဖူးပွင့်ခိုင်က မလွတ်သေးဘူး။ ချုပ်ရမန်ပြည့်ပြီ။ မနက်ဖြန်ရုံးတင်မယ်လို့ ယူဆရတယ်"ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
၎င်းတို့ကို ပီနန်းပြည်နယ်၊ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club တွင် ကျင်းပခဲ့သည့် Sexy မော်ဒယ်တစ်ဦးဖြစ်သူ ဖူးပွင့်ခိုင်၏ မွေးနေ့ပွဲ၌ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကာ ၎င်းတို့ ပြန်လည်လွတ်မြောက်ရေးအတွက် မလေးရှားရောက် မြန်မာနိုင်ငံသားများကလည်း ကူညီပေးနေလျက်ရှိသည်။
“သိရတာတော့ ဖူးပွင့်ခိုင် မွေးနေ့မှာ ဖိတ်ထားတဲ့သူတွေ လာတယ်။ ကျန်တဲ့ မြန်မာအလုပ်သမားတွေကတော့ ဖူးပွင့်ခိုင်တို့က ဆယ်လီ မို့လို့လာကြတယ်လို့ ထွက်ဆိုထားပါတယ်။ ဒါကြောင့် ပြစ်ဒဏ်ကိုလည်း လျော့ပေါ့ထားတယ်လို့ သိရတယ်”ဟု ၎င်းက ဆိုသည်။
အဆိုတော်အေမီဈာန် ကလည်း ၎င်း၏ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာထက်တွင် 24•1•24 (Wednesday) ဆိုသော စာသားကို ရေးတင်ထားသည်ကိုလည်း တွေ့ရသည်။

zawgyi version
အဆိုေတာ္ ေအမီဈာန္ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ကာ ေမာ္ဒယ္ဖူးပြင့္ခိုင္ဆက္လက္ထိန္းသိမ္းခံထားရဆဲျဖစ္
Pearl (NP News) - ဇန္နဝါရီ ၂၅
မေလးရွားႏိုင္ငံတြင္ ထိန္းသိမ္းခံခဲ့ရေသာ အဆိုေတာ္ ေအမီဈာန္ ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ကာ ေမာ္ဒယ္ဖူးပြင့္ခိုင္မွာမူ ဆက္လက္ထိန္းသိမ္းခံထားရဆဲျဖစ္ေၾကာင္း ျမန္မာလူမႈကူညီေရးအသင္း (မေလးရွား)မွ တာဝန္ ရွိသူတစ္ဦး၏ NP News ကို ေျပာၾကားခ်က္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ဇန္နဝါရီလ ၁၃ ရက္တြင္ အဆိုေတာ္ေအမီဈာန္၊ ေမာ္ဒယ္ဖူးပြင့္ခိုင္တို႔ႏွင့္အတူ မေလးရွားႏိုင္ငံေရာက္ ျမန္မာအလုပ္သမားမ်ားသည္ မေလးရွားရွိ ပီနန္းျပည္နယ္၌ ျပဳလုပ္သည့္ပြဲတစ္ခုအတြင္း ဖမ္းဆီးထိန္းသိမ္းခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
၎တို႔ကို ကား(၃)စီးျဖင့္ ဂ်ာဝိရဲစခန္းသို႔ ေခၚေဆာင္သြားခဲ့ၿပီးေနာက္ ဖမ္းဆီးခံရသူမ်ားအနက္အေထာက္အထား ျပည့္စုံသည့္ ျမန္မာႏိုင္ငံသားအခ်ိဳ႕ကို ျပန္လႊတ္ေပးခဲ့ၿပီး ယမန္ေန႔ (ဇန္နဝါရီလ ၂၄ ရက္)တြင္ အဆို ေတာ္ ေအမီဈာန္အပါအဝင္ ထိန္းသိမ္းခံအလုပ္သမားအခ်ိဳ႕ကို ထပ္မံ၍ ျပန္လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေမာ္ဒယ္ ဖူးပြင့္ခိုင္ႏွင့္အတူ ျမန္မာလုပ္သားအခ်ိဳ႕သည္ ဆက္လက္ထိန္း သိမ္းခံထားရဆဲျဖစ္ၿပီး မနက္ျဖန္ (ဇန္နဝါရီလ ၂၆ ရက္) တြင္ မေလးရွားႏိုင္ငံဥပေဒအရ ခ်ဳပ္ရမန္ ျပည့္ၿပီျဖစ္၍ ႐ုံးထုတ္စစ္ေဆးမည္ျဖစ္ေၾကာင္း သိရသည္။
"ေအမီဈာန္ အပါအဝင္ အလုပ္သမား တခ်ိဳ႕ကို မေန႔က ျပန္လႊတ္ေပးလိုက္တယ္။ ရန္ကုန္ကပါလာတဲ့ ေနာက္ထပ္ႏွစ္ေယာက္လည္း လႊတ္ေပးလိုက္ၿပီ။ ကီဘုတ္တီးတဲ့သူနဲ႔ ဖူးပြင့္ခိုင္က မလြတ္ေသးဘူး။ ခ်ဳပ္ရမန္ျပည့္ၿပီ။ မနက္ျဖန္႐ုံးတင္မယ္လို႔ ယူဆရတယ္"ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
၎တို႔ကို ပီနန္းျပည္နယ္၊ ဘာတာဝပ္ၿမိဳ႕ရွိ Royce Luxury Night Club တြင္ က်င္းပခဲ့သည့္ Sexy ေမာ္ဒယ္တစ္ဦးျဖစ္သူ ဖူးပြင့္ခိုင္၏ ေမြးေန႔ပြဲ၌ ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ကာ ၎တို႔ ျပန္လည္လြတ္ေျမာက္ေရးအတြက္ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားမ်ားကလည္း ကူညီေပးေနလ်က္ရွိသည္။
“သိရတာေတာ့ ဖူးပြင့္ခိုင္ ေမြးေန႔မွာ ဖိတ္ထားတဲ့သူေတြ လာတယ္။ က်န္တဲ့ ျမန္မာအလုပ္သမားေတြကေတာ့ ဖူးပြင့္ခိုင္တို႔က ဆယ္လီ မို႔လို႔လာၾကတယ္လို႔ ထြက္ဆိုထားပါတယ္။ ဒါေၾကာင့္ ျပစ္ဒဏ္ကိုလည္း ေလ်ာ့ေပါ့ထားတယ္လို႔ သိရတယ္”ဟု ၎က ဆိုသည္။
အဆိုေတာ္ေအမီဈာန္ ကလည္း ၎၏ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာထက္တြင္ 24•1•24 (Wednesday) ဆိုေသာ စာသားကို ေရးတင္ထားသည္ကိုလည္း ေတြ႕ရသည္။