မြန်မာ၏ စိတ်ပျက်ရင်လေးဖွယ် လက်ရှိ စစ်ရေးပဋိပက္ခ (ဆောင်းပါး)

 3523

Htay Oung (NP News) - ဇန်နဝါရီ ၂၆

တိုင်းပြည်တစ်ပြည်ဟာ အလွယ်တကူပျက်ဖို့ ခဲယဉ်းပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နိုင်ငံဆိုတဲ့လူ့အဖွဲ့အစည်း ကြီးရဲ့လူတန်းစားအလွှာအသီးသီးအပေါ် ဖိအားပြင်းထန်လာတဲ့အခါ မထင်မှတ်ပဲ စုစည်းသွားတတ်လို့ဖြစ်ပါ တယ်။

ဒါပေမယ့် ပျက်ပြီဟေ့ ဆိုရင်လဲ လေးစင်တိုင်ပြိုသလိုဖြစ်ပြီး ပြန်လည်ထူထောင်ဖို့လည်း အလွန်ခဲယဉ်းတတ် ကြောင်း လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ ယီမင်၊ အာဖဂန်၊ ဆူဒန်နိုင်ငံတို့ကို ကြည့်ရင် သိသာနိုင်ပါတယ်။
#ဒီဘက်ခေတ်_တိုင်းပြည်တစ်ပြည်မှာ_လက်နက်ကိုင်အုပ်စုကွဲတွေနဲ့_ပရမ်းပတာဖြစ်တဲ့အခါ_အိမ်နီးချင်းနိုင်ငံတွေလည်း #ပဋိပက္ခထဲဝင်ပါပြီး-စစ်ပွဲကျယ်ပြန့်သွားတတ်တယ်။ #အဲဒါ_စစ်တိုက်ချင်လို့မဟုတ်ဘဲ သူ့တိုင်းပြည် အတွင်း #စစ်ရောက်လာမှာကို_ကြိုတင်ကာကွယ်တာလဲ_ပါပါတယ်။

ရေမြေသဘာဝအရ မြန်မာပြည်ဟာ သမိုင်းတလျောက် စစ်လက်နက်နိုင်ငံပါ၊ ထက်မြက်တဲ့ဘုရင်လက်ထက် နိုင်ငံ ကျယ်ပြန့်ချမ်းသာတယ်။ ပျော့ညံတဲ့ဘုရင်လက်ထက်မှာတော့ ဆင်းရဲမွဲတေ တိုင်းပြည်မငြိမ်မသက်ဖြစ်ရာက ပြိုကွဲပျက်စီးတဲ့အထိ အကြိမ်ကြိမ်ဖြစ်ဖူးတယ်။
ကမ္ဘာနဲ့ မြန်မာ့သမိုင်းဟောင်းမှာတော့ အုပ်ချုပ်သူမရှိ (သို့မဟုတ်) မင်းမဲ့တိုင်းပြည်၊ ရှင်းရှင်းပြောရရင် သူတစ်လူ ငါတစ်မင်း ဗရမ်းဗတာအခြေအနေတဲ့ နှစ်အတန်ကြာ ရပ်တည်ခဲ့ဖူးပေမယ့် မျက်မှောက်ခေတ်သစ်မှာတော့ အဲဒီ ထက်ဆိုးတတ် ကြာမြင့်တတ်ကြောင်း တွေ့ရပါတယ်။ ခေတ်သစ်ကမ္ဘာမှာ ပထဝီနိုင်ငံရေးအချက်အချာကျ နိုင်ငံငယ်အားလုံးလိုလိုမှာ နိုင်ငံကြီးတွေရဲ့မွှေနှောက်ကစားခြင်းခံရတာ ထုံးစံလိုလို ဖြစ်နေပါတယ်။ မြန်မာမှာ အဲဒီလို ကစားမခံရအောင် အုပ်ချုပ်သူတိုင်းက အစဉ်အမြဲ သတိရှိသင့်တယ်။ ပြင်ဆင်ထားသင့်ပါတယ်။ နိုင်ငံသား များအနေနဲ့လည်း ပထဝီနိုင်ငံရေး ရေချိန် အထိုက်လျောက်ရှိသင့်ပါတယ်။ အချိန်ပြည့် အကွက်ချောင်းခံနေရ ကြောင်း နားလည်သင့်ပါတယ်။

ဒီနေရာမှာ အာရှနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံများအတွင်း ပထဝီနိုင်ငံရေးဆက်စပ်မှုနဲ့ပဋိပက္ခများအကြောင်း အတိုချုံး ပြောပြချင်ပါတယ်။

အာရှတိုက်အရှေ့ပိုင်းမှာ အမေရိကန်-တရုတ်-ရုရှားတို့ ပါဝင်ပတ်သက်ပြီး ပြင်းထန်ကျယ်ပြန်တဲ့ စစ်ပွဲအဖြစ် ၁၉၅ဝ-၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲနဲ့ ၁၉၄၅-၁၉၉၁ ခုနှစ် အင်ဒိုချိုင်းနားစစ်ပွဲတို့ဟာ သက်ဆိုင်ရာနိုင်ငံ များအလိုက်ဖြစ်ပွားခဲ့ပါတယ်။
ပထမအင်ဒိုချိုင်းနားစစ်ပွဲဟာ ၁၉၄၅ ဒုတ်ိယကမ္ဘာစစ်အပြီး ကိုလိုနီလက်အောက်မှာ လွတ်မြောက်စ ကမ္ဘာ့နိုင်ငံများ သဘောထားအမြင် ဆန်းသစ်လာခြင်းနဲ့အတူ ကိုလိုနီအရှင်သခင် ပြင်သစ်နဲ့ လော-ဗီယက်နမ်-ကမ္ဘောဒီးယားနိုင်ငံ များအတွင်း ၁၉၅၄ ခုနှစ်အထိ ဖြစ်ပွားခဲ့ပါတယ်။
ဒုတိယအင်ဒိုချိုင်းနား စစ်ပွဲမှာတော့ အရှေ့တောင်အာရှမှ တပ်များဆုတ်ခွာသွားတဲ့ပြင်သစ်နေရာမှာ အစားထိုးဝင် ရောက်လာတဲ့ အမေရိကန်နဲ့ အထက်ဖော်ပြပါ မဲခေါင်လန်ချန်း ၃ နိုင်ငံတို့အကြား ၁၉၅၄-၁၉၉၁ ခုနှစ်အထိ ဖြစ်ပွားခဲ့ပြီး “ဗီယက်နမ်_စစ်ပွဲ” လို့ ကမ္ဘာက သိကြပါတယ်။
အာဆီယံလို့ခေါ်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းကြီးကို ဗီယက်နမ်စစ်ပွဲပြင်းထန်နေခိုက် အမေရိကန် လေတပ်စခန်းကို အခြေစိုက်ခွင့်ပြုထားတဲ့ ထိုင်းနိုင်ငံက ဘန်ကောက်ကြေညာစာတမ်းအရ ၁၉၆၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး စင်္ကာပူ၊ ဖိလစ်ပိုင်၊ မလေးရှား၊ အင်ဒိုနီးရှားတို့ ပါဝင်ပါတယ်။ အဲ့ဒါကြောင့် အာဆီယံအဖွဲ့ကြီး ဟာ “တရုတ်ကြောက်_အနောက်လိုလား” သဘောထားအမြင်များနဲ့ တာထွက်ခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။
အဲဒီနောက် အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် ဘရူနိုင်း(၁၉၈၄)၊ ဗီယက်နမ် (၁၉၉၅) လောနဲ့ မြန်မာ (၁၉၉၇)၊ ကမ္ဘောဒီးယား (၁၉၉၉ ခုနှစ်) တို့ ပါဝင်လာပါတယ်။ ကမ္ဘာ့ကြီးရဲ့ ၃ ရာခိုင်နှုန်းကို လွှမ်းခြုံထားပြီး နိုင်ငံရေးစနစ် မတူညီတဲ့နိုင်ငံ (၁ဝ)နိုင်ငံပါ အဖွဲ့ကြီးဖြစ်လာပါတယ်။ ဒီနေရာမှာ နိုင်ငံတစ်နိုင်ငံချင်းအလိုက် အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့ ခုနှစ်သက္ကရာဇ်များနဲ့ အဲဒီနိုင်ငံများရဲ့ အုပ်ချုပ်ရေး-စစ်ရေးသမိုင်းကြောင်းများဟာ အလွန်စိတ်ဝင်စား စရာကောင်းပါတယ်။

အဲဒီအတောအတွင်း နယ်ခြားပိုင်ဆိုင်မှုအငြင်းပွားရာမှ ၁၉၆၂ ခုနှစ် တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား အတိအလင်း စစ်ခင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ကချင်ပြည်နယ်အနောက်ပိုင်းနဲ့ထိစပ်နေတဲ့ အာရူနာချယ်ပရာဒက်ရှ်ပြည်နယ် (ဘူတန်အနီး) တာဝမ်ဒေသ အပါအဝင် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။ နျူလက်နက်ပိုင် ကမ္ဘာ့လူဦးရေအများဆုံး အိမ်နီးချင်းနိုင်ငံကြီးနှစ်နိုင်ငံရဲ့စစ်တပ်ချင်း ရန်စောင်ရာနေရာဟာ မြန်မာ့နယ်မြေနဲ့လည်း ထိစပ်နေတဲ့ “မက်မဟွန်မျဉ်း” တစ်လျှောက်လည်း ပါဝင်ပါတယ်။
၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသစ် ပေါ်ထွန်းလာပါတယ်။ ခွဲထွက်တဲ့ အရှေ့ဘင်္ဂလားကို ယခုပါကစ္စတန်က တိုက်ခိုက်ဖြိုခွင်းရာမှာ အမေရိကန်နဲ့ တရုတ်တို့က ထောက်ခံခဲ့ပြီး၊ ရုရှားထောက်ခံတဲ့ ဘင်္ဂါလီတို့ဘက်က အိန္ဒိယ က ဝင်ရောက်ကူညီတဲ့အတွက် တတိယအကြိမ် အင်ဒို-ပါကစ္စတန်စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဟာ ကက်ရှ်မီးယားပိုင်ဆိုင်မှုသာမက ယခုနောက်ပိုင်း နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှု၊ ပိုင်နက်ကျူးကျော်မှု၊ အကြမ်းဖက်ကြောင်း အပြန်အလှန် စွပ်စွဲချက်များနဲ့ ယနေ့တိုင် မသင့်မြတ်နိုင်ဘဲ ရှိနေပါတယ်။

တရုတ် အပါအဝင် အာဆီယံနိုင်ငံအချို့နဲ့ထိစပ်နေတဲ့ တောင်တရုတ်ပင်လယ်အတွင်း သူ့ရဲ့နယ်မြေပိုင်ဆိုင်မှုကို ဒုတိယကမ္ဘာစစ်မတိုင်မီ ကူမင်တန်အစိုးရလက်ထက် ပေကျင်းက “မျဉ်းကြောင်း ၁၁-လိုင်း” နဲ့ သတ်မှတ်ခဲ့ပါတယ်။ တရုတ်ပြည်မကြီးကို ကွန်မြူနစ်တို့က သိမ်းယူပြီး ၁၉၅၉ ခုနှစ် ချူအင်လိုင်းလက်ထက် “မျဉ်းကြောင်း ၉ ခု” အဖြစ် ပြန်လည်ပြင်ဆင်ခဲ့ပြီး၊ အရှေ့နဲ့ တောင်တရုတ်ပင်လယ်ရေပြင်ကိုသာမက ကျွန်းများ၊ သန္တာကျောက်တန်းများကို လည်း သူတို့အပိုင်ဖြစ်ကြောင်း တောင်းဆိုဖော်ပြထားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ဘရူနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ပြည်မကြီးတို့အကြား နယ်မြေပိုင်ဆိုင်ကြောင်း အငြင်းပွားမှု စတင်ခဲ့ပါတယ်။

ကမ္ဘာ့ကုန်သွယ်မှုအနက် နှစ်စဉ် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃.၃၇ ထရီလီယံတန်ဖိုးဟာ တောင်တရုတ် ပင်လယ်ကိုဖြတ်ကျော်သွားရပြီး ကမ္ဘာ့ရေကြောင်းကုန်သွယ်မှုရဲ့သုံးပုံတစ်ပုံရှိနေပါတယ်။ ပေကျင်းရဲ့ စွမ်းအင် တင်သွင်းမှု ၈ဝ ရာခိုင်နှုန်းနဲ့ တရုတ်တစ်နိုင်ငံလုံး စုစုပေါင်းကုန်သွယ်မှုရဲ့ ၃၉.၅ ရာခိုင်နှုန်းဟာ တောင်တရုတ် ပင်လယ်အပေါ် မှီခိုနေရပါတယ်။ တောင်တရုတ်ပင်လယ် အစိတ်အပိုင်းအသီးသီးမှာ ငါးလုပ်ငန်းလုပ်ပိုင်ခွင့်များကို ထိန်းသိမ်း (သို့မဟုတ်) ရယူခြင်း၊ ပင်လယ်ကြမ်းပြင်မှ ရေနံစိမ်းနဲ့ သဘာဝဓာတ်ငွေ့များကို တူးဖော်ခြင်း အလားအလာများ၊ အရေးကြီး ကုန်သွယ်ရေလမ်းကြောင်းများကို မဟာဗျူဟာမြောက်ထိန်းချုပ်ခွင့်ရရှိရေးတို့ဟာ ပိုင်ဆိုင်ကြောင်း အငြင်းပွားနိုင်ငံများအကြား အကျိုးစီးပွားများနဲ့ ဆက်စပ်နေပါတယ်။

အဲဒီနောက်ပိုင်း ပေကျင်းရဲ့စီးပွားရေး စစ်ရေးအင်အားကြီးထွားလာခြင်းနဲ့အတူ တောင်တရုတ်ပင်လယ် အငြင်းပွား ရေပြင်အတွင်း လူလုပ်ကျွန်းတုများနဲ့ ဆိပ်ခံတံတားများ၊ လေယာဉ်ပြေးလမ်းများနဲ့ လူနေအဆောက်အအုံများ တည်ဆောက်ခြင်းဟာ အငြင်းပွားနိုင်ငံများသာမက ရေလမ်းကြောင်းကို အသုံးပြူနေတဲ့ ကမ္ဘာ့နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ ဆက်လက်ဖြစ်ပွားနေတဲ့အငြင်းပွားမှုများဟာ ကုန်သွယ်ရေကြောင်း ပို့ဆောင်မှုအတွက် စိန်ခေါ်မှုများရှိနေပြီ ရေကြောင်းလုံခြုံရေးမှာလည်း ပြဿနာတစ်ရပ်ဖြစ်နေပါတယ်။

ကျွန်းနိုင်ငံရဲ့သီးခြားလွတ်လပ်တဲ့ တိုင်းပြည်အဖြစ် ကြေညာလိုခြင်းနဲ့အတူ ထိုင်၀မ်ရေလက်ကြားတင်းမာမှုဟာ အတိတ်ကာလ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့ ဒေသကြီးအတွင်း ရုရှား-ဂျပန်-ကိုရီးယားကျွန်းဆွယ်နဲ့ တရုတ်တို့အသီးသီး ကြား စစ်ရိပ်စစ်ငွေ့များ ယှက်သန်းလာပါတယ်။ တရုတ်သြဇာလွှမ်းမိုးမှုဟန့်တားရေး အမေရိကန်နဲ့ အနောက် အုပ်စုရဲ့ခြေလှမ်းဟာ တရုတ်ကို ဝိုင်းပတ်ထားတဲ့ ဒေသအတွင်းနိုင်ငံများသာမက ပစိဖိတ်ကျွန်းနိုင်ငံများအထိ ကျယ်ပြန့် ပြင်းထန်လာပါတယ်။

ဒီအတွက် “ရှီကျင့်ဖျင်ရဲ့_ရပ်၀န်းနဲ့လမ်းများစီမံကိန်း” BRI ဟာ တရုတ်ကို ပိုမိုအင်အားကြီးမားပြီး မဟာဗျူဟာ ကျကျ သြဇာနယ်မြေဖြန့် ကျက်နိုင်အောင် လှမ်းတက်နိုင်မယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါ။ နိုင်ငံပေါင်း ၁၅၁ နိုင်ငံ အကျုံးဝင်မယ့် BRI လို့ခေါ်တဲ့ ရေတလမ်းကုန်းတလမ်းအဖြေဆန်း (带一路) အမည်ဖြင့် လူသိများတဲ့ ကမ္ဘာလုံးဆိုင်ရာမဟာစီမံကိန်းကြီးမှာ တောင်တရုတ်ပင်လယ်၊ မလက္ကာရေလက်ကြားမှ အိန္ဒိယသမုဒ္ဒရာထိ ရေလမ်းကြောင်းလည်း ပါ၀င်ပါတယ်။

ကုန်းလမ်းပိုင်းမှာတော့ #တရုတ်-ပါကစ္စတန်_စီးပွားရေးစင်္ကြန်လမ်း #CPEC ဟာ တရုတ်အနောက်ပိုင်း ရှင်းကျန့် ပြည်နယ်မှ အနောက်တောင်ဘက် ပါကစ္စတန်_ဂွာဒါဆိပ်ကမ်းအထိ ကားလမ်း-ရထားလမ်းစီမံကိန်းဖြစ်ပါတယ်။ အငြင်းပွားတောင်တရုတ်ရေပြင်နဲ့ သံသယမျက်လုံးများနဲ့ စောင့်ကြည့်နေတဲ့ အာဆီယံတိုင်းပြည်များကို ရှောင်ကွင်း ပြီး အာရေဗျပင်လယ်မှ အရှေ့အလယ်ပိုင်းနဲ့ ဥရောပအထိ #တရုတ်ရဲ_အနောက်တောင်ဖျား_ #ကုန်းတွင်း ထွက်ပေါက်ဖြစ်ပါတယ်၊ ၂ဝ၁၅ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ရာခိုင်နှုန်းအချို့ပြီးစီး၊ အချို့ဖျက်သိမ်း၊ ကျန်အစိတ်အပိုင်းများကို ဆက်လက်တည်ဆောက်နေဆဲဖြစ်ပါတယ်။

ထူးဆန်းတာက အမေရိကန်ကို မုန်းတီးတယ်ဆိုတဲ့ အစ္စလာမ်မစ်အစွန်းရောက်လက်နက်ကိုင်တွေဟာ တရုတ် စီမံကိန်းကိုလည်း ဖျက်လိုဖျက်ဆီးလုပ်နေကြပြီး တရုတ်လုပ်သားများကို ပြန်ပေးဆွဲခြင်း၊ မိုင်းထောင် နှောင့်ယှက် ခြင်းများ ပြုလုပ်နေပါတယ်။

အလားတူ တရုတ်ရဲ့အနောက်တောင်ဘက် ကုန်းလမ်းထွက်ပေါက်ကတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံလမ်း ကြောင်း CMEC ဖြစ်ပါတယ်။ (၁) ယူနန်ပြည်နယ်မှ မန္တလေးမြို့ကို ဗဟိုထားပြီး ရခိုင်ကျောက်ဖြူအထိ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်အပြင်၊ (၂) မန္တလေးမှ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ကို ဖြတ်သန်းပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံများအရောက် ကားလမ်း၊ ရထားလမ်း ပါ၀င်ပါတယ်။
ဒီလောက်ဆိုရင် မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပွားနေဆဲ စိတ်ပျက်ရင်လေးဖွယ် လက်နက်ကိုင်ပဋိပက္ခဟာ ကျွန်တော်တို့နိုင်ငံအတွင်း ကွက်ကွက်လေးလို့ ထင်မှတ်ရပေမယ့် ဒီဘက်ခေတ် အင်အားကြီးနိုင်ငံများ အသုံးများတဲ့ (ကိုယ်တိုင် လူသိရှင်ကြား ၀င်မပါပဲ) ကိုယ်စားပြုစစ် Proxy_War ဖြစ်နိုင်-မဖြစ်နိုင် စာဖတ်ရှုသူများ ဝေဖန်သုံးသပ် နိုင်ပြီလို့ ယူဆပါတယ်။
အစဉ်လေးစားစွာဖြင့်..
#HtayOung, #OungMarine

Zawgyi Version;
ျမန္မာ၏ စိတ္ပ်က္ရင္ေလးဖြယ္ လက္ရွိ စစ္ေရးပဋိပကၡ (ေဆာင္းပါး)
Htay Oung (NP News) - ဇန္နဝါရီ ၂၆

တိုင္းျပည္တစ္ျပည္ဟာ အလြယ္တကူပ်က္ဖို႔ ခဲယဥ္းပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ႏိုင္ငံဆိုတဲ့လူ႔အဖြဲ႕အစည္း ႀကီးရဲ႕လူတန္းစားအလႊာအသီးသီးအေပၚ ဖိအားျပင္းထန္လာတဲ့အခါ မထင္မွတ္ပဲ စုစည္းသြားတတ္လို႔ျဖစ္ပါ တယ္။

ဒါေပမယ့္ ပ်က္ၿပီေဟ့ ဆိုရင္လဲ ေလးစင္တိုင္ၿပိဳသလိုျဖစ္ၿပီး ျပန္လည္ထူေထာင္ဖို႔လည္း အလြန္ခဲယဥ္းတတ္ ေၾကာင္း လြန္ခဲ့တဲ့ဆယ္စုႏွစ္မ်ားအတြင္း အီရတ္၊ လစ္ဗ်ား၊ ဆီးရီးယား၊ ယီမင္၊ အာဖဂန္၊ ဆူဒန္ႏိုင္ငံတို႔ကို ၾကည့္ရင္ သိသာႏိုင္ပါတယ္။
#ဒီဘက္ေခတ္_တိုင္းျပည္တစ္ျပည္မွာ_လက္နက္ကိုင္အုပ္စုကြဲေတြနဲ႔_ပရမ္းပတာျဖစ္တဲ့အခါ_အိမ္နီးခ်င္းႏိုင္ငံေတြလည္း #ပဋိပကၡထဲဝင္ပါၿပီး-စစ္ပြဲက်ယ္ျပန္႔သြားတတ္တယ္။ #အဲဒါ_စစ္တိုက္ခ်င္လို႔မဟုတ္ဘဲ သူ႔တိုင္းျပည္ အတြင္း #စစ္ေရာက္လာမွာကို_ႀကိဳတင္ကာကြယ္တာလဲ_ပါပါတယ္။

ေရေျမသဘာဝအရ ျမန္မာျပည္ဟာ သမိုင္းတေလ်ာက္ စစ္လက္နက္ႏိုင္ငံပါ၊ ထက္ျမက္တဲ့ဘုရင္လက္ထက္ ႏိုင္ငံ က်ယ္ျပန္႔ခ်မ္းသာတယ္။ ေပ်ာ့ညံတဲ့ဘုရင္လက္ထက္မွာေတာ့ ဆင္းရဲမြဲေတ တိုင္းျပည္မၿငိမ္မသက္ျဖစ္ရာက ၿပိဳကြဲပ်က္စီးတဲ့အထိ အႀကိမ္ႀကိမ္ျဖစ္ဖူးတယ္။
ကမာၻနဲ႔ ျမန္မာ့သမိုင္းေဟာင္းမွာေတာ့ အုပ္ခ်ဳပ္သူမရွိ (သို႔မဟုတ္) မင္းမဲ့တိုင္းျပည္၊ ရွင္းရွင္းေျပာရရင္ သူတစ္လူ ငါတစ္မင္း ဗရမ္းဗတာအေျခအေနတဲ့ ႏွစ္အတန္ၾကာ ရပ္တည္ခဲ့ဖူးေပမယ့္ မ်က္ေမွာက္ေခတ္သစ္မွာေတာ့ အဲဒီ ထက္ဆိုးတတ္ ၾကာျမင့္တတ္ေၾကာင္း ေတြ႕ရပါတယ္။ ေခတ္သစ္ကမာၻမွာ ပထဝီႏိုင္ငံေရးအခ်က္အခ်ာက် ႏိုင္ငံငယ္အားလုံးလိုလိုမွာ ႏိုင္ငံႀကီးေတြရဲ႕ေမႊေႏွာက္ကစားျခင္းခံရတာ ထုံးစံလိုလို ျဖစ္ေနပါတယ္။ ျမန္မာမွာ အဲဒီလို ကစားမခံရေအာင္ အုပ္ခ်ဳပ္သူတိုင္းက အစဥ္အၿမဲ သတိရွိသင့္တယ္။ ျပင္ဆင္ထားသင့္ပါတယ္။ ႏိုင္ငံသား မ်ားအေနနဲ႔လည္း ပထဝီႏိုင္ငံေရး ေရခ်ိန္ အထိုက္ေလ်ာက္ရွိသင့္ပါတယ္။ အခ်ိန္ျပည့္ အကြက္ေခ်ာင္းခံေနရ ေၾကာင္း နားလည္သင့္ပါတယ္။

ဒီေနရာမွာ အာရွနဲ႔ ျမန္မာ့အိမ္နီးခ်င္းႏိုင္ငံမ်ားအတြင္း ပထဝီႏိုင္ငံေရးဆက္စပ္မႈနဲ႔ပဋိပကၡမ်ားအေၾကာင္း အတိုခ်ဳံး ေျပာျပခ်င္ပါတယ္။

အာရွတိုက္အေရွ႕ပိုင္းမွာ အေမရိကန္-တ႐ုတ္-႐ုရွားတို႔ ပါဝင္ပတ္သက္ၿပီး ျပင္းထန္က်ယ္ျပန္တဲ့ စစ္ပြဲအျဖစ္ ၁၉၅ဝ-၁၉၅၃ ခုႏွစ္ ကိုရီးယားကြၽန္းဆြယ္စစ္ပြဲနဲ႔ ၁၉၄၅-၁၉၉၁ ခုႏွစ္ အင္ဒိုခ်ိဳင္းနားစစ္ပြဲတို႔ဟာ သက္ဆိုင္ရာႏိုင္ငံ မ်ားအလိုက္ျဖစ္ပြားခဲ့ပါတယ္။
ပထမအင္ဒိုခ်ိဳင္းနားစစ္ပြဲဟာ ၁၉၄၅ ဒုတ္ိယကမာၻစစ္အၿပီး ကိုလိုနီလက္ေအာက္မွာ လြတ္ေျမာက္စ ကမာၻ႔ႏိုင္ငံမ်ား သေဘာထားအျမင္ ဆန္းသစ္လာျခင္းနဲ႔အတူ ကိုလိုနီအရွင္သခင္ ျပင္သစ္နဲ႔ ေလာ-ဗီယက္နမ္-ကေမာၻဒီးယားႏိုင္ငံ မ်ားအတြင္း ၁၉၅၄ ခုႏွစ္အထိ ျဖစ္ပြားခဲ့ပါတယ္။
ဒုတိယအင္ဒိုခ်ိဳင္းနား စစ္ပြဲမွာေတာ့ အေရွ႕ေတာင္အာရွမွ တပ္မ်ားဆုတ္ခြာသြားတဲ့ျပင္သစ္ေနရာမွာ အစားထိုးဝင္ ေရာက္လာတဲ့ အေမရိကန္နဲ႔ အထက္ေဖာ္ျပပါ မဲေခါင္လန္ခ်န္း ၃ ႏိုင္ငံတို႔အၾကား ၁၉၅၄-၁၉၉၁ ခုႏွစ္အထိ ျဖစ္ပြားခဲ့ၿပီး “ဗီယက္နမ္_စစ္ပြဲ” လို႔ ကမာၻက သိၾကပါတယ္။
အာဆီယံလို႔ေခၚတဲ့ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းႀကီးကို ဗီယက္နမ္စစ္ပြဲျပင္းထန္ေနခိုက္ အေမရိကန္ ေလတပ္စခန္းကို အေျခစိုက္ခြင့္ျပဳထားတဲ့ ထိုင္းႏိုင္ငံက ဘန္ေကာက္ေၾကညာစာတမ္းအရ ၁၉၆၇ ခုႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့ၿပီး စကၤာပူ၊ ဖိလစ္ပိုင္၊ မေလးရွား၊ အင္ဒိုနီးရွားတို႔ ပါဝင္ပါတယ္။ အဲ့ဒါေၾကာင့္ အာဆီယံအဖြဲ႕ႀကီး ဟာ “တ႐ုတ္ေၾကာက္_အေနာက္လိုလား” သေဘာထားအျမင္မ်ားနဲ႔ တာထြက္ခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။
အဲဒီေနာက္ အဖြဲ႕ဝင္ႏိုင္ငံသစ္မ်ားအျဖစ္ ဘ႐ူႏိုင္း(၁၉၈၄)၊ ဗီယက္နမ္ (၁၉၉၅) ေလာနဲ႔ ျမန္မာ (၁၉၉၇)၊ ကေမာၻဒီးယား (၁၉၉၉ ခုႏွစ္) တို႔ ပါဝင္လာပါတယ္။ ကမာၻ႔ႀကီးရဲ႕ ၃ ရာခိုင္ႏႈန္းကို လႊမ္းၿခဳံထားၿပီး ႏိုင္ငံေရးစနစ္ မတူညီတဲ့ႏိုင္ငံ (၁ဝ)ႏိုင္ငံပါ အဖြဲ႕ႀကီးျဖစ္လာပါတယ္။ ဒီေနရာမွာ ႏိုင္ငံတစ္ႏိုင္ငံခ်င္းအလိုက္ အာဆီယံအဖြဲ႕ဝင္ ျဖစ္လာတဲ့ ခုႏွစ္သကၠရာဇ္မ်ားနဲ႔ အဲဒီႏိုင္ငံမ်ားရဲ႕ အုပ္ခ်ဳပ္ေရး-စစ္ေရးသမိုင္းေၾကာင္းမ်ားဟာ အလြန္စိတ္ဝင္စား စရာေကာင္းပါတယ္။

အဲဒီအေတာအတြင္း နယ္ျခားပိုင္ဆိုင္မႈအျငင္းပြားရာမွ ၁၉၆၂ ခုႏွစ္ တ႐ုတ္-အိႏၵိယႏွစ္ႏိုင္ငံအၾကား အတိအလင္း စစ္ခင္းခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံ ကခ်င္ျပည္နယ္အေနာက္ပိုင္းနဲ႔ထိစပ္ေနတဲ့ အာ႐ူနာခ်ယ္ပရာဒက္ရွ္ျပည္နယ္ (ဘူတန္အနီး) တာဝမ္ေဒသ အပါအဝင္ ႏွစ္ႏိုင္ငံနယ္စပ္တစ္ေလွ်ာက္တိုက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့ပါတယ္။ န်ဴလက္နက္ပိုင္ ကမာၻ႔လူဦးေရအမ်ားဆုံး အိမ္နီးခ်င္းႏိုင္ငံႀကီးႏွစ္ႏိုင္ငံရဲ႕စစ္တပ္ခ်င္း ရန္ေစာင္ရာေနရာဟာ ျမန္မာ့နယ္ေျမနဲ႔လည္း ထိစပ္ေနတဲ့ “မက္မဟြန္မ်ဥ္း” တစ္ေလွ်ာက္လည္း ပါဝင္ပါတယ္။
၁၉၇၁ ခုႏွစ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံသစ္ ေပၚထြန္းလာပါတယ္။ ခြဲထြက္တဲ့ အေရွ႕ဘဂၤလားကို ယခုပါကစၥတန္က တိုက္ခိုက္ၿဖိဳခြင္းရာမွာ အေမရိကန္နဲ႔ တ႐ုတ္တို႔က ေထာက္ခံခဲ့ၿပီး၊ ႐ုရွားေထာက္ခံတဲ့ ဘဂၤါလီတို႔ဘက္က အိႏၵိယ က ဝင္ေရာက္ကူညီတဲ့အတြက္ တတိယအႀကိမ္ အင္ဒို-ပါကစၥတန္စစ္ပြဲျဖစ္ပြားခဲ့ပါတယ္။ အိႏၵိယနဲ႔ ပါကစၥတန္တို႔ ဟာ ကက္ရွ္မီးယားပိုင္ဆိုင္မႈသာမက ယခုေနာက္ပိုင္း နယ္စပ္ျဖတ္ေက်ာ္ပစ္ခတ္မႈ၊ ပိုင္နက္က်ဴးေက်ာ္မႈ၊ အၾကမ္းဖက္ေၾကာင္း အျပန္အလွန္ စြပ္စြဲခ်က္မ်ားနဲ႔ ယေန႔တိုင္ မသင့္ျမတ္ႏိုင္ဘဲ ရွိေနပါတယ္။

တ႐ုတ္ အပါအဝင္ အာဆီယံႏိုင္ငံအခ်ိဳ႕နဲ႔ထိစပ္ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္အတြင္း သူ႔ရဲ႕နယ္ေျမပိုင္ဆိုင္မႈကို ဒုတိယကမာၻစစ္မတိုင္မီ ကူမင္တန္အစိုးရလက္ထက္ ေပက်င္းက “မ်ဥ္းေၾကာင္း ၁၁-လိုင္း” နဲ႔ သတ္မွတ္ခဲ့ပါတယ္။ တ႐ုတ္ျပည္မႀကီးကို ကြန္ျမဴနစ္တို႔က သိမ္းယူၿပီး ၁၉၅၉ ခုႏွစ္ ခ်ဴအင္လိုင္းလက္ထက္ “မ်ဥ္းေၾကာင္း ၉ ခု” အျဖစ္ ျပန္လည္ျပင္ဆင္ခဲ့ၿပီး၊ အေရွ႕နဲ႔ ေတာင္တ႐ုတ္ပင္လယ္ေရျပင္ကိုသာမက ကြၽန္းမ်ား၊ သႏၲာေက်ာက္တန္းမ်ားကို လည္း သူတို႔အပိုင္ျဖစ္ေၾကာင္း ေတာင္းဆိုေဖာ္ျပထားခဲ့ပါတယ္။ အဲဒီအခ်ိန္ကတည္းက ဘ႐ူႏိုင္း၊ မေလးရွား၊ ဖိလစ္ပိုင္၊ ဗီယက္နမ္နဲ႔ ျပည္မႀကီးတို႔အၾကား နယ္ေျမပိုင္ဆိုင္ေၾကာင္း အျငင္းပြားမႈ စတင္ခဲ့ပါတယ္။

ကမာၻ႔ကုန္သြယ္မႈအနက္ ႏွစ္စဥ္ ခန႔္မွန္းေျခ အေမရိကန္ေဒၚလာ ၃.၃၇ ထရီလီယံတန္ဖိုးဟာ ေတာင္တ႐ုတ္ ပင္လယ္ကိုျဖတ္ေက်ာ္သြားရၿပီး ကမာၻ႔ေရေၾကာင္းကုန္သြယ္မႈရဲ႕သုံးပုံတစ္ပုံရွိေနပါတယ္။ ေပက်င္းရဲ႕ စြမ္းအင္ တင္သြင္းမႈ ၈ဝ ရာခိုင္ႏႈန္းနဲ႔ တ႐ုတ္တစ္ႏိုင္ငံလုံး စုစုေပါင္းကုန္သြယ္မႈရဲ႕ ၃၉.၅ ရာခိုင္ႏႈန္းဟာ ေတာင္တ႐ုတ္ ပင္လယ္အေပၚ မွီခိုေနရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္ အစိတ္အပိုင္းအသီးသီးမွာ ငါးလုပ္ငန္းလုပ္ပိုင္ခြင့္မ်ားကို ထိန္းသိမ္း (သို႔မဟုတ္) ရယူျခင္း၊ ပင္လယ္ၾကမ္းျပင္မွ ေရနံစိမ္းနဲ႔ သဘာဝဓာတ္ေငြ႕မ်ားကို တူးေဖာ္ျခင္း အလားအလာမ်ား၊ အေရးႀကီး ကုန္သြယ္ေရလမ္းေၾကာင္းမ်ားကို မဟာဗ်ဴဟာေျမာက္ထိန္းခ်ဳပ္ခြင့္ရရွိေရးတို႔ဟာ ပိုင္ဆိုင္ေၾကာင္း အျငင္းပြားႏိုင္ငံမ်ားအၾကား အက်ိဳးစီးပြားမ်ားနဲ႔ ဆက္စပ္ေနပါတယ္။

အဲဒီေနာက္ပိုင္း ေပက်င္းရဲ႕စီးပြားေရး စစ္ေရးအင္အားႀကီးထြားလာျခင္းနဲ႔အတူ ေတာင္တ႐ုတ္ပင္လယ္ အျငင္းပြား ေရျပင္အတြင္း လူလုပ္ကြၽန္းတုမ်ားနဲ႔ ဆိပ္ခံတံတားမ်ား၊ ေလယာဥ္ေျပးလမ္းမ်ားနဲ႔ လူေနအေဆာက္အအုံမ်ား တည္ေဆာက္ျခင္းဟာ အျငင္းပြားႏိုင္ငံမ်ားသာမက ေရလမ္းေၾကာင္းကို အသုံးျပဴေနတဲ့ ကမာၻ႔ႏိုင္ငံမ်ားအတြက္ စိုးရိမ္စရာျဖစ္လာပါတယ္။ ဆက္လက္ျဖစ္ပြားေနတဲ့အျငင္းပြားမႈမ်ားဟာ ကုန္သြယ္ေရေၾကာင္း ပို႔ေဆာင္မႈအတြက္ စိန္ေခၚမႈမ်ားရွိေနၿပီ ေရေၾကာင္းလုံၿခဳံေရးမွာလည္း ျပႆနာတစ္ရပ္ျဖစ္ေနပါတယ္။

ကြၽန္းႏိုင္ငံရဲ႕သီးျခားလြတ္လပ္တဲ့ တိုင္းျပည္အျဖစ္ ေၾကညာလိုျခင္းနဲ႔အတူ ထိုင္၀မ္ေရလက္ၾကားတင္းမာမႈဟာ အတိတ္ကာလ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့တဲ့ ေဒသႀကီးအတြင္း ႐ုရွား-ဂ်ပန္-ကိုရီးယားကြၽန္းဆြယ္နဲ႔ တ႐ုတ္တို႔အသီးသီး ၾကား စစ္ရိပ္စစ္ေငြ႕မ်ား ယွက္သန္းလာပါတယ္။ တ႐ုတ္ၾသဇာလႊမ္းမိုးမႈဟန္႔တားေရး အေမရိကန္နဲ႔ အေနာက္ အုပ္စုရဲ႕ေျခလွမ္းဟာ တ႐ုတ္ကို ဝိုင္းပတ္ထားတဲ့ ေဒသအတြင္းႏိုင္ငံမ်ားသာမက ပစိဖိတ္ကြၽန္းႏိုင္ငံမ်ားအထိ က်ယ္ျပန္႔ ျပင္းထန္လာပါတယ္။

ဒီအတြက္ “ရွီက်င့္ဖ်င္ရဲ႕_ရပ္၀န္းနဲ႔လမ္းမ်ားစီမံကိန္း” BRI ဟာ တ႐ုတ္ကို ပိုမိုအင္အားႀကီးမားၿပီး မဟာဗ်ဴဟာ က်က် ၾသဇာနယ္ေျမျဖန္႔ က်က္ႏိုင္ေအာင္ လွမ္းတက္ႏိုင္မယ္ဆိုတာ သံသယျဖစ္ဖြယ္ မရွိပါ။ ႏိုင္ငံေပါင္း ၁၅၁ ႏိုင္ငံ အက်ဳံးဝင္မယ့္ BRI လို႔ေခၚတဲ့ ေရတလမ္းကုန္းတလမ္းအေျဖဆန္း (带一路) အမည္ျဖင့္ လူသိမ်ားတဲ့ ကမာၻလုံးဆိုင္ရာမဟာစီမံကိန္းႀကီးမွာ ေတာင္တ႐ုတ္ပင္လယ္၊ မလကၠာေရလက္ၾကားမွ အိႏၵိယသမုဒၵရာထိ ေရလမ္းေၾကာင္းလည္း ပါ၀င္ပါတယ္။

ကုန္းလမ္းပိုင္းမွာေတာ့ #တ႐ုတ္-ပါကစၥတန္_စီးပြားေရးစၾကၤန္လမ္း #CPEC ဟာ တ႐ုတ္အေနာက္ပိုင္း ရွင္းက်န္႔ ျပည္နယ္မွ အေနာက္ေတာင္ဘက္ ပါကစၥတန္_ဂြာဒါဆိပ္ကမ္းအထိ ကားလမ္း-ရထားလမ္းစီမံကိန္းျဖစ္ပါတယ္။ အျငင္းပြားေတာင္တ႐ုတ္ေရျပင္နဲ႔ သံသယမ်က္လုံးမ်ားနဲ႔ ေစာင့္ၾကည့္ေနတဲ့ အာဆီယံတိုင္းျပည္မ်ားကို ေရွာင္ကြင္း ၿပီး အာေရဗ်ပင္လယ္မွ အေရွ႕အလယ္ပိုင္းနဲ႔ ဥေရာပအထိ #တ႐ုတ္ရဲ_အေနာက္ေတာင္ဖ်ား_ #ကုန္းတြင္း ထြက္ေပါက္ျဖစ္ပါတယ္၊ ၂ဝ၁၅ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ရာခိုင္ႏႈန္းအခ်ိဳ႕ၿပီးစီး၊ အခ်ိဳ႕ဖ်က္သိမ္း၊ က်န္အစိတ္အပိုင္းမ်ားကို ဆက္လက္တည္ေဆာက္ေနဆဲျဖစ္ပါတယ္။

ထူးဆန္းတာက အေမရိကန္ကို မုန္းတီးတယ္ဆိုတဲ့ အစၥလာမ္မစ္အစြန္းေရာက္လက္နက္ကိုင္ေတြဟာ တ႐ုတ္ စီမံကိန္းကိုလည္း ဖ်က္လိုဖ်က္ဆီးလုပ္ေနၾကၿပီး တ႐ုတ္လုပ္သားမ်ားကို ျပန္ေပးဆြဲျခင္း၊ မိုင္းေထာင္ ေႏွာင့္ယွက္ ျခင္းမ်ား ျပဳလုပ္ေနပါတယ္။

အလားတူ တ႐ုတ္ရဲ႕အေနာက္ေတာင္ဘက္ ကုန္းလမ္းထြက္ေပါက္ကေတာ့ တ႐ုတ္-ျမန္မာစီးပြားေရးစႀကႍလမ္း ေၾကာင္း CMEC ျဖစ္ပါတယ္။ (၁) ယူနန္ျပည္နယ္မွ မႏၲေလးၿမိဳ႕ကို ဗဟိုထားၿပီး ရခိုင္ေက်ာက္ျဖဴအထိ အိႏၵိယ သမုဒၵရာထြက္ေပါက္အျပင္၊ (၂) မႏၲေလးမွ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္ကို ျဖတ္သန္းၿပီး အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံမ်ားအေရာက္ ကားလမ္း၊ ရထားလမ္း ပါ၀င္ပါတယ္။
ဒီေလာက္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕လက္ရွိျဖစ္ပြားေနဆဲ စိတ္ပ်က္ရင္ေလးဖြယ္ လက္နက္ကိုင္ပဋိပကၡဟာ ကြၽန္ေတာ္တို႔ႏိုင္ငံအတြင္း ကြက္ကြက္ေလးလို႔ ထင္မွတ္ရေပမယ့္ ဒီဘက္ေခတ္ အင္အားႀကီးႏိုင္ငံမ်ား အသုံးမ်ားတဲ့ (ကိုယ္တိုင္ လူသိရွင္ၾကား ၀င္မပါပဲ) ကိုယ္စားျပဳစစ္ Proxy_War ျဖစ္ႏိုင္-မျဖစ္ႏိုင္ စာဖတ္ရႈသူမ်ား ေဝဖန္သုံးသပ္ ႏိုင္ၿပီလို႔ ယူဆပါတယ္။
အစဥ္ေလးစားစြာျဖင့္..
#HtayOung, #OungMarine

Picture

Htoo Myat Thu

26/01/2024 20:17

ပဲလှော်ကြားဆားညပ်တဲ့ဒါဏ်ကို အလိမ္မာသုံးပြီး ဖြေရှင်းနိုင်မှအသက်ရှူချောင်မှာပါ.

Related news

© 2021. All rights reserved.