(၄)နှစ်နီးပါး ရပ်နားထားသည့် မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်

 3449

ယွန်း (NP News) - ဇန်နဝါရီ ၂၆

(၄)နှစ်နီးပါး ရပ်နားထားသည့် မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါချစ်ကြည်ရေးတံတားကို ယမန်နေ့(ဇန်နဝါရီလ ၂၅ ရက်) နံနက်ပိုင်းတွင် မြန်မာ-လာအိုနှစ်နိုင်ငံမှ တာဝန်ရှိသူများက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လာအို-မြန်မာချစ်ကြည်ရေးတံတားသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ရပ်နားခဲ့ရကြောင်း သိရသည်။

“အရင်ကတော့ ဖွင့်ထားပြီးသား။ သို့သော် ၂၀၂၀ လောက်ရောက်တော့ ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်တဲ့အချိန်မှာ ရပ်တန့်သွားခဲ့တာပါ။ ရှမ်းမြောက်က ကုန်စည်ကူးသန်းမှုပြတ်တောက်သွားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံဘက်ကနေထုတ်တဲ့ ဖရဲသီးတို့၊ သခွားမွှေးတို့ နောက်ပြီး ကုန်ငယ်လေးတွေကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလားဘက်ကနေသွားရတယ်။ အဲဒီလိုသွားတဲ့အခါမှာ မြန်မာရယ်၊ တရုတ်ရယ်၊ လာအိုရယ် (၃)နိုင်ငံကနေပြီးတော့ ကုန်စည်ကူးသန်းမှုတွေကို ပိုပြီးတော့ချောမွေ့အောင် ဖွင့်လိုက်တာဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က NP News ကိုပြောသည်။

အဆိုပါချစ်ကြည်ရေးတံတားဖွင့်လှစ်လိုက်ခြင်းကြောင့် မြန်မာ နိုင်ငံအနေဖြင့် လာအိုနိုင်ငံ အပြင် တရုတ်နိုင်ငံတို့ဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုများကို ပြန်လည်ဆောင်ရွက်နိုင်မည့်အပြင် ခရီးသွားလုပ်ငန်းအတွက်လည်း များစွာအထောက်အကူပြုနိုင်ကြောင်း သိရသည်။

“(၄)နှစ်နီးပါးလောက်ပိတ်ထားတာပေါ့။ အသွားအလာတွေကတော့ရှိပါတယ်။ ကူးသန်းသွားလာမှုနည်းနေတဲ့အတွက် ထပ်ပြီးတော့ဖွင့်လှစ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ထွက်ကုန်တွေကို လာအိုကိုလည်းပို့နိုင်မယ်။ နောက်တစ်ခုက တရုတ်နိုင်ငံကိုလည်းပို့နိုင်မယ်။ အဲဒီအတွက် ကုန်စည်ကူးသန်းသွားလာမှုတွေမှာ ပို့ကုန်တွေ၊ သွင်းကုန်တွေရဲ့ ကုန်သွယ်မှုပမာဏတွေပိုပြီးတော့ မြင့်တက်လာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေရလာမယ်။ ခရီးသွားလုပ်ငန်းတွေအတွက်လည်း အထောက်အကူ အများကြီးရလာနိုင်ပါတယ်”ဟု ဦးခွန်သိန်းမောင်က ဆက်လက်ပြောသည်။

မြန်မာ- လာအိုချစ်ကြည်ရေးတံတားကို ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျိုင်းလတ်မြို့ နှင့် လာအိုနိုင်ငံ လွန်နသန်ပြည် နယ် လောင်းဝ်ခရိုင်၊ ဟွေဟုန်းကျေးရွာသို့ ဆက်သွယ်ဖောက် လုပ်ထားခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၁၆)ရက်တွင် စတင် ဆောက်လုပ်ခဲ့ကြောင်းသိရသည်။

zawgyi version
(၄)ႏွစ္နီးပါး ရပ္နားထားသည့္ ျမန္မာ-လာအိုခ်စ္ၾကည္ေရးတံတားကို ျပန္လည္ဖြင့္လွစ္

ယြန္း (NP News) - ဇန္နဝါရီ ၂၆

(၄)ႏွစ္နီးပါး ရပ္နားထားသည့္ ျမန္မာ-လာအိုခ်စ္ၾကည္ေရးတံတားကို ျပန္လည္ဖြင့္လွစ္ခဲ့ေၾကာင္း ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

အဆိုပါခ်စ္ၾကည္ေရးတံတားကို ယမန္ေန႔(ဇန္နဝါရီလ ၂၅ ရက္) နံနက္ပိုင္းတြင္ ျမန္မာ-လာအိုႏွစ္ႏိုင္ငံမွ တာဝန္ရွိသူမ်ားက ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လာအို-ျမန္မာခ်စ္ၾကည္ေရးတံတားသည္ ၿပီးခဲ့သည့္ ၂၀၁၅ ခုႏွစ္တြင္ စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ၂၀၂၀ ျပည့္ႏွစ္ေနာက္ပိုင္းတြင္ ကိုဗစ္(၁၉)ကပ္ေရာဂါေၾကာင့္ ကုန္စည္ကူးသန္းေရာင္းဝယ္မႈမ်ားကို ရပ္နားခဲ့ရေၾကာင္း သိရသည္။

“အရင္ကေတာ့ ဖြင့္ထားၿပီးသား။ သို႔ေသာ္ ၂၀၂၀ ေလာက္ေရာက္ေတာ့ ကိုဗစ္(၁၉)ကပ္ေရာဂါျဖစ္တဲ့အခ်ိန္မွာ ရပ္တန႔္သြားခဲ့တာပါ။ ရွမ္းေျမာက္က ကုန္စည္ကူးသန္းမႈျပတ္ေတာက္သြားတာျဖစ္တဲ့အတြက္ ျမန္မာႏိုင္ငံဘက္ကေနထုတ္တဲ့ ဖရဲသီးတို႔၊ သခြားေမႊးတို႔ ေနာက္ၿပီး ကုန္ငယ္ေလးေတြကို ေတာင္ႀကီး၊ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ မိုင္းလားဘက္ကေနသြားရတယ္။ အဲဒီလိုသြားတဲ့အခါမွာ ျမန္မာရယ္၊ တ႐ုတ္ရယ္၊ လာအိုရယ္ (၃)ႏိုင္ငံကေနၿပီးေတာ့ ကုန္စည္ကူးသန္းမႈေတြကို ပိုၿပီးေတာ့ေခ်ာေမြ႕ေအာင္ ဖြင့္လိုက္တာျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ ေျပာေရးဆိုခြင့္ရွိသူ စီးပြားေရးရာဝန္ႀကီး ဦးခြန္သိန္းေမာင္က NP News ကိုေျပာသည္။

အဆိုပါခ်စ္ၾကည္ေရးတံတားဖြင့္လွစ္လိုက္ျခင္းေၾကာင့္ ျမန္မာ ႏိုင္ငံအေနျဖင့္ လာအိုႏိုင္ငံ အျပင္ တ႐ုတ္ႏိုင္ငံတို႔ျဖင့္ ကုန္စည္ကူးသန္းေရာင္းဝယ္မႈမ်ားကို ျပန္လည္ေဆာင္႐ြက္ႏိုင္မည့္အျပင္ ခရီးသြားလုပ္ငန္းအတြက္လည္း မ်ားစြာအေထာက္အကူျပဳႏိုင္ေၾကာင္း သိရသည္။

“(၄)ႏွစ္နီးပါးေလာက္ပိတ္ထားတာေပါ့။ အသြားအလာေတြကေတာ့ရွိပါတယ္။ ကူးသန္းသြားလာမႈနည္းေနတဲ့အတြက္ ထပ္ၿပီးေတာ့ဖြင့္လွစ္တာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ထြက္ကုန္ေတြကို လာအိုကိုလည္းပို႔ႏိုင္မယ္။ ေနာက္တစ္ခုက တ႐ုတ္ႏိုင္ငံကိုလည္းပို႔ႏိုင္မယ္။ အဲဒီအတြက္ ကုန္စည္ကူးသန္းသြားလာမႈေတြမွာ ပို႔ကုန္ေတြ၊ သြင္းကုန္ေတြရဲ႕ ကုန္သြယ္မႈပမာဏေတြပိုၿပီးေတာ့ ျမင့္တက္လာမယ္။ အလုပ္အကိုင္အခြင့္အလမ္းေတြရလာမယ္။ ခရီးသြားလုပ္ငန္းေတြအတြက္လည္း အေထာက္အကူ အမ်ားႀကီးရလာႏိုင္ပါတယ္”ဟု ဦးခြန္သိန္းေမာင္က ဆက္လက္ေျပာသည္။

ျမန္မာ- လာအိုခ်စ္ၾကည္ေရးတံတားကို ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ခ႐ိုင္ က်ိဳင္းလတ္ၿမိဳ႕ ႏွင့္ လာအိုႏိုင္ငံ လြန္နသန္ျပည္ နယ္ ေလာင္းဝ္ခ႐ိုင္၊ ေဟြဟုန္းေက်း႐ြာသို႔ ဆက္သြယ္ေဖာက္ လုပ္ထားျခင္းျဖစ္ၿပီး ၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၆)ရက္တြင္ စတင္ ေဆာက္လုပ္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.