နိုင်ငံခြားငွေကြေးဈေးကွက်သို့ အမေရိကန်ဒေါ်လာ(၉)သန်းနှင့် ထိုင်းဘတ် သန်း(၂၀၀) ဗဟိုဘဏ်က ထပ်မံရောင်းချပေး

1593
ယွန်း (NP News) - ဇန်နဝါရီ ၂၆
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ(၉)သန်းနှင့် ထိုင်းဘတ် သန်း(၂၀၀)ကို နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ယမန်နေ့(ဇန်နဝါရီလ ၂၅ ရက်)က ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ (၁၉)ရက်ကလည်း ထိုင်းဘတ်သန်း(၅၀)ကို နိုင်ငံခြားငွေကြေးဈေးကွက်သို့ ရောင်းချပေးခဲ့ပြီး တစ်ပတ်အကြာ၌ အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေများကို ထပ်မံရောင်းချပေးခဲ့ခြင်းဖြစ်သည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့ ယခုလ (ဇန်နဝါရီလ ၁ ရက်)မှ ဇန်နဝါရီလ(၂၅)ရက်အထိ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၉၃ သန်း ရောင်းချထားခဲ့ကြောင်း ဗဟိုဘဏ် ၏ အချက်အလက်များအရ သိရသည်။
ထို့ပြင် ဇန်နဝါရီလ(၁၉)ရက်မှစ၍ ထိုင်းဘတ်ငွေများကို စတင်ရောင်းချပေးခဲ့ရာ လက်ရှိတွင် ထိုင်းဘတ်ငွေ သန်း(၂၅၀)အထိ နိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းချပြီးဖြစ်ကြောင်း သိရသည်။
“border တွေမှာလည်း ပြဿနာတွေဖြစ်နေတဲ့ အကြောင်းအရာတွေရှိနေတယ်။ အဲဒီအပေါ်မှာ တိုက်ရိုက်ကြီးသွင်းဖို့အတွက် ရေလမ်းကနေပြီးတော့ တရားဝင်သွင်းရမယ်။ import သွင်းတဲ့ပေါ်မှာ ဦးစားပေးတင်သွင်းရမယ့် ကုန်စည်တွေရှိတယ်။ အဲဒီအတွက်ကို သူတို့က တိုက်ရိုက်ရောင်းပေးတာ။ တိုက်ရိုက်ရောင်းပေးတယ်ဆိုပေမယ့် ဗဟိုဘဏ်ကနေ ဘဏ်တွေကိုတိုက်ရိုက် ရောင်းပေးတာပေါ့။ ဘဏ်တွေမှာက online trade နဲ့ဝယ်ပြီးတော့ import သွင်းရမှာပေါ့။ ဟွန်ဒီနဲ့လွှဲပြီးတော့ import တွေသွင်းလို့မရဘူး။ အဲဒါဆိုပစ္စည်းတွေအသိမ်းခံရမယ်။ အရင်နဲ့ အခုကွာသွားတာ တရားဝင်ဝယ်ရမယ်။ အဲဒီပမာဏအတိုင်း တရားတင်သွင်းရမယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကိုသုံးသပ်ပြောသည်။
ယနေ့(ဇန်နဝါရီလ ၂၆ ရက်)တွင် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း၌ ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၉၈ ဒသမ ၂၈ ကျပ်ဝန်းကျင် နှင့် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် (၃၅၁၅)ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်သို့ ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉၃ သန်းအားလည်းကောင်း၊ ဇန်နဝါရီလ(၅)ရက်တွင် အမေရိကန်ဒေါ်လာ (၁၆)သန်းအားလည်းကောင်း၊ ဇန်နဝါရီလ(၁၅)ရက်တွင် အမေရိကန်ဒေါ်လာ(၁၅) သန်းအားလည်းကောင်း အသီးသီးရောင်းချပေးခဲ့သည်။
အလားတူ ဗဟိုဘဏ်သည် စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ(၁၈)ရက်တွင် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးထားပြီး ဒီဇင်ဘာလ (၂၁)ရက်၌လည်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၄၃ သန်းရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။
zawgyi version
ႏိုင္ငံျခားေငြေၾကးေဈးကြက္သို႔ အေမရိကန္ေဒၚလာ(၉)သန္းႏွင့္ ထိုင္းဘတ္ သန္း(၂၀၀) ဗဟိုဘဏ္က ထပ္မံေရာင္းခ်ေပး
ယြန္း (NP News) - ဇန္နဝါရီ ၂၆
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အေမရိကန္ေဒၚလာ(၉)သန္းႏွင့္ ထိုင္းဘတ္ သန္း(၂၀၀)ကို ႏိုင္ငံျခားေငြေၾကးေဈးကြက္အတြင္းသို႔ ယမန္ေန႔(ဇန္နဝါရီလ ၂၅ ရက္)က ေရာင္းခ်ေပးခဲ့ေၾကာင္း ဗဟိုဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့သည့္ ဇန္နဝါရီလ (၁၉)ရက္ကလည္း ထိုင္းဘတ္သန္း(၅၀)ကို ႏိုင္ငံျခားေငြေၾကးေဈးကြက္သို႔ ေရာင္းခ်ေပးခဲ့ၿပီး တစ္ပတ္အၾကာ၌ အေမရိကန္ေဒၚလာႏွင့္ ထိုင္းဘတ္ေငြမ်ားကို ထပ္မံေရာင္းခ်ေပးခဲ့ျခင္းျဖစ္သည္။
ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြေၾကးေဈးကြက္အတြင္းသို႔ ယခုလ (ဇန္နဝါရီလ ၁ ရက္)မွ ဇန္နဝါရီလ(၂၅)ရက္အထိ အေမရိကန္ေဒၚလာ ၅၂ ဒသမ ၉၃ သန္း ေရာင္းခ်ထားခဲ့ေၾကာင္း ဗဟိုဘဏ္ ၏ အခ်က္အလက္မ်ားအရ သိရသည္။
ထို႔ျပင္ ဇန္နဝါရီလ(၁၉)ရက္မွစ၍ ထိုင္းဘတ္ေငြမ်ားကို စတင္ေရာင္းခ်ေပးခဲ့ရာ လက္ရွိတြင္ ထိုင္းဘတ္ေငြ သန္း(၂၅၀)အထိ ႏိုင္ငံျခားေငြေၾကးေဈးကြက္တြင္ ေရာင္းခ်ၿပီးျဖစ္ေၾကာင္း သိရသည္။
“border ေတြမွာလည္း ျပႆနာေတြျဖစ္ေနတဲ့ အေၾကာင္းအရာေတြရွိေနတယ္။ အဲဒီအေပၚမွာ တိုက္႐ိုက္ႀကီးသြင္းဖို႔အတြက္ ေရလမ္းကေနၿပီးေတာ့ တရားဝင္သြင္းရမယ္။ import သြင္းတဲ့ေပၚမွာ ဦးစားေပးတင္သြင္းရမယ့္ ကုန္စည္ေတြရွိတယ္။ အဲဒီအတြက္ကို သူတို႔က တိုက္႐ိုက္ေရာင္းေပးတာ။ တိုက္႐ိုက္ေရာင္းေပးတယ္ဆိုေပမယ့္ ဗဟိုဘဏ္ကေန ဘဏ္ေတြကိုတိုက္႐ိုက္ ေရာင္းေပးတာေပါ့။ ဘဏ္ေတြမွာက online trade နဲ႔ဝယ္ၿပီးေတာ့ import သြင္းရမွာေပါ့။ ဟြန္ဒီနဲ႔လႊဲၿပီးေတာ့ import ေတြသြင္းလို႔မရဘူး။ အဲဒါဆိုပစၥည္းေတြအသိမ္းခံရမယ္။ အရင္နဲ႔ အခုကြာသြားတာ တရားဝင္ဝယ္ရမယ္။ အဲဒီပမာဏအတိုင္း တရားတင္သြင္းရမယ္”ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကိုသုံးသပ္ေျပာသည္။
ယေန႔(ဇန္နဝါရီလ ၂၆ ရက္)တြင္ ႏိုင္ငံျခားေငြေၾကးေဈးကြက္အတြင္း၌ ထိုင္းေငြ တစ္ဘတ္လွ်င္ ျမန္မာေငြ ၉၈ ဒသမ ၂၈ က်ပ္ဝန္းက်င္ ႏွင့္ အေမရိကန္ေဒၚလာ တစ္ေဒၚလာလွ်င္ ျမန္မာေငြက်ပ္ (၃၅၁၅)က်ပ္အထိ ေပါက္ေဈးရွိေၾကာင္း သိရသည္။
ဗဟိုဘဏ္သည္ ႏိုင္ငံျခားေငြေၾကးေဈးကြက္သို႔ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၁)ရက္တြင္ အေမရိကန္ေဒၚလာ ၁၂ ဒသမ ၉၃ သန္းအားလည္းေကာင္း၊ ဇန္နဝါရီလ(၅)ရက္တြင္ အေမရိကန္ေဒၚလာ (၁၆)သန္းအားလည္းေကာင္း၊ ဇန္နဝါရီလ(၁၅)ရက္တြင္ အေမရိကန္ေဒၚလာ(၁၅) သန္းအားလည္းေကာင္း အသီးသီးေရာင္းခ်ေပးခဲ့သည္။
အလားတူ ဗဟိုဘဏ္သည္ စက္သုံးဆီတင္သြင္းေသာ ကုမၸဏီမ်ားအတြက္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ(၁၈)ရက္တြင္ အေမရိကန္ေဒၚလာ ၉ ဒသမ ၇၂ သန္း ေရာင္းခ်ေပးထားၿပီး ဒီဇင္ဘာလ (၂၁)ရက္၌လည္း အေမရိကန္ေဒၚလာ ၁၂ ဒသမ ၄၃ သန္းေရာင္းခ်ေပးခဲ့ၿပီးျဖစ္ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။