နမ့်စန်မြို့အနီး၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား(၁၀၀၀) ကျော်ကို ဖမ်းဆီးရမိဟု နစကထုတ်ပြန်

 3725

ယွန်း (NP News) - ဇန်နဝါရီ ၂၆

နမ့်စန်မြို့အနီး၌ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား(၁၀၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

နစကမှ ယနေ့(ဇန်နဝါရီလ ၂၆ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်၌ တရားမဝင် တရုတ်နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီလ(၂၃)ရက်မှစ၍ ရှောင်တခင်စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ရာ နန့်စန်မြို့ပတ်ဝန်း ကျင်ရှိ နေရာ(၃)နေရာမှ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား (၁၀၀၂)ဦးနှင့် အမျိုးသမီး(၃၆)ဦး စုစုပေါင်း (၁၀၃၈)ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နစကမှ ဆိုထားသည်။

ထို့နောက် ဖမ်းဆီးရမိသူများကို လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နစကအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ(၃၁)ရက်မှစ၍ နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသားများကို ၎င်းတို့နိုင်ငံရှိ တာဝန်ရှိသူများထံ လွှဲပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးရမိသည့် နိုင်ငံခြားသားများကို အမြန်ဆုံး တရားစွဲဆိုအရေးယူနိုင်မည့် ကော်မတီတစ်ရပ်ကို နစကမှ ပြီးခဲ့သည့် လပိုင်းတွင် ဖွဲ့စည်းထားကြောင်း သိရသည်။

zawgyi version
နမ့္စန္ၿမိဳ႕အနီး၌ တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ တ႐ုတ္ႏိုင္ငံသား(၁၀၀၀)ေက်ာ္ကို ဖမ္းဆီးရမိဟု နစကထုတ္ျပန္

ယြန္း (NP News) - ဇန္နဝါရီ ၂၆

နမ့္စန္ၿမိဳ႕အနီး၌ တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ တ႐ုတ္ႏိုင္ငံသား(၁၀၀၀)ေက်ာ္ကို ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

နစကမွ ယေန႔(ဇန္နဝါရီလ ၂၆ ရက္)တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕ပတ္ဝန္းက်င္၌ တရားမဝင္ တ႐ုတ္ႏိုင္ငံသားမ်ားေရာက္ရွိေနေၾကာင္း သတင္းေပးပို႔မႈမ်ားအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့သည့္ ဇန္နဝါရီလ(၂၃)ရက္မွစ၍ ေရွာင္တခင္စစ္ေဆးရွာေဖြမႈမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြဖမ္းဆီးမႈမ်ား ေဆာင္႐ြက္ခဲ့ရာ နန႔္စန္ၿမိဳ႕ပတ္ဝန္း က်င္ရွိ ေနရာ(၃)ေနရာမွ တရားမဝင္ ဝင္ေရာက္ေနထိုင္ေနသည့္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၁၀၀၂)ဦးႏွင့္ အမ်ိဳးသမီး(၃၆)ဦး စုစုေပါင္း (၁၀၃၈)ဦးကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ ဆိုထားသည္။

ထို႔ေနာက္ ဖမ္းဆီးရမိသူမ်ားကို လိုအပ္သည့္ စစ္ေဆးမႈမ်ားျပဳလုပ္ၿပီး ဥပေဒ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

နစကအေနျဖင့္ ၿပီးခဲ့သည့္ ေအာက္တိုဘာလ(၃၁)ရက္မွစ၍ နယ္စပ္ေဒသမ်ားမွတစ္ဆင့္ ျမန္မာႏိုင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္ေနထိုင္လ်က္ရွိသည့္ တ႐ုတ္ႏိုင္ငံသားမ်ားကို ၎တို႔ႏိုင္ငံရွိ တာဝန္ရွိသူမ်ားထံ လႊဲေျပာင္းေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံသို႔ တရားမဝင္ ဝင္ေရာက္မႈျဖင့္ ဖမ္းဆီးရမိသည့္ ႏိုင္ငံျခားသားမ်ားကို အျမန္ဆုံး တရားစြဲဆိုအေရးယူႏိုင္မည့္ ေကာ္မတီတစ္ရပ္ကို နစကမွ ၿပီးခဲ့သည့္ လပိုင္းတြင္ ဖြဲ႕စည္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.