ပြည်တွင်းဆန်ချောဈေးကွက်၌ ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင်ကျပ်နှစ်သိန်းဝန်းကျင်ရှိနေ

 1609

NP News - ဇန်နဝါရီ ၂၆

ပြည်တွင်းဆန်ဈေးကွက်အတွင်း ရွှေဘိုပေါ်ဆန်းရှယ် (အဟောင်း) တစ်အိတ်လျှင် ကျပ်နှစ်သိန်းဝန်းကျင်အထိ ရှိလာကြောင်း ဆန်လက်လီအရောင်းဆိုင်များထံမှ သိရသည်။

“‌နွေစပါးပေါ်ချိန်မရောက်သေးတော့ ဆန်ဈေးတက်တယ်။ ကားခတွေစရိတ်တွေတက်လာတော့ ဒိုင်ဈေးလဲတက်တယ်။ သင်္ကြန်ကာလလောက် နွေစပါးပေါ်ချိန်ဆို ပြန်ကျနိုင်ပါတယ်”ဟု ဝါးတန်းဆန်ကုန်စည်ဒိုင်၏ အတွင်းရေးမှူးကပြောသည်။

ပြည်တွင်းဆန်ဈေးကွက်၌ ရွှေဘိုပေါ်ဆန်း(အဟောင်း) များ လက်ကျန်နည်းနေပြီး လက်ကားအထိုင်ဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ် ရှိနေသဖြင့် သယ်ယူပို့ဆောင်မှုစရိတ် နှင့် လုပ်အားခများပါ ထည့် သွင်းတွက်ချက်ပါက လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၁၉၃၀၀၀ ကျပ်ရှိကြောင်း သိရသည်။

“ရွှေဘိုပေါ်ဆန်းကတော့ အမြဲတမ်းဈေးအမြင့်ဆုံးမှာဘဲလက် ကားဒိုင်မှာ တစ်သိန်းရှစ်သောင်းပေါက်ဈေး ရှိတယ်။ လက်လီဈေးကွက်ထဲမှာ တစ်အိတ်ကိုတစ်သိန်းကိုးသောင်းကျော်အထိ ရောင်းနေကြတယ်။ အခြေခံလူတန်းစားတွေကတော့ ဝယ်မစားနိုင်ဘူး၊ အိတ်လိုက်ဝယ်တဲ့သူလောက်ဘဲရှိတာ အရောင်းအဝယ် အေးပါတယ်”ဟု တောင်ဒဂုံမြို့နယ် ၂၀ ရပ်ကွက်ရှိ သုခဆန်ဆိုင်ပိုင်ရှင်ကပြောသည်။

ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်ရန်အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စပါးကို သင့်တင့်မျှတသည့် ဈေးနှုန်းများဖြင့် ရောင်းချစေခြင်း၊ ဆန်ကို သင့်တင့်မျှတသည့်ဈေးနှုန်းများဖြင့်ရောင်းချစေခြင်း၊ ဆန်စပါးသိုလှောင်ခြင်းဖြင့် ဈေးမကစားစေရန် သိုလှောင်သည့် မှတ်ပုံတင်ပြုလုပ်စေခြင်းတို့ဖြင့် နည်းလမ်းမျိုးစုံ ဆောင်ရွက်နေသော်လည်း ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ဈေးနှုန်း ကျဆင်းခြင်း မရှိကြောင်း သိရသည်။

လက်ရှိပြည်တွင်းဆန်လက်ကားဈေးကွက်၌ ဆန်ဈေးနှုန်းများသည် ရွှေဘိုပေါ်ဆန်းအဟောင်း ၁၀၈ ပေါင်တစ်အိတ်လျှင် ၁၈၀၀၀၀ ကျပ်၊ ရွှေဘိုအသစ်တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်းအသစ်တစ်အိတ်လျှင် ၁၁၈၀၀၀ ကျပ်၊ တောင်ပျံအသစ်တစ်အိတ်လျှင် ၁၂၅၀၀၀ ကျပ်၊ ကျားပျံအသစ်တစ်အိတ်လျှင် ၁၃၂၀၀၀ ကျပ်၊ ပေါ်ဆန်းရိုးရိုးအသစ်တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ ပုသိမ်ပေါ်ဆန်းအသစ်တစ်အိတ်လျှင် ၁၁၄၀၀၀ ကျပ်၊ ဇီယာရှယ်အဟောင်းတစ်အိတ်လျှင် ၈၈၀၀၀ ကျပ်၊ ရက် ၉၀ ထူးရှယ်အဟောင်းတစ်အိတ်လျှင် ၉၇၀၀၀ ကျပ်၊ အညာသားအဟောင်းတစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဆင်းသွယ်အဟောင်းတစ်အိတ်လျှင် ၁၀၄၀၀၀ ကျပ်၊ ကျားပျံရှယ်အဟောင်းတစ်အိတ်လျှင် ၁၄၆၀၀၀ ကျပ်၊ ဧရာရွှေဘိုအဟောင်းတစ်အိတ်လျှင် ၁၅၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

zawgyi version
ျပည္တြင္းဆန္ေခ်ာေဈးကြက္၌ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္က်ပ္ႏွစ္သိန္းဝန္းက်င္ရွိေန

NP News - ဇန္နဝါရီ ၂၆

ျပည္တြင္းဆန္ေဈးကြက္အတြင္း ေ႐ႊဘိုေပၚဆန္းရွယ္ (အေဟာင္း) တစ္အိတ္လွ်င္ က်ပ္ႏွစ္သိန္းဝန္းက်င္အထိ ရွိလာေၾကာင္း ဆန္လက္လီအေရာင္းဆိုင္မ်ားထံမွ သိရသည္။

“‌ေႏြစပါးေပၚခ်ိန္မေရာက္ေသးေတာ့ ဆန္ေဈးတက္တယ္။ ကားခေတြစရိတ္ေတြတက္လာေတာ့ ဒိုင္ေဈးလဲတက္တယ္။ သၾကၤန္ကာလေလာက္ ေႏြစပါးေပၚခ်ိန္ဆို ျပန္က်ႏိုင္ပါတယ္”ဟု ဝါးတန္းဆန္ကုန္စည္ဒိုင္၏ အတြင္းေရးမႉးကေျပာသည္။

ျပည္တြင္းဆန္ေဈးကြက္၌ ေ႐ႊဘိုေပၚဆန္း(အေဟာင္း) မ်ား လက္က်န္နည္းေနၿပီး လက္ကားအထိုင္ေဈးကြက္တြင္ ေ႐ႊဘိုေပၚဆန္းတစ္အိတ္လွ်င္ ၁၈၀၀၀၀ က်ပ္ျဖင့္ အေရာင္းအဝယ္ ရွိေနသျဖင့္ သယ္ယူပို႔ေဆာင္မႈစရိတ္ ႏွင့္ လုပ္အားခမ်ားပါ ထည့္ သြင္းတြက္ခ်က္ပါက လက္လီေဈးကြက္တြင္ ေ႐ႊဘိုေပၚဆန္း (အေဟာင္း) တစ္အိတ္လွ်င္ ၁၉၃၀၀၀ က်ပ္ရွိေၾကာင္း သိရသည္။

“ေ႐ႊဘိုေပၚဆန္းကေတာ့ အၿမဲတမ္းေဈးအျမင့္ဆုံးမွာဘဲလက္ ကားဒိုင္မွာ တစ္သိန္းရွစ္ေသာင္းေပါက္ေဈး ရွိတယ္။ လက္လီေဈးကြက္ထဲမွာ တစ္အိတ္ကိုတစ္သိန္းကိုးေသာင္းေက်ာ္အထိ ေရာင္းေနၾကတယ္။ အေျခခံလူတန္းစားေတြကေတာ့ ဝယ္မစားႏိုင္ဘူး၊ အိတ္လိုက္ဝယ္တဲ့သူေလာက္ဘဲရွိတာ အေရာင္းအဝယ္ ေအးပါတယ္”ဟု ေတာင္ဒဂုံၿမိဳ႕နယ္ ၂၀ ရပ္ကြက္ရွိ သုခဆန္ဆိုင္ပိုင္ရွင္ကေျပာသည္။

ျပည္တြင္းဆန္ေဈးႏႈန္းတည္ၿငိမ္ရန္အတြက္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ စပါးကို သင့္တင့္မွ်တသည့္ ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေစျခင္း၊ ဆန္ကို သင့္တင့္မွ်တသည့္ေဈးႏႈန္းမ်ားျဖင့္ေရာင္းခ်ေစျခင္း၊ ဆန္စပါးသိုေလွာင္ျခင္းျဖင့္ ေဈးမကစားေစရန္ သိုေလွာင္သည့္ မွတ္ပုံတင္ျပဳလုပ္ေစျခင္းတို႔ျဖင့္ နည္းလမ္းမ်ိဳးစုံ ေဆာင္႐ြက္ေနေသာ္လည္း ျပည္တြင္းဆန္ေဈးကြက္၌ ဆန္ေဈးႏႈန္း က်ဆင္းျခင္း မရွိေၾကာင္း သိရသည္။

လက္ရွိျပည္တြင္းဆန္လက္ကားေဈးကြက္၌ ဆန္ေဈးႏႈန္းမ်ားသည္ ေ႐ႊဘိုေပၚဆန္းအေဟာင္း ၁၀၈ ေပါင္တစ္အိတ္လွ်င္ ၁၈၀၀၀၀ က်ပ္၊ ေ႐ႊဘိုအသစ္တစ္အိတ္လွ်င္ ၁၅၅၀၀၀ က်ပ္၊ ဖ်ာပုံေပၚဆန္းအသစ္တစ္အိတ္လွ်င္ ၁၁၈၀၀၀ က်ပ္၊ ေတာင္ပ်ံအသစ္တစ္အိတ္လွ်င္ ၁၂၅၀၀၀ က်ပ္၊ က်ားပ်ံအသစ္တစ္အိတ္လွ်င္ ၁၃၂၀၀၀ က်ပ္၊ ေပၚဆန္း႐ိုး႐ိုးအသစ္တစ္အိတ္လွ်င္ ၁၀၅၀၀၀ က်ပ္၊ ပုသိမ္ေပၚဆန္းအသစ္တစ္အိတ္လွ်င္ ၁၁၄၀၀၀ က်ပ္၊ ဇီယာရွယ္အေဟာင္းတစ္အိတ္လွ်င္ ၈၈၀၀၀ က်ပ္၊ ရက္ ၉၀ ထူးရွယ္အေဟာင္းတစ္အိတ္လွ်င္ ၉၇၀၀၀ က်ပ္၊ အညာသားအေဟာင္းတစ္အိတ္လွ်င္ ၁၀၀၀၀၀ က်ပ္၊ ဆင္းသြယ္အေဟာင္းတစ္အိတ္လွ်င္ ၁၀၄၀၀၀ က်ပ္၊ က်ားပ်ံရွယ္အေဟာင္းတစ္အိတ္လွ်င္ ၁၄၆၀၀၀ က်ပ္၊ ဧရာေ႐ႊဘိုအေဟာင္းတစ္အိတ္လွ်င္ ၁၅၀၀၀၀ က်ပ္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.