ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အွန်လိုင်း ဈေးကွက်ဖြင့် ရောင်း/ဝယ်မှုစတင်လာ

 1155

NP News - ဇန်နဝါရီ ၂၇

မြန်မာနိုင်ငံ၏ဆောက်လုပ်ရေး လုပ်ငန်းသုံးကုန်စည်များကို အွန်လိုင်းဈေးကွက်မှတဆင့် ရောင်း/ဝယ် ဖြန့်ချိနိုင်ရန် စတင်လုပ် ကိုင်နေကြောင်း ဆောက်လုပ်ရေးသုံးပစ္စည်းရောင်းချသူများ ထံမှသိရသည်။

Builder mall living style expo 2024 ကို ယနေ့ (ဇန်နဝါရီလ ၂၇ ရက်) နှင့် ၂၈ ရက်တွင်ကျင်းပမည်ဖြစ်ပြီး လုပ်ငန်းပေါင်း ၁၂၀ ကျော်မှ အိမ်​ဆောက်ပစ္စည်းအများစုကို ပြသရောင်းချလျက်ရှိကြောင်း သိရသည်။

ပြပွဲကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာတွင်ကျင်းပလျက်ရှိပြီး ပြပွဲ၌ပါဝင်ရောင်းချနေသော လုပ်ငန်းအများစုသည် အွန်လိုင်းဈေးကွက်သို့တိုးချဲ့ရန်ပြင်ဆင်နေခြင်းဖြစ်သည်။

“အုတ်၊သဲ၊ကျောက်၊ဘိလပ်မြေ နဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေတော်တော်များများက အွန်လိုင်းကနေတဆင့် ရောင်းချဖို့ စိတ်ဝင်စားလာပါတယ်။ အရင်လို မိရိုးဖလာ အိမ်ဆောက်ပစ္စည်းဆိုင် အဆင့်ကနေ ပြောင်းလဲလာပါတယ်”ဟု Builder Mall ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ၌ စားသောက်ကုန်လုပ်ငန်းနှင့် အဝတ်အထည်အပါ အဝင် လူသုံးကုန်ပစ္စည်းအများစုသည် အွန်လိုင်းမှတဆင့်ရောင်းချမှုများ ကျယ်ပြန့်လာသော်လည်း ဆောက်လုပ်ရေးကုန်စည်အများစုသည် မိရိုးဖလာ အိမ်ဆောက်ပစ္စည်းဆိုင်များဖြင့်သာ ရောင်းချနေဆဲဖြစ်သည်။

zawgyi version
ေဆာက္လုပ္ေရး လုပ္ငန္းသုံးပစၥည္းမ်ားကို အြန္လိုင္း ေဈးကြက္ ျဖင့္ ေရာင္း/ဝယ္မႈစတင္လာ
NP News - ဇန္နဝါရီ ၂၇

ျမန္မာႏိုင္ငံ၏ေဆာက္လုပ္ေရး လုပ္ငန္းသုံးကုန္စည္မ်ားကို အြန္လိုင္းေဈးကြက္မွတဆင့္ ေရာင္း/ဝယ္ ျဖန္႔ခ်ိႏိုင္ရန္ စတင္လုပ္ ကိုင္ေနေၾကာင္း ေဆာက္လုပ္ေရးသုံးပစၥည္းေရာင္းခ်သူမ်ား ထံမွသိရသည္။

Builder mall living style expo 2024 ကို ယေန႔ (ဇန္နဝါရီလ ၂၇ ရက္) ႏွင့္ ၂၈ ရက္တြင္က်င္းပမည္ျဖစ္ၿပီး လုပ္ငန္းေပါင္း ၁၂၀ ေက်ာ္မွ အိမ္​ေဆာက္ပစၥည္းအမ်ားစုကို ျပသေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။

ျပပြဲကို ရန္ကုန္ ကြန္ဗင္းရွင္းစင္တာတြင္က်င္းပလ်က္ရွိၿပီး ျပပြဲ၌ပါဝင္ေရာင္းခ်ေနေသာ လုပ္ငန္းအမ်ားစုသည္ အြန္လိုင္းေဈးကြက္သို႔တိုးခ်ဲ႕ရန္ျပင္ဆင္ေနျခင္းျဖစ္သည္။

“အုတ္၊သဲ၊ေက်ာက္၊ဘိလပ္ေျမ နဲ႔ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းေတြေတာ္ေတာ္မ်ားမ်ားက အြန္လိုင္းကေနတဆင့္ ေရာင္းခ်ဖို႔ စိတ္ဝင္စားလာပါတယ္။ အရင္လို မိ႐ိုးဖလာ အိမ္ေဆာက္ပစၥည္းဆိုင္ အဆင့္ကေန ေျပာင္းလဲလာပါတယ္”ဟု Builder Mall ကုမၸဏီမွတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ျမန္မာႏိုင္ငံ၌ စားေသာက္ကုန္လုပ္ငန္းႏွင့္ အဝတ္အထည္အပါ အဝင္ လူသုံးကုန္ပစၥည္းအမ်ားစုသည္ အြန္လိုင္းမွတဆင့္ေရာင္းခ်မႈမ်ား က်ယ္ျပန္႔လာေသာ္လည္း ေဆာက္လုပ္ေရးကုန္စည္အမ်ားစုသည္ မိ႐ိုးဖလာ အိမ္ေဆာက္ပစၥည္းဆိုင္မ်ားျဖင့္သာ ေရာင္းခ်ေနဆဲျဖစ္သည္။

Related news

© 2021. All rights reserved.