ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ဆိုင်ကယ်နှင့် (၁၂)ဘီးကားတို့ တိုက်မိခဲ့ရာ မိသားစုဝင်(၃)ဦး သေဆုံး

4625

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၈
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၌ ဆိုင်ကယ်နှင့် (၁၂)ဘီးကားတို့ တိုက်မိခဲ့ရာ မိသားစုဝင်(၃)ဦး သေဆုံးသွားခဲ့ကြောင်း ကရုဏာရှင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၂၇ ရက်)၊ ည ၆ နာရီအချိန်ခန့်တွင် ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရင်ခွဲပင်ကျေးရွာ၊ သတင်းစာတိုက်အနီး၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆိုင်ကယ်က နေပြည်တော်ဘက်ကနေ ရန်ကုန်ဘက်ကို သွားတာ။ (၁၂)ဘီးကား က ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို လာတာမှာ ဆိုင်ကယ်က တစ်ဖက်ယာဉ်ကြောကို ရောက်သွားပြီး ကားကို သွားတိုက်မိတာ ပေါ့” ဟု ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အသက်(၃၈)နှစ်အရွယ် ဆိုင်ကယ်ယာဉ်မောင်းအမျိုးသား နှင့် ၎င်း၏ ဇနီးဖြစ်သူမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်းတို့၏ အသက်(၅)နှစ်အရွယ် ကလေးငယ်သည် လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“လင်မယား(၂)ယောက်လုံးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဆုံးသွားတယ်။ အသက်(၅)နှစ်အရွယ် မိန်းကလေးက တော့ ဆေးရုံပို့နေတုန်း လမ်းမှာပဲ ဆုံးသွားပါတယ်။ အဲဒီနေရာက အဖြစ်များတဲ့နေရာပါ။ ဖြစ်လိုက်ရင်လည်း ပြင်းပြင်းထန်ထန်တွေဖြစ်တာများတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ယာဉ်တိုက်မှုကြောင့် သေဆုံးသည့် မိသားစုဝင်(၃)ဦးလုံးအား ကရုဏာရှင်လူမှုကူညီရေးအသင်းမှ နေပြည်တော် ကုတင် (၁ဝဝဝ) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ရန္ကုန္-မႏၲေလးလမ္းေဟာင္း၌ ဆိုင္ကယ္ႏွင့္ (၁၂)ဘီးကားတို႔ တိုက္မိခဲ့ရာ မိသားစုဝင္(၃)ဦး ေသဆုံး
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၈
ေနျပည္ေတာ္၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၌ ဆိုင္ကယ္ႏွင့္ (၁၂)ဘီးကားတို႔ တိုက္မိခဲ့ရာ မိသားစုဝင္(၃)ဦး ေသဆုံးသြားခဲ့ေၾကာင္း က႐ုဏာရွင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယမန္ေန႔(ဇန္နဝါရီလ ၂၇ ရက္)၊ ည ၆ နာရီအခ်ိန္ခန႔္တြင္ ေဇယ်ာသီရိၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း၊ ရင္ခြဲပင္ေက်း႐ြာ၊ သတင္းစာတိုက္အနီး၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဆိုင္ကယ္က ေနျပည္ေတာ္ဘက္ကေန ရန္ကုန္ဘက္ကို သြားတာ။ (၁၂)ဘီးကား က ရန္ကုန္ဘက္ကေန ေနျပည္ေတာ္ဘက္ကို လာတာမွာ ဆိုင္ကယ္က တစ္ဖက္ယာဥ္ေၾကာကို ေရာက္သြားၿပီး ကားကို သြားတိုက္မိတာ ေပါ့” ဟု က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ အသက္(၃၈)ႏွစ္အ႐ြယ္ ဆိုင္ကယ္ယာဥ္ေမာင္းအမ်ိဳးသား ႏွင့္ ၎၏ ဇနီးျဖစ္သူမွာ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ၿပီး ၎တို႔၏ အသက္(၅)ႏွစ္အ႐ြယ္ ကေလးငယ္သည္ လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ကာ ေဆး႐ုံသို႔ ပို႔ေဆာင္စဥ္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“လင္မယား(၂)ေယာက္လုံးကေတာ့ အခင္းျဖစ္တဲ့ေနရာမွာပဲ ဆုံးသြားတယ္။ အသက္(၅)ႏွစ္အ႐ြယ္ မိန္းကေလးက ေတာ့ ေဆး႐ုံပို႔ေနတုန္း လမ္းမွာပဲ ဆုံးသြားပါတယ္။ အဲဒီေနရာက အျဖစ္မ်ားတဲ့ေနရာပါ။ ျဖစ္လိုက္ရင္လည္း ျပင္းျပင္းထန္ထန္ေတြျဖစ္တာမ်ားတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထိုသို႔ယာဥ္တိုက္မႈေၾကာင့္ ေသဆုံးသည့္ မိသားစုဝင္(၃)ဦးလုံးအား က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ ေနျပည္ေတာ္ ကုတင္ (၁ဝဝဝ) ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။