ထိုင်းနိုင်ငံသို့ နယ်စပ်မှ “ပြောင်း”တင်ပို့ရန် အခက်အခဲရှိနေ

1475

NP News - ဇန်နဝါရီ ၂၈
၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့ခွင့်ရမည်ဖြစ်သော် လည်း အခက်အခဲအများအပြားရှိနေသောကြောင့် ပင်လယ်ရေကြောင်းကိုသာ ဦးစားပေးလုပ်ကိုင်နေရကြောင်း ပြောင်းလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းကို တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ နယ်စပ်လမ်းကြောင်းမှတစ်ဆင့် တင်ပို့ ရောင်းချနေခြင်းဖြစ်ပြီး ယခုအခါတိုက်ပွဲများကြောင့် တင်ပို့မှုမရှိသလောက်ဖြစ်နေကြောင်း သိရသည်။
ထို့ပြင် ဈေးကွက်အတွင်း ပြောင်းဈေးနှုန်းမှာ ကျဆင်းနေပြီး ဇန်နဝါရီလဆန်းပိုင်း၌ ပြောင်းဆန် ၁ ပိဿာလျှင် ၁၁၈ဝ ကျပ်မှ ကျပ် ၁၂ဝဝ ကြားပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ၁ ပိဿာလျှင် ၁၁၅ဝ ကျပ် မှ ၁၁၇ဝ ကျပ်အထိသို့ စျေးကျဆင်းနေကြောင်း သိရသည်။
"နယ်စပ်ကနေ ပြောင်း တင်ပို့တဲ့လုပ်ငန်းက ရပ်နေတာကြာပြီ။ အခုထိုင်းဘက်က ဝယ်မယ်ဆိုရင်တောင် မြန်မာ ပြည်ကနေ မြဝတီကို တင်ပို့ဖို့မလွယ်ဘူး။ လူတောင် ခရီးသွားဖို့ အခက်အခဲရှိနေတယ်" ဟု ပြောင်းလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတဆင့် ပြည်ပနိုင်ငံများသို့ပြောင်း တင်ပို့မှုများရှိနေပြီး မြဝတီနယ်စပ်မှ ပြောင်းတင်ပို့မှုမှာ လုံးဝနီးပါး ရပ်ဆိုင်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ပြောင်းဆန်အများဆုံး တင်ပို့သည့်လမ်းကြောင်းမှာ မြဝတီနယ်စပ်မှဖြစ်ပြီး လက်တလောတွင် နယ်မြေလုံခြုံရေးပြဿနာများ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုများကြုံတွေ့နေရသည်။
ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ်လကုန်အထိ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် “ပြောင်း” တင်ပို့မည်ဖြစ် ကြောင်း သိရပြီး၊ ပြီးခဲ့သည့်နှစ်က ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်း တန်ချိန် ၁ ဒသမ ၇ သန်းနီးပါး တင်ပို့ထားကြောင်း သိရသည်။
ထို့အပြင် ၂ဝ၂၄ ခုနှစ်၏ ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပဈေးကွက်သို့ ပြောင်းတန်ချိန် ခုနှစ်သိန်းဝန်းကျင် တင်ပို့ရန်စီစဉ်နေပြီး၊ မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်းမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်ရှ် နှင့် အာဖရိကတိုက်ရှိ နိုင်ငံအချို့သို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ထိုင္းႏိုင္ငံသို႔ နယ္စပ္မွ “ေျပာင္း”တင္ပို႔ရန္ အခက္အခဲရွိေန
NP News - ဇန္နဝါရီ ၂၈
၂ဝ၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလမွစတင္ကာ အခြန္ကင္းလြတ္ခြင့္ျဖင့္ ထိုင္းႏိုင္ငံသို႔ ေျပာင္း တင္ပို႔ခြင့္ရမည္ျဖစ္ေသာ္ လည္း အခက္အခဲအမ်ားအျပားရွိေနေသာေၾကာင့္ ပင္လယ္ေရေၾကာင္းကိုသာ ဦးစားေပးလုပ္ကိုင္ေနရေၾကာင္း ေျပာင္းလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
ျမန္မာႏိုင္ငံမွ စိုက္ပ်ိဳးထြက္ရွိသည့္ ေျပာင္းကို တ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံတို႔သို႔ နယ္စပ္လမ္းေၾကာင္းမွတစ္ဆင့္ တင္ပို႔ ေရာင္းခ်ေနျခင္းျဖစ္ၿပီး ယခုအခါတိုက္ပြဲမ်ားေၾကာင့္ တင္ပို႔မႈမရွိသေလာက္ျဖစ္ေနေၾကာင္း သိရသည္။
ထို႔ျပင္ ေဈးကြက္အတြင္း ေျပာင္းေဈးႏႈန္းမွာ က်ဆင္းေနၿပီး ဇန္နဝါရီလဆန္းပိုင္း၌ ေျပာင္းဆန္ ၁ ပိႆာလွ်င္ ၁၁၈ဝ က်ပ္မွ က်ပ္ ၁၂ဝဝ ၾကားေပါက္ေဈးရွိခဲ့ရာမွ လက္ရွိတြင္ ၁ ပိႆာလွ်င္ ၁၁၅ဝ က်ပ္ မွ ၁၁၇ဝ က်ပ္အထိသို႔ ေစ်းက်ဆင္းေနေၾကာင္း သိရသည္။
"နယ္စပ္ကေန ေျပာင္း တင္ပို႔တဲ့လုပ္ငန္းက ရပ္ေနတာၾကာၿပီ။ အခုထိုင္းဘက္က ဝယ္မယ္ဆိုရင္ေတာင္ ျမန္မာ ျပည္ကေန ျမဝတီကို တင္ပို႔ဖို႔မလြယ္ဘူး။ လူေတာင္ ခရီးသြားဖို႔ အခက္အခဲရွိေနတယ္" ဟု ေျပာင္းလုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕ သီလဝါဆိပ္ကမ္းမွတဆင့္ ျပည္ပႏိုင္ငံမ်ားသို႔ေျပာင္း တင္ပို႔မႈမ်ားရွိေနၿပီး ျမဝတီနယ္စပ္မွ ေျပာင္းတင္ပို႔မႈမွာ လုံးဝနီးပါး ရပ္ဆိုင္းထားေၾကာင္း သိရသည္။
ထိုင္းႏိုင္ငံသို႔ ေျပာင္းဆန္အမ်ားဆုံး တင္ပို႔သည့္လမ္းေၾကာင္းမွာ ျမဝတီနယ္စပ္မွျဖစ္ၿပီး လက္တေလာတြင္ နယ္ေျမလုံၿခဳံေရးျပႆနာမ်ား လမ္းပန္းဆက္သြယ္ေရးျပတ္ေတာက္မႈမ်ားႀကဳံေတြ႕ေနရသည္။
ေဖေဖာ္ဝါရီ ၁ ရက္မွ ဩဂုတ္လကုန္အထိ ထိုင္းႏိုင္ငံသို႔ အေကာက္ခြန္ကင္းလြတ္ခြင့္ျဖင့္ “ေျပာင္း” တင္ပို႔မည္ျဖစ္ ေၾကာင္း သိရၿပီး၊ ၿပီးခဲ့သည့္ႏွစ္က ထိုင္းႏိုင္ငံသို႔ အခြန္ကင္းလြတ္ခြင့္ျဖင့္ ေျပာင္း တန္ခ်ိန္ ၁ ဒသမ ၇ သန္းနီးပါး တင္ပို႔ထားေၾကာင္း သိရသည္။
ထို႔အျပင္ ၂ဝ၂၄ ခုႏွစ္၏ ဇန္နဝါရီလမွ ဧၿပီလအထိ ျပည္ပေဈးကြက္သို႔ ေျပာင္းတန္ခ်ိန္ ခုႏွစ္သိန္းဝန္းက်င္ တင္ပို႔ရန္စီစဥ္ေနၿပီး၊ ျမန္မာ့ေျပာင္းကို ပင္လယ္ေရေၾကာင္းမွ အိႏၵိယ၊ ဖိလစ္ပိုင္၊ ဗီယမ္နမ္၊ ဘဂၤလားေဒ့္ရွ္ ႏွင့္ အာဖရိကတိုက္ရွိ ႏိုင္ငံအခ်ိဳ႕သို႔ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။