တရုတ်နိုင်ငံမှာ နဂါးနှစ်အတွက် ကလေးမွေးဖွားမှုနှုန်း မြင့်တက်လာနိုင်

 1604

ရောင်နီ (NP News) - ဇန်နဝါရီ ၂၈

တရုတ်နိုင်ငံဟာ ကလေးမွေးဖွားနှုန်း ၇ နှစ်ဆက်တိုက် ကျဆင်းလာခြင်းကြောင့် လူငယ်စုံတွဲများ ကလေးပိုမို မွေးဖွားစေဖို့ အစိုးရက ကြိုးပမ်းနေပါတယ်။ လာမယ့် နဂါးနှစ်ကတော့ ကလေးမွေးဖွားမှုနှုန်းမြင့်တက်လာမယ်လို့ ခန့်မှန်းရပါတယ်။

နဂါးနှစ်ဟာ တရုတ်လူမျိုးတွေအတွက် အကောင်းဆုံးနှစ်တစ်နှစ်လို့ သတ်မှတ်ကြပြီး အဲဒီနှစ်မှာမွေးတဲ့ ကလေး တွေကို နဂါးရဲ့သားစဉ်မြေးဆက်တွေလို့ ယူဆကြပါတယ်။ စင်္ကာပူနဲ့ ထိုင်ဝမ် အပါအဝင် တရုတ်လူမျိုးအများစုက နဂါးရာသီခွင်အောက်မွေးဖွားသူတွေဟာ ဉာဏ်ရည်ဉာဏ်သွေး၊ ခေါင်းဆောင်မှုနဲ့ ကံကောင်းခြင်း စတဲ့ အရည် အသွေးတွေ ရှိကြတယ်လို့ ယုံကြည်ကြတာကြောင့် နဂါးနှစ်ကို ရွေးချယ်ပြီး ရင်သွေး မွေးဖွားကြလေ့ရှိပါတယ်။ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ နဂါးနှစ်၊ ၂ဝ၁၂ ခုနှစ်က မွေးဖွားနှုန်းဟာ ၁၄.၅၇ ရာခိုင်နှုန်းထိ တိုးခဲ့ပါတယ်။
အခု ၂ဝ၂၄ ရဲ့ နဂါးနှစ်မှာလည်း ကလေးယူမယ့် စုံတွဲများ ပိုများလာမယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့နှစ်များအတွင်း ကလေးမွေးဖွားမှုနှုန်း ကျဆင်းသွားခဲ့ပြီး ပေကျင်းဟာ ၎င်းရဲ့ တစ်အိမ် ထောင်၊ ကလေးတစ်ယောက် မူဝါဒကို စွန့်လွှတ်ခဲ့ရပါတယ်။ ၂ဝ၁၆ ခုနှစ်ကစပြီး မွေးဖွားမှုနှုန်း ၅ဝ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၃ ခုနှစ်က ကလေးမွေးဖွားနှုန်းဟာ ၆.၃၉ ရာခိုင်နှုန်းသာရှိပြီး ၁၉၄၈ ခုနှစ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်တည်ထောင်ပြီးနောက်ပိုင်း စံချိန်တင် အနိမ့်ဆုံးဖြစ်ခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ နဂါးႏွစ္အတြက္ ကေလးေမြးဖြားမႈႏႈန္း ျမင့္တက္လာႏိုင္
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၈

တ႐ုတ္ႏိုင္ငံဟာ ကေလးေမြးဖြားႏႈန္း ၇ ႏွစ္ဆက္တိုက္ က်ဆင္းလာျခင္းေၾကာင့္ လူငယ္စုံတြဲမ်ား ကေလးပိုမို ေမြးဖြားေစဖို႔ အစိုးရက ႀကိဳးပမ္းေနပါတယ္။ လာမယ့္ နဂါးႏွစ္ကေတာ့ ကေလးေမြးဖြားမႈႏႈန္းျမင့္တက္လာမယ္လို႔ ခန္႔မွန္းရပါတယ္။

နဂါးႏွစ္ဟာ တ႐ုတ္လူမ်ိဳးေတြအတြက္ အေကာင္းဆုံးႏွစ္တစ္ႏွစ္လို႔ သတ္မွတ္ၾကၿပီး အဲဒီႏွစ္မွာေမြးတဲ့ ကေလး ေတြကို နဂါးရဲ႕သားစဥ္ေျမးဆက္ေတြလို႔ ယူဆၾကပါတယ္။ စကၤာပူနဲ႔ ထိုင္ဝမ္ အပါအဝင္ တ႐ုတ္လူမ်ိဳးအမ်ားစုက နဂါးရာသီခြင္ေအာက္ေမြးဖြားသူေတြဟာ ဉာဏ္ရည္ဉာဏ္ေသြး၊ ေခါင္းေဆာင္မႈနဲ႔ ကံေကာင္းျခင္း စတဲ့ အရည္ အေသြးေတြ ရွိၾကတယ္လို႔ ယုံၾကည္ၾကတာေၾကာင့္ နဂါးႏွစ္ကို ေ႐ြးခ်ယ္ၿပီး ရင္ေသြး ေမြးဖြားၾကေလ့ရွိပါတယ္။ တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ နဂါးႏွစ္၊ ၂ဝ၁၂ ခုႏွစ္က ေမြးဖြားႏႈန္းဟာ ၁၄.၅၇ ရာခိုင္ႏႈန္းထိ တိုးခဲ့ပါတယ္။
အခု ၂ဝ၂၄ ရဲ႕ နဂါးႏွစ္မွာလည္း ကေလးယူမယ့္ စုံတြဲမ်ား ပိုမ်ားလာမယ္လို႔ ကြၽမ္းက်င္သူေတြက ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္း ကေလးေမြးဖြားမႈႏႈန္း က်ဆင္းသြားခဲ့ၿပီး ေပက်င္းဟာ ၎ရဲ႕ တစ္အိမ္ ေထာင္၊ ကေလးတစ္ေယာက္ မူဝါဒကို စြန႔္လႊတ္ခဲ့ရပါတယ္။ ၂ဝ၁၆ ခုႏွစ္ကစၿပီး ေမြးဖြားမႈႏႈန္း ၅ဝ ရာခိုင္ႏႈန္းအထိ သိသိသာသာက်ဆင္းသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၃ ခုႏွစ္က ကေလးေမြးဖြားႏႈန္းဟာ ၆.၃၉ ရာခိုင္ႏႈန္းသာရွိၿပီး ၁၉၄၈ ခုႏွစ္၊ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ စတင္တည္ေထာင္ၿပီးေနာက္ပိုင္း စံခ်ိန္တင္ အနိမ့္ဆုံးျဖစ္ခဲ့ပါတယ္။

© 2021. All rights reserved.