ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် (၁၂)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး

667

သန့်ဇင်(NP News)-ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ရန်ကုန်ကားလမ်းတွင် ဆီဘောက်ဆာကားနှင့် (၁၂)ဘီးကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ပုဏ္ဏမာပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၂၉ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင် ဓနုဖြူမြို့နယ်၊ ဓနုဖြူ-ရန်ကုန်သွား ကားလမ်း၊ မိုင်တိုင်အမှတ် (၁၄/၂)နှင့် (၁၄/၃)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဖြစ်တာက ဆီဘောက်ဆာနဲ့ ဆန်တင်တဲ့ကုန်တင်(၁၂)ဘီးကားတိုက်တာ။ မျက်နှာချင်းဆိုင် ဝင်တိုက်ကြတာပေါ့။ ဆီဘောက်ကားက မှောက်တယ်။ ဆန်ကားကတော့ လမ်းဘေးထိုးကြသွားတယ်။ ဆီဘောက်ဆာကားက ဓနုဖြူနားက တလုပ်ထော်ရွာနားက ဆီဆိုင်ကို ဆီသွားပို့တာလို့ သိရတယ်” ဟု ပုဏ္ဏမာပရဟိတလူမှုကူညီရေး အသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဆီဘောက်ဆာကားပေါ်မှ အသက်(၃၅)နှစ်အရွယ် ယာဉ်မောင်းအမျိုးသားမှာ နေရာတွင်ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အမျိုးသား(၂)ဦးသည်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆီဘောက်ဆာက ယာဉ်မောင်းက ကားမှောက်တော့ ကားပိပြီးဆုံးသွားတယ်။ ယာဉ်နောက်လိုက်ကတော့ ခေါင်းနဲ့ ဒူးမှာ သွေးထွက်ဒဏ်ရာရတယ်။ သူကတော့ စိုးရိမ်ရတယ်။ ဆန်ကားက တစ်ယောက်ကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းပဲရပါတယ်။ ခုဖြစ်တဲ့နေရာက အရင်ကဖြစ်တာတွေရှိတယ်။ လမ်းကလည်း ကျဉ်းတော့ ဖြစ်တတ်ပါတယ်။ အကြံပြုချင်တာကတော့ အပြိုင်အဆိုင်တွေမမောင်းဖို့ပဲပြောချင်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူတို့အား ပုဏ္ဏမာပရဟိတလူမှုကူညီရေးအသင်းမှ ဓနုဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဓႏုျဖဴ-ရန္ကုန္ကားလမ္းတြင္ ဆီေဘာက္ဆာကားႏွင့္ (၁၂)ဘီးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္(NP News)-ဇန္နဝါရီ ၂၉
ဧရာဝတီတိုင္း၊ ဓႏုျဖဴၿမိဳ႕နယ္၊ ဓႏုျဖဴ-ရန္ကုန္ကားလမ္းတြင္ ဆီေဘာက္ဆာကားႏွင့္ (၁၂)ဘီးကားတို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ရာ အမ်ိဳးသားတစ္ဦး ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ပုဏၰမာပရဟိတလူမႈကူညီေရးအသင္းထံမွ သိရသည္။
ယာဥ္တိုက္မႈသည္ ယေန႔(ဇန္နဝါရီလ ၂၉ ရက္)၊ နံနက္ ၅ နာရီအခ်ိန္ခန႔္တြင္ ဓႏုျဖဴၿမိဳ႕နယ္၊ ဓႏုျဖဴ-ရန္ကုန္သြား ကားလမ္း၊ မိုင္တိုင္အမွတ္ (၁၄/၂)ႏွင့္ (၁၄/၃)ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ျဖစ္တာက ဆီေဘာက္ဆာနဲ႔ ဆန္တင္တဲ့ကုန္တင္(၁၂)ဘီးကားတိုက္တာ။ မ်က္ႏွာခ်င္းဆိုင္ ဝင္တိုက္ၾကတာေပါ့။ ဆီေဘာက္ကားက ေမွာက္တယ္။ ဆန္ကားကေတာ့ လမ္းေဘးထိုးၾကသြားတယ္။ ဆီေဘာက္ဆာကားက ဓႏုျဖဴနားက တလုပ္ေထာ္႐ြာနားက ဆီဆိုင္ကို ဆီသြားပို႔တာလို႔ သိရတယ္” ဟု ပုဏၰမာပရဟိတလူမႈကူညီေရး အသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈျဖစ္စဥ္ေၾကာင့္ ဆီေဘာက္ဆာကားေပၚမွ အသက္(၃၅)ႏွစ္အ႐ြယ္ ယာဥ္ေမာင္းအမ်ိဳးသားမွာ ေနရာတြင္ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ၿပီး အမ်ိဳးသား(၂)ဦးသည္လည္း ထိခိုက္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“ဆီေဘာက္ဆာက ယာဥ္ေမာင္းက ကားေမွာက္ေတာ့ ကားပိၿပီးဆုံးသြားတယ္။ ယာဥ္ေနာက္လိုက္ကေတာ့ ေခါင္းနဲ႔ ဒူးမွာ ေသြးထြက္ဒဏ္ရာရတယ္။ သူကေတာ့ စိုးရိမ္ရတယ္။ ဆန္ကားက တစ္ေယာက္ကေတာ့ ထိခိုက္ဒဏ္ရာ နည္းနည္းပဲရပါတယ္။ ခုျဖစ္တဲ့ေနရာက အရင္ကျဖစ္တာေတြရွိတယ္။ လမ္းကလည္း က်ဥ္းေတာ့ ျဖစ္တတ္ပါတယ္။ အႀကံျပဳခ်င္တာကေတာ့ အၿပိဳင္အဆိုင္ေတြမေမာင္းဖို႔ပဲေျပာခ်င္ပါတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားႏွင့္ ထိခိုက္ဒဏ္ရာရရွိသူတို႔အား ပုဏၰမာပရဟိတလူမႈကူညီေရးအသင္းမွ ဓႏုျဖဴၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။