ဂန္တဝင် ဘောလုံးကစားသမား ဒေးဗစ်ဘက်ခမ်းနှင့်အတူ တွဲမြင်ရသည့် ပိုင်တံခွန်

4309

NP News - ဇန်နဝါရီ ၂
ဘောလုံး ဂန္တဝင်ကစားသမားဖြစ်သည့် ဒေဗစ်ဘက်ခမ်းနှင့် မြန်မာသရုပ်ဆောင် မော်ဒယ်ပိုင်တံခွန်တို့အတူ လက်ဆွဲနှုတ်ဆက်ကာ စကားပြောနေကြသည့်မြင်ကွင်းများသည် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိပြီး ပရိသတ် များအနေဖြင့် ပိုင်တံခွန်အတွက် ဝမ်းသာ အားကျလျက်ရှိနေကြသည်။
ကမ္ဘာကျော်ကစားသမား ဒေးဗစ်ဘက်ခမ်း၊ အမေရိကန်နိုင်ငံ မေဂျာလိဂ်ဘောလုံးအဖွဲ့ချုပ် အင်တာမီယာမီဥက္ကဋ္ဌ အနေဖြင့် ထိုင်းနိုင်ငံ Central World 3 လွှာရှိ Adidas Brand Center တွင် ကျင်းပခဲ့သည့် Adidas ၏ နှစ် ၃ဝ ပြည့်အခမ်းအနားပွဲသို့ တက်ရောက်ရန် ဇန်နဝါရီလ ၃ဝ ရက်တွင် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Adidas ၏ နှစ် ၃ဝ ပြည့်အခမ်းအနားပွဲသို့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနှင့်အတူ ထိုင်းနိုင်ငံမှ နာမည်ကြီးမင်းသား Bright လည်း တက်ရောက်ခဲ့ကြပြီး ထိုင်းပရိသတ်အများအပြား ကြိုဆိုခဲ့ကြကြောင်း သိရ သည်။
အဆိုပါပွဲအခမ်းအနားသို့ မြန်မာနိုင်ငံက မော်ဒယ်၊ သရုပ်ဆောင် ပိုင်တံခွန်လည်း တက်ရောက်ခဲ့ပုံရပြီး ဒေးဗစ်ဘက်ခမ်းနှင့်တွေ့ဆုံခွင့်ရခဲ့ကာ လက်ဆွဲနှုတ်ဆက် မိတ်ဆက်ခွင့်ရရှိခဲ့ပုံပေါ်သည်။
မြန်မာမင်းသား မော်ဒယ် ပိုင်တံခွန်တစ်ယောက် ဒေးဗစ်ဘက်ခမ်းနှင့် တွေ့ဆုံခွင့်ရခဲ့သည့်မြင်ကွင်းများကို ပိုင်တံခွန် ၏မိခင်ဖြစ်သူက ၄င်း၏ ကိုယ်ပိုင်ဖေ့ဘွတ်အကောင့်တွင် “အမေ့ချစ်ဆုံးသားလေး ဒေးဗစ်ဘက်ခမ်းနဲ့တွေ့နေတဲ့ ပုံလေးကို ကြည့်ပြီး ဝမ်းသာလို့ မဆုံးဘူး။ ဂုဏ်ယူပါတယ်” ဟု ပြန်လည်မျှဝေခဲ့ခြင်းဖြစ်သည်။
ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းအနေဖြင့် အင်တာမိုင်ယာမီ နှင့် Adidas Predator ဘောလုံးကန်ဖိနပ် အတွက် သက်ဆိုင်ရာနိုင်ငံများမှ နာမည်ကြီးအနုပညာရှင်တွေနှင့်အတူ အာရှနိုင်ငံတွေအထိ ဈေးကွက် ထိုးဖောက် နေပြီလို့လည်း ဆိုနိုင်ပါသည်။
အဆိုပါ Adidas ၏ နှစ် ၃ဝ ပြည့်ပွဲအခမ်းအနားပွဲတွင် Adidas ၏ Brand New ဖြစ်သည့် Predator ဖိနပ်ကို စတင်မိတ်ဆက်ခဲ့ကြောင်းလည်း သိရသည်။
ထို့အပြင် ဒေးဗစ်ဘက်ခမ်းသည် မလေးရှားနိုင်ငံ TRX mall တွင် ကျင်းပခဲ့သည့် Adidas ကြော်ငြာ မိတ်ဆက်ပွဲကိုလည်း တက်ရောက်ခဲ့ပြီး၊ ပရိသတ်တွေနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ အမှတ်တရလက်မှတ် ရေးထိုးပေးခဲ့ကြောင်းသိရသည်။

Zawgyi Version;
ဂႏၲဝင္ ေဘာလုံးကစားသမား ေဒးဗစ္ဘက္ခမ္းႏွင့္အတူ တြဲျမင္ရသည့္ ပိုင္တံခြန္
NP News - ဇန္နဝါရီ ၂
ေဘာလုံး ဂႏၲဝင္ကစားသမားျဖစ္သည့္ ေဒဗစ္ဘက္ခမ္းႏွင့္ ျမန္မာသ႐ုပ္ေဆာင္ ေမာ္ဒယ္ပိုင္တံခြန္တို႔အတူ လက္ဆြဲႏႈတ္ဆက္ကာ စကားေျပာေနၾကသည့္ျမင္ကြင္းမ်ားသည္ လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔လ်က္ရွိၿပီး ပရိသတ္ မ်ားအေနျဖင့္ ပိုင္တံခြန္အတြက္ ဝမ္းသာ အားက်လ်က္ရွိေနၾကသည္။
ကမာၻေက်ာ္ကစားသမား ေဒးဗစ္ဘက္ခမ္း၊ အေမရိကန္ႏိုင္ငံ ေမဂ်ာလိဂ္ေဘာလုံးအဖြဲ႕ခ်ဳပ္ အင္တာမီယာမီဥကၠ႒ အေနျဖင့္ ထိုင္းႏိုင္ငံ Central World 3 လႊာရွိ Adidas Brand Center တြင္ က်င္းပခဲ့သည့္ Adidas ၏ ႏွစ္ ၃ဝ ျပည့္အခမ္းအနားပြဲသို႔ တက္ေရာက္ရန္ ဇန္နဝါရီလ ၃ဝ ရက္တြင္ လာေရာက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။
Adidas ၏ ႏွစ္ ၃ဝ ျပည့္အခမ္းအနားပြဲသို႔ ကမာၻေက်ာ္ေဘာလုံးသမား ေဒးဗစ္ဘက္ခမ္းႏွင့္အတူ ထိုင္းႏိုင္ငံမွ နာမည္ႀကီးမင္းသား Bright လည္း တက္ေရာက္ခဲ့ၾကၿပီး ထိုင္းပရိသတ္အမ်ားအျပား ႀကိဳဆိုခဲ့ၾကေၾကာင္း သိရ သည္။
အဆိုပါပြဲအခမ္းအနားသို႔ ျမန္မာႏိုင္ငံက ေမာ္ဒယ္၊ သ႐ုပ္ေဆာင္ ပိုင္တံခြန္လည္း တက္ေရာက္ခဲ့ပုံရၿပီး ေဒးဗစ္ဘက္ခမ္းႏွင့္ေတြ႕ဆုံခြင့္ရခဲ့ကာ လက္ဆြဲႏႈတ္ဆက္ မိတ္ဆက္ခြင့္ရရွိခဲ့ပုံေပၚသည္။
ျမန္မာမင္းသား ေမာ္ဒယ္ ပိုင္တံခြန္တစ္ေယာက္ ေဒးဗစ္ဘက္ခမ္းႏွင့္ ေတြ႕ဆုံခြင့္ရခဲ့သည့္ျမင္ကြင္းမ်ားကို ပိုင္တံခြန္ ၏မိခင္ျဖစ္သူက ၄င္း၏ ကိုယ္ပိုင္ေဖ့ဘြတ္အေကာင့္တြင္ “အေမ့ခ်စ္ဆုံးသားေလး ေဒးဗစ္ဘက္ခမ္းနဲ႔ေတြ႕ေနတဲ့ ပုံေလးကို ၾကည့္ၿပီး ဝမ္းသာလို႔ မဆုံးဘူး။ ဂုဏ္ယူပါတယ္” ဟု ျပန္လည္မွ်ေဝခဲ့ျခင္းျဖစ္သည္။
ကမာၻေက်ာ္ေဘာလုံးသမား ေဒးဗစ္ဘက္ခမ္းအေနျဖင့္ အင္တာမိုင္ယာမီ ႏွင့္ Adidas Predator ေဘာလုံးကန္ဖိနပ္ အတြက္ သက္ဆိုင္ရာႏိုင္ငံမ်ားမွ နာမည္ႀကီးအႏုပညာရွင္ေတြႏွင့္အတူ အာရွႏိုင္ငံေတြအထိ ေဈးကြက္ ထိုးေဖာက္ ေနၿပီလို႔လည္း ဆိုႏိုင္ပါသည္။
အဆိုပါ Adidas ၏ ႏွစ္ ၃ဝ ျပည့္ပြဲအခမ္းအနားပြဲတြင္ Adidas ၏ Brand New ျဖစ္သည့္ Predator ဖိနပ္ကို စတင္မိတ္ဆက္ခဲ့ေၾကာင္းလည္း သိရသည္။
ထို႔အျပင္ ေဒးဗစ္ဘက္ခမ္းသည္ မေလးရွားႏိုင္ငံ TRX mall တြင္ က်င္းပခဲ့သည့္ Adidas ေၾကာ္ျငာ မိတ္ဆက္ပြဲကိုလည္း တက္ေရာက္ခဲ့ၿပီး၊ ပရိသတ္ေတြႏွင့္ရင္းရင္းႏွီးႏွီးေတြ႕ဆုံကာ အမွတ္တရလက္မွတ္ေရးထိုးေပးခဲ့ေၾကာင္းသိရသည္။