မန္တလေးကျောက်ဝိုင်းမှ ဆိုင်ပေါင်း (၉၀)ကျော်ကို ဆိုင်ဖွင့်ခွင့် ပိတ်သိမ်းထား

4188

သုတကျော် (NP News) - ဖေဖော်ဝါရီ ၃
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁ ရက်က ဆိုင်မဖွင့်ခဲ့သော မန္တလေးကျောက်ဝိုင်း မှ ဆိုင်ပေါင်း ၉၀ ကျော်ကို ဆိုင်ဖွင့်ခွင့် ပိတ်သိမ်းထားကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
မန္တလေးကျောက်ဝိုင်းရှိ ဆိုင်များအနက် ဖေဖော်ဝါရီလ ၁ ရက်တွင် လုံးဝမဖွင့်ခဲ့သော အထက်ပါ ဆိုင်များကို ဖေဖော်ဝါရီလ ၂ ရက်တွင် ဆိုင်ဖွင့်ခွင့် ပိတ်လိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
“၆ လ ပိတ်တယ်လို့ ပြောနေကြတာပေါ့။ တကယ်တော့ အကန့်အသတ်မရှိ ပိတ်တာလို့ သိရတယ်” ဟု အထက်ပါ နီးစပ်သူက ပြောသည်။
ထိုသို့ ပိတ်လိုက်ကြောင်းကို စာကပ်ကာ အသိပေးလိုက်ခြင်းဖြစ်သည်ဟု ကနဦးသိရပြီး ကျောက်ဝိုင်းမှ သက်ဆိုင်ရာတာဝန်ရှိသူများက အမိန့်ထုတ်လိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
“ဆိုင်ပိတ်တာက ဟုတ်ပါတယ်။ မနေ့က ကျွန်တော်တောင် ကျောက်ဝိုင်းသွားသေးတယ်။ စစ်ရင်းနဲ့ ပိတ်ခိုင်းတယ်လို့ကြားတာ”ဟု မန္တလေးမြို့ခံ တစ်ဦးကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍အတည်ပြုရန်အတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှတာဝန်ရှိသူ တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ “စိစစ်ဆောင်ရွက်နေပါတယ်” ဟု ပြန်လည် အကြောင်း ပြန်ကြားခဲ့သည်။
zawgyi version
မႏၲေလးေက်ာက္ဝိုင္းမွ ဆိုင္ေပါင္း (၉၀)ေက်ာ္ကို ဆိုင္ဖြင့္ခြင့္ ပိတ္သိမ္းထား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၃
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၁ ရက္က ဆိုင္မဖြင့္ခဲ့ေသာ မႏၲေလးေက်ာက္ဝိုင္း မွ ဆိုင္ေပါင္း ၉၀ ေက်ာ္ကို ဆိုင္ဖြင့္ခြင့္ ပိတ္သိမ္းထားေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
မႏၲေလးေက်ာက္ဝိုင္းရွိ ဆိုင္မ်ားအနက္ ေဖေဖာ္ဝါရီလ ၁ ရက္တြင္ လုံးဝမဖြင့္ခဲ့ေသာ အထက္ပါ ဆိုင္မ်ားကို ေဖေဖာ္ဝါရီလ ၂ ရက္တြင္ ဆိုင္ဖြင့္ခြင့္ ပိတ္လိုက္ျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။
“၆ လ ပိတ္တယ္လို႔ ေျပာေနၾကတာေပါ့။ တကယ္ေတာ့ အကန႔္အသတ္မရွိ ပိတ္တာလို႔ သိရတယ္” ဟု အထက္ပါ နီးစပ္သူက ေျပာသည္။
ထိုသို႔ ပိတ္လိုက္ေၾကာင္းကို စာကပ္ကာ အသိေပးလိုက္ျခင္းျဖစ္သည္ဟု ကနဦးသိရၿပီး ေက်ာက္ဝိုင္းမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက အမိန႔္ထုတ္လိုက္ျခင္းျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။
“ဆိုင္ပိတ္တာက ဟုတ္ပါတယ္။ မေန႔က ကြၽန္ေတာ္ေတာင္ ေက်ာက္ဝိုင္းသြားေသးတယ္။ စစ္ရင္းနဲ႔ ပိတ္ခိုင္းတယ္လို႔ၾကားတာ”ဟု မႏၲေလးၿမိဳ႕ခံ တစ္ဦးကေျပာသည္။
အဆိုပါ ကိစၥႏွင့္ပတ္သက္၍အတည္ျပဳရန္အတြက္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕မွတာဝန္ရွိသူ တစ္ဦးထံ ဆက္သြယ္ေမးျမန္းခဲ့ရာ “စိစစ္ေဆာင္႐ြက္ေနပါတယ္” ဟု ျပန္လည္ အေၾကာင္း ျပန္ၾကားခဲ့သည္။