ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားသည့် ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသား(၁၉)ဦးကို အိန္ဒိယရေတပ် ထပ်မံကယ်တင်

 2178

Pika (NP News) - ဖေဖော်ဝါရီ ၃

ဆိုမာလီယာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားသော ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသား(၁၉)ဦးကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ဖေဖော်ဝါရီလ(၂)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

အိန္ဒိယရေတပ်သည် အီရန်အလံလွှင့်တင်ထားသော FV Omari ငါးဖမ်းသင်္ဘောပေါ်မှ ဖုန်းခေါ်ဆိုမှုကို ဇန်နဝါရီလ(၃၁)ရက်က ရရှိခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ ရေတပ်ကင်းလှည့်သင်္ဘော INS Sharda သည် ဖေဖော်ဝါရီလ(၂)ရက်အစောပိုင်းတွင် FV Omari ငါးဖမ်းသင်္ဘောကို ကြားဖြတ်ဟန့်တားမှုများလုပ်ဆောင်ခဲ့ပြီး ယခုကဲ့သို့ကယ်ဆယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင်"အဲဒီငါးဖမ်းသင်္ဘောနဲ့အတူ သင်္ဘောသားတွေကို ဆိုမာလီပင်လယ်ဓါးပြတွေ လက်ကနေ အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဆိုမာလီပင်လယ်ဓါးပြတွေ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ သင်္ဘောသားတွေရဲ့ ကျန်းမာရေးကိုလည်း စစ်ဆေးမှုတွေလုပ်ဆောင်ပေးခဲ့ပါတယ်"ဟု ရေးသားထားသည်။

အဆိုပါငါးဖမ်းသင်္ဘောပေါ်တွင် အီရန်နိုင်ငံသား(၁၁)ဦးနှင့် ပါကစ္စတန်နိုင်ငံသား(၈)ဦးတို့ လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။ အိန္ဒိရေတပ်မှ ထုတ်ပြန်ထားသော ဓါတ်ပုံများတွင် ရေတပ်ကွန်မန်ဒိုများသည် အီရန်အလံလွှင့်တင်ထားသော ငါးဖမ်းသင်္ဘောပေါ်ကို တက်နေကြသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ အခြားဓါတ်ပုံတစ်ပုံတွင် ပြန်ပေးဆွဲမှုများလုပ်ဆောင်ခဲ့သော ဆိုမာလီပင်လယ်ဓါးပြများက လက်နက်ချ အညံ့ခံသည့်အနေဖြင့် လက်မြှောက်ထားသည်ကိုလည်း တွေ့မြင်ခဲ့ရသည်။ FV Omari ငါးဖမ်းသင်္ဘောကို ဆိုမာလီပင်လယ်ဓါးပြ(၇)ဦးက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသော်လည်း ၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းရှိ/မရှိဆိုသည့် အသေးစိတ်အချက်အလက်များကို ဖော်ပြထားခြင်းမျိုးမရှိကြောင်းလည်းသိရသည်။

အဆိုပါဖြစ်ရပ်သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း ဆိုမာလီပင်လယ်ဓါးပြများ ပြန်ပေးဆွဲထားသည့် ငါးဖမ်းသင်္ဘောများပေါ်မှ သင်္ဘောသားများကို အိန္ဒိယရေတပ်က အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့သည့် တတိအကြိမ်မြောက်ကယ်ဆယ်မှုတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
ဆိုမာလီပင္လယ္ဓါးျပမ်ား ျပန္ေပးဆြဲထားသည့္ ငါးဖမ္းသေဘၤာေပၚမွ သေဘၤာသား(၁၉)ဦးကို အိႏၵိယေရတပ္ ထပ္မံကယ္တင္
Pika (NP News) - ေဖေဖာ္ဝါရီ ၃

ဆိုမာလီယာႏိုင္ငံ ကမ္းလြန္ပင္လယ္ျပင္တြင္ ဆိုမာလီပင္လယ္ဓါးျပမ်ား ျပန္ေပးဆြဲထားေသာ ငါးဖမ္းသေဘၤာေပၚမွ သေဘၤာသား(၁၉)ဦးကို ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ေၾကာင္း အိႏၵိယေရတပ္က ေဖေဖာ္ဝါရီလ(၂)ရက္တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

အိႏၵိယေရတပ္သည္ အီရန္အလံလႊင့္တင္ထားေသာ FV Omari ငါးဖမ္းသေဘၤာေပၚမွ ဖုန္းေခၚဆိုမႈကို ဇန္နဝါရီလ(၃၁)ရက္က ရရွိခဲ့ျခင္းျဖစ္ၿပီး အိႏၵိယ ေရတပ္ကင္းလွည့္သေဘၤာ INS Sharda သည္ ေဖေဖာ္ဝါရီလ(၂)ရက္အေစာပိုင္းတြင္ FV Omari ငါးဖမ္းသေဘၤာကို ၾကားျဖတ္ဟန႔္တားမႈမ်ားလုပ္ေဆာင္ခဲ့ၿပီး ယခုကဲ့သို႔ကယ္ဆယ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားသည္။ ထုတ္ျပန္ခ်က္တြင္"အဲဒီငါးဖမ္းသေဘၤာနဲ႔အတူ သေဘၤာသားေတြကို ဆိုမာလီပင္လယ္ဓါးျပေတြ လက္ကေန ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ဆိုမာလီပင္လယ္ဓါးျပေတြ ဖမ္းဆီးျခင္းကို ခံခဲ့ရတဲ့ သေဘၤာသားေတြရဲ႕ က်န္းမာေရးကိုလည္း စစ္ေဆးမႈေတြလုပ္ေဆာင္ေပးခဲ့ပါတယ္"ဟု ေရးသားထားသည္။

အဆိုပါငါးဖမ္းသေဘၤာေပၚတြင္ အီရန္ႏိုင္ငံသား(၁၁)ဦးႏွင့္ ပါကစၥတန္ႏိုင္ငံသား(၈)ဦးတို႔ လိုက္ပါလာခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားသည္။ အိႏၵိေရတပ္မွ ထုတ္ျပန္ထားေသာ ဓါတ္ပုံမ်ားတြင္ ေရတပ္ကြန္မန္ဒိုမ်ားသည္ အီရန္အလံလႊင့္တင္ထားေသာ ငါးဖမ္းသေဘၤာေပၚကို တက္ေနၾကသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ အျခားဓါတ္ပုံတစ္ပုံတြင္ ျပန္ေပးဆြဲမႈမ်ားလုပ္ေဆာင္ခဲ့ေသာ ဆိုမာလီပင္လယ္ဓါးျပမ်ားက လက္နက္ခ် အညံ့ခံသည့္အေနျဖင့္ လက္ေျမႇာက္ထားသည္ကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ FV Omari ငါးဖမ္းသေဘၤာကို ဆိုမာလီပင္လယ္ဓါးျပ(၇)ဦးက ျပန္ေပးဆြဲခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ေရးသားေဖာ္ျပထားေသာ္လည္း ၎တို႔ကို ဖမ္းဆီးခဲ့ျခင္းရွိ/မရွိဆိုသည့္ အေသးစိတ္အခ်က္အလက္မ်ားကို ေဖာ္ျပထားျခင္းမ်ိဳးမရွိေၾကာင္းလည္းသိရသည္။

အဆိုပါျဖစ္ရပ္သည္ ၿပီးခဲ့သည့္သီတင္းပတ္မ်ားအတြင္း ဆိုမာလီပင္လယ္ဓါးျပမ်ား ျပန္ေပးဆြဲထားသည့္ ငါးဖမ္းသေဘၤာမ်ားေပၚမွ သေဘၤာသားမ်ားကို အိႏၵိယေရတပ္က ေအာင္ျမင္စြာကယ္ဆယ္ႏိုင္ခဲ့သည့္ တတိအႀကိမ္ေျမာက္ကယ္ဆယ္မႈတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.