၂ဝ၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိခဲ့ကြသူများ

 11992

NP News - ဇန်နဝါရီ ၃

၂ဝ၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီလ ၃ ရက် ညနေ ၄ နာရီ အချိန်မှစ၍ နေပြည်တော်ရှိ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန(၁) ရှိ MICC-1 တွင် ကျင်းပပြု လုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့်တကွ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းလည်း တက်ရောက်ခဲ့သည်။

ရုပ်ရှင်တစ်သက်တာဆုရှင်များအဖြစ် ဒါရိုက်တာစည်သူဦးအောင်မြင့်မြတ်၊ စည်သူဒေါ်နွဲနွဲစန်း၊ ဒါရိုက်တာ အလင်္ကာကျော်စွာ ပန်းချီစိုးမိုး တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။ ဒါရိုက်တာစည်သူ ဦးအောင်မြင့်မြတ်အနေဖြင့် ကျေးဇူးတင်စကားပြောကြားရာတွင် “နှလုံးသွေးရပ်တဲ့အထိ ရုပ်ရှင်ကို အမြဲတမ်းပံ့ပိုးပေးပါမယ်” ဟု ထည့်သွင်း ပြောကြားခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

၂ဝ၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရရှိခဲ့သူများမှာ ၂ဝ၂၃ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို “စောင်နီလေးတစ်ထည်ဇာတ်ကား” ဖြင့် ထပ်ဆင့်အကယ်ဒမီများရှင် ရန်အောင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို “ဘယ်တော့မှ အရှုံးမပေးဘူး” ဇာတ်ကားဖြင့် ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို “ရည်ရွယ်မိုး” ဇာတ်ကားဖြင့် နေဝင်း၊ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို “မုန်းခွင့်” ရုပ်ရှင်ဇာတ်ကားဖြင့် မေမြင့်မိုရ်တို့က ရရှိခဲ့သည်။

အကောင်းဆုံးရုပ်ရှင်ဓါတ်ပုံဆုကို ကံကောင်းဇာတ်ကားဖြင့် ဒါရိုက်တာဝင်းလွင်ထက်(DOP)၊ အကောင်းဆုံးရုပ်ရှင် တေးဂီတဆုကို ကံကောင်းဇာတ်ကားဖြင့် ကောင်းဆက်ပိုင်း(ဂီတမြို့)၊ အကောင်းဆုံးဇာတ်ညွှန်းဆု The Teacher ဇာတ်ကားနဲ့ ဒါရိုက်တာညိုမင်းလွင်၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု “ကံကောင်း” ရုပ်ရှင်ဇာတ်ကား၊ အကောင်းဆုံးဒါရိုက်တာဆုအဖြစ် “စောင်နီလေးတစ်ထည်” ဇာတ်ကားကိုရိုက်ကူးခဲ့သည့် ဒါရိုက်တာတင်အောင်စိုး (ပန်းမြို့တော်) တို့က ထိုက်တန်စွာ ရရှိခဲ့သည်။

အကယ်ဒမီပွဲတက်ရောက်ခဲ့သည့် အနုပညာရှင်များထဲမှ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်း ဆု (အမျိုးသား)ဆု အကယ်ဒမီ ခန့်စည်သူ၊ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုအကြီးတန်းဆု (အမျိုးသမီး)ဆု အကယ်ဒမီ ခင်သီတာထွန်း၊ အကောင်းဆုံး အမျိုးသား ဝတ်စားဆင်ယင်မှုဆု(အမျိုးသား)ဆု ဟင်နရီဆန် နှင့် အကောင်းဆုံး အမျိုးသားဝတ်စား ဆင်ယင်မှုဆု (အမျိုးသမီး) ဆု အိချောပိုတို့က လက်ခံရရှိခဲ့ သည်။

Zawgyi Version;
၂ဝ၂၃ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ရရွိခဲ့ၾကသူမ်ား
NP News - ဇန္နဝါရီ ၃

၂ဝ၂၃ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကို ယေန႔ ဇန္နဝါရီလ ၃ ရက္ ညေန ၄ နာရီ အခ်ိန္မွစ၍ ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံအျပည္ျပည္ဆိုင္ရာ ကြန္ဗန္းရွင္းဗဟိုဌာန(၁) ရွိ MICC-1 တြင္ က်င္းပျပဳ လုပ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္ပြဲအခမ္းအနားသို႔ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယဥကၠ႒၊ ဒုတိယ ဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ဇနီး၊ ဟိုတယ္ႏွင့္ခရီးသြားလာေရးဝန္ႀကီဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ႏွင့္တကြ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ေမာင္အုန္းလည္း တက္ေရာက္ခဲ့သည္။

႐ုပ္ရွင္တစ္သက္တာဆုရွင္မ်ားအျဖစ္ ဒါ႐ိုက္တာစည္သူဦးေအာင္ျမင့္ျမတ္၊ စည္သူေဒၚႏြဲႏြဲစန္း၊ ဒါ႐ိုက္တာ အလကၤာေက်ာ္စြာ ပန္းခ်ီစိုးမိုး တို႔အား ေပးအပ္ခ်ီးျမႇင့္ခဲ့သည္။ ဒါ႐ိုက္တာစည္သူ ဦးေအာင္ျမင့္ျမတ္အေနျဖင့္ ေက်းဇူးတင္စကားေျပာၾကားရာတြင္ “ႏွလုံးေသြးရပ္တဲ့အထိ ႐ုပ္ရွင္ကို အၿမဲတမ္းပံ့ပိုးေပးပါမယ္” ဟု ထည့္သြင္း ေျပာၾကားခဲ့သည္ကိုလည္း ေတြ႕ခဲ့ရသည္။

၂ဝ၂၃ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုရရွိခဲ့သူမ်ားမွာ ၂ဝ၂၃ ခုႏွစ္အတြက္ အေကာင္းဆုံးအမ်ိဳးသား ဇာတ္ေဆာင္ဆုကို “ေစာင္နီေလးတစ္ထည္ဇာတ္ကား” ျဖင့္ ထပ္ဆင့္အကယ္ဒမီမ်ားရွင္ ရန္ေအာင္၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို “ဘယ္ေတာ့မွ အရႈံးမေပးဘူး” ဇာတ္ကားျဖင့္ ထပ္ဆင့္အကယ္ဒမီ စိုးျမတ္သူဇာ၊ အေကာင္းဆုံးအမ်ိဳးသားဇာတ္ပို႔ဆုကို “ရည္႐ြယ္မိုး” ဇာတ္ကားျဖင့္ ေနဝင္း၊ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကို “မုန္းခြင့္” ႐ုပ္ရွင္ဇာတ္ကားျဖင့္ ေမျမင့္မိုရ္တို႔က ရရွိခဲ့သည္။

အေကာင္းဆုံး႐ုပ္ရွင္ဓါတ္ပုံဆုကို ကံေကာင္းဇာတ္ကားျဖင့္ ဒါ႐ိုက္တာဝင္းလြင္ထက္(DOP)၊ အေကာင္းဆုံး႐ုပ္ရွင္ ေတးဂီတဆုကို ကံေကာင္းဇာတ္ကားျဖင့္ ေကာင္းဆက္ပိုင္း(ဂီတၿမိဳ႕)၊ အေကာင္းဆုံးဇာတ္ၫႊန္းဆု The Teacher ဇာတ္ကားနဲ႔ ဒါ႐ိုက္တာညိဳမင္းလြင္၊ အေကာင္းဆုံး႐ုပ္ရွင္ဇာတ္ကားဆု “ကံေကာင္း” ႐ုပ္ရွင္ဇာတ္ကား၊ အေကာင္းဆုံးဒါ႐ိုက္တာဆုအျဖစ္ “ေစာင္နီေလးတစ္ထည္” ဇာတ္ကားကို႐ိုက္ကူးခဲ့သည့္ ဒါ႐ိုက္တာတင္ေအာင္စိုး (ပန္းၿမိဳ႕ေတာ္) တို႔က ထိုက္တန္စြာ ရရွိခဲ့သည္။

အကယ္ဒမီပြဲတက္ေရာက္ခဲ့သည့္ အႏုပညာရွင္မ်ားထဲမွ အေကာင္းဆုံး အမ်ိဳးသားဝတ္စားဆင္ယင္မႈ အႀကီးတန္း ဆု (အမ်ိဳးသား)ဆု အကယ္ဒမီ ခန႔္စည္သူ၊ အေကာင္းဆုံး အမ်ိဳးသားဝတ္စားဆင္ယင္မႈအႀကီးတန္းဆု (အမ်ိဳးသမီး)ဆု အကယ္ဒမီ ခင္သီတာထြန္း၊ အေကာင္းဆုံး အမ်ိဳးသား ဝတ္စားဆင္ယင္မႈဆု(အမ်ိဳးသား)ဆု ဟင္နရီဆန္ ႏွင့္ အေကာင္းဆုံး အမ်ိဳးသားဝတ္စား ဆင္ယင္မႈဆု (အမ်ိဳးသမီး) ဆု အိေခ်ာပိုတို႔က လက္ခံရရွိခဲ့ သည္။

Related news

© 2021. All rights reserved.