MNL ဘောလုံးအသင်းများအနက် ရခိုင်ယူနိုက်တက်အသင်းက ကစားသမားလစာကို ပထမဆုံးကြေညာခေါ်ယူသည့်အသင်းဖြစ်လာ

 1353

သုတကျော် (NP News) - ဖေဖော်ဝါရီ ၄

Myanmar National League (MNL) ဘောလုံးအသင်းများအနက် ရခိုင်ယူနိုက်တက်အသင်းသည် ကစားသမားလစာကို ပထမဆုံးကြေညာခေါ်ယူသည့် အသင်းဖြစ်လာကြောင်း သိရသည်။

ရခိုင်ယူနိုက်တက်ဘောလုံးအသင်းအနေဖြင့် ဖေဖော်ဝါရီ လ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် MNL 1 တွင် ပြိုင်ပွဲဝင် နေသည့် ရခိုင်ယူနိုက်တက် နှင့် MNL 2 တွင် ပြိုင်ပွဲဝင် နေသည့် ရက္ခပူရ ဘောလုံးအသင်းတို့အတွက် ကစား သမားသစ်များ ရွေးချယ်ပွဲပြုလုပ်မည်ဖြစ်ရာ လစာကိုပါတပါတည်း အသိပေးလာခြင်းဖြစ်ပြီး MNL ပြိုင်ပွဲဝင်ဘောလုံးအသင်းများအနက် ပထမဆုံးအကြိမ်လုပ်ရပ်လည်း ဖြစ်သည်။

၂၀၂၄ - ၂၀၂၅ ဘောလုံးရာသီအတွက်လက်ရွေးစင်အ သင်းကြီး ကစားသမားနှင့် ယူ - ၂၃ လက်ရွေးစင်ကစား သမားတို့ကို စတင်ရွေးချယ်ခေါ်ယူရာတွင် လက်ရွေးစင်အသင်းကြီး ကစားသမား လစာကို ငွေကျပ် ၁၀ သိန်း မှ ၁၅ သိန်း ၊ ယူ -၂၃ ကစားသမားလစာကို ငွေကျပ် ၆ သိန်း မှ ၉ သိန်းပေးမည်ဟု အသိပေးထားခြင်းဖြစ်သည်။

MNL 2 ပြိုင်ပွဲဝင် ရက္ခပူရ ကစားသမားများအား လစာ ငွေကျပ် ၃ သိန်းမှ ၅ သိန်းဟု သတ်မှတ်ထားကာ လက်ရှိ ရခိုင်ယူနိုက်တက်အသင်းမှ ကစားသမားများကိုလည်း ယခင်နှစ် စွမ်းဆောင်ရည် အတက်အကျကြည့်ကာ လစာနှုန်းထား တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
MNL ေဘာလုံးအသင္းမ်ားအနက္ ရခိုင္ယူႏိုက္တက္အသင္းက ကစားသမားလစာကို ပထမဆုံးေၾကညာေခၚယူသည့္အသင္းျဖစ္လာ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၄

Myanmar National League (MNL) ေဘာလုံးအသင္းမ်ားအနက္ ရခိုင္ယူႏိုက္တက္အသင္းသည္ ကစားသမားလစာကို ပထမဆုံးေၾကညာေခၚယူသည့္ အသင္းျဖစ္လာေၾကာင္း သိရသည္။

ရခိုင္ယူႏိုက္တက္ေဘာလုံးအသင္းအေနျဖင့္ ေဖေဖာ္ဝါရီ လ ၁၀ ရက္ႏွင့္ ၁၁ ရက္တို႔တြင္ MNL 1 တြင္ ၿပိဳင္ပြဲဝင္ ေနသည့္ ရခိုင္ယူႏိုက္တက္ ႏွင့္ MNL 2 တြင္ ၿပိဳင္ပြဲဝင္ ေနသည့္ ရကၡပူရ ေဘာလုံးအသင္းတို႔အတြက္ ကစား သမားသစ္မ်ား ေ႐ြးခ်ယ္ပြဲျပဳလုပ္မည္ျဖစ္ရာ လစာကိုပါတပါတည္း အသိေပးလာျခင္းျဖစ္ၿပီး MNL ၿပိဳင္ပြဲဝင္ေဘာလုံးအသင္းမ်ားအနက္ ပထမဆုံးအႀကိမ္လုပ္ရပ္လည္း ျဖစ္သည္။

၂၀၂၄ - ၂၀၂၅ ေဘာလုံးရာသီအတြက္လက္ေ႐ြးစင္အ သင္းႀကီး ကစားသမားႏွင့္ ယူ - ၂၃ လက္ေ႐ြးစင္ကစား သမားတို႔ကို စတင္ေ႐ြးခ်ယ္ေခၚယူရာတြင္ လက္ေ႐ြးစင္အသင္းႀကီး ကစားသမား လစာကို ေငြက်ပ္ ၁၀ သိန္း မွ ၁၅ သိန္း ၊ ယူ -၂၃ ကစားသမားလစာကို ေငြက်ပ္ ၆ သိန္း မွ ၉ သိန္းေပးမည္ဟု အသိေပးထားျခင္းျဖစ္သည္။

MNL 2 ၿပိဳင္ပြဲဝင္ ရကၡပူရ ကစားသမားမ်ားအား လစာ ေငြက်ပ္ ၃ သိန္းမွ ၅ သိန္းဟု သတ္မွတ္ထားကာ လက္ရွိ ရခိုင္ယူႏိုက္တက္အသင္းမွ ကစားသမားမ်ားကိုလည္း ယခင္ႏွစ္ စြမ္းေဆာင္ရည္ အတက္အက်ၾကည့္ကာ လစာႏႈန္းထား တိုးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.