ဘက်စကတ်ဘော အကျော်အမော် မိုက်ကယ်ဂျော်ဒန်က ချန်ပီယံပွဲတွေမှာစီးခဲ့တဲ့ ဖိနပ်တွေကို လေလံပွဲမှာ စံချိန်တင် အမေရိကန်ဒေါ်လာ ၈ သန်းနဲ့ ရောင်းချ

 1018

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၄

ဘတ်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်ကို NBA ချန်ပီယံဆု ခြောက်ကြိမ်ရရှိခဲ့တဲ့ ဘတ်စကတ်ဘော အကျော်အမော်၊ စီးပွားရေးသမားအနေနဲ့ လူသိများပါတယ်။ အခုဂျော်ဒန်က ၎င်းရဲ့ ချန်ပီယံပွဲစဉ်တွေတုန်းက စီးခဲ့တဲ့ ဖိနပ်ခြောက်ရံကို လေလံပွဲမှာ စံချိန်တင်အမေရိကန်ဒေါ်လာ ၈ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

သောကြာနေ့ (ဖေဖော်ဝါရီလ ၂ ရက်) "The Dynasty Collection” မှာ လေလံတင်ခဲ့တာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈,၀၃၂,၈၀၀ ထိ ရရှိခဲ့ပါတယ်။ ဒါဟာ ဖိနပ်တွေမှာ ကမ္ဘာလုံးဆိုင်ရာ စျေးအကြီးဆုံးအဖြစ် လေလံစံချိန်သစ်တင်ခဲ့တယ်လို့ Sotheby's မှ လေလံတင်ရောင်းချတဲ့အိမ်တော် က ဆိုပါတယ်။ "ဒီဖိနပ်တွေဟာ စျေးကွက်ထဲကို ယူလာသမျှ Air Jordan ဖိနပ်တွေထဲမှာ တန်ဖိုးအရှိဆုံးနဲ့ အထူးခြားဆုံး စုစည်းမှုဖြစ်ပါတယ်" ဟု ၎င်းက လေလံပွဲမစမီ ပြောကြားခဲ့ပါတယ်။

လေလံပွဲပြီးတဲ့နောက်မှာ ဂျော်ဒန်က လေလံအောင်သူတွေကို လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။ ဒီဖိနပ်တွေဟာ ဂျော်ဒန်အတွက် အံ့မခန်းငွေနဲ့ရောင်းချတဲ့ ပထမဆုံးသော ဖိနပ်တွေတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့နှစ်ကလည်း ဂျော်ဒန်ရဲ့ အထင်ကရ အနက်ရောင်နဲ့ အနီရောင် ပေါင်း စပ်ထားတဲ့၊ ၁၉၈၈ ခုနှစ် ၎င်းရဲ့ နောက်ဆုံး NBA ချန်ပီယံဂိမ်း 2 မှာ ဝတ်ဆင်ခဲ့တဲ့ Air Jordan 13s တစ်စုံကို နယူးယောက်မြို့ရှိ Sotheby's လေလံအိမ်မှာ ဒေါ်လာ ၂ ဒသမ ၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

ဒါ့ပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလကလည်း ဂျော်ဒန်က ၎င်းရဲ့ပဉ္စမအကြိမ်မြောက် NBA ဂိမ်းမှာ ဝတ်ဆင်ခဲ့တဲ့ အနီရောင်နဲ့ အဖြူရောင် ရောစပ်ထားတဲ့ Nike Air Ships ဖိနပ်တစ်ရံကို ဒေါ်လာ ၁ ဒသမ ၄၇ သန်းနဲ့ လေ လံတင်ရောင်းချခဲ့ပါတယ်။

zawgyi version
ဘက္စကတ္ေဘာ အေက်ာ္အေမာ္ မိုက္ကယ္ေဂ်ာ္ဒန္ က ခ်န္ပီယံပြဲေတြမွာစီးခဲ့တဲ့ ဖိနပ္ေတြကို ေလလံပြဲမွာ စံခ်ိန္တင္ အ‌ေ ေဒၚလာ ၈ သန္းနဲ႔ ေရာင္းခ်
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၄

ဘတ္စကက္ေဘာအေက်ာ္အေမာ္ မိုက္ကယ္ေဂ်ာ္ဒန္ကို NBA ခ်န္ပီယံဆု ေျခာက္ႀကိမ္ရရွိခဲ့တဲ့ ဘတ္စကတ္ေဘာ အေက်ာ္အေမာ္၊ စီးပြားေရးသမားအေနနဲ႔ လူသိမ်ားပါတယ္။ အခုေဂ်ာ္ဒန္က ၎ရဲ႕ ခ်န္ပီယံပြဲစဥ္ေတြတုန္းက စီးခဲ့တဲ့ ဖိနပ္ေျခာက္ရံကို ေလလံပြဲမွာ စံခ်ိန္တင္ေဒၚလာ ၈ သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။

ေသာၾကာေန႔ (ေဖေဖာ္ဝါရီလ ၂ ရက္) "The Dynasty Collection” မွာ ေလလံတင္ခဲ့တာျဖစ္ၿပီးအမေရိကန် ေဒၚလာ ၈,၀၃၂,၈၀၀ ထိ ရရွိခဲ့ပါတယ္။ ဒါဟာ ဖိနပ္ေတြမွာ ကမာၻလုံးဆိုင္ရာ ေစ်းအႀကီးဆုံးအျဖစ္ ေလလံစံခ်ိန္သစ္တင္ခဲ့တယ္လို႔ Sotheby's မွ ေလလံတင္ေရာင္းခ်တဲ့အိမ္ေတာ္ က ဆိုပါတယ္။ "ဒီဖိနပ္ေတြဟာ ေစ်းကြက္ထဲကို ယူလာသမွ် Air Jordan ဖိနပ္ေတြထဲမွာ တန္ဖိုးအရွိဆုံးနဲ႔ အထူးျခားဆုံး စုစည္းမႈျဖစ္ပါတယ္" ဟု ၎က ေလလံပြဲမစမီ ေျပာၾကားခဲ့ပါတယ္။

ေလလံပြဲၿပီးတဲ့ေနာက္မွာ ေဂ်ာ္ဒန္က ေလလံေအာင္သူေတြကို လက္မွတ္ေရးထိုးေပးခဲ့ပါတယ္။ ဒီဖိနပ္ေတြဟာ ေဂ်ာ္ဒန္အတြက္ အံ့မခန္းေငြနဲ႔ေရာင္းခ်တဲ့ ပထမဆုံးေသာ ဖိနပ္ေတြေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ေဂ်ာ္ဒန္ရဲ႕ အထင္ကရ အနက္ေရာင္နဲ႔ အနီေရာင္ ေပါင္း စပ္ထားတဲ့၊ ၁၉၈၈ ခုႏွစ္ ၎ရဲ႕ ေနာက္ဆုံး NBA ခ်န္ပီယံဂိမ္း 2 မွာ ဝတ္ဆင္ခဲ့တဲ့ Air Jordan 13s တစ္စုံကို နယူးေယာက္ၿမိဳ႕ရွိ Sotheby's ေလလံအိမ္မွာ ေဒၚလာ ၂ ဒသမ ၂ သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။

ဒါ့ျပင္ ၂၀၂၁ ခုႏွစ္ ေအာက္တိုဘာလကလည္း ေဂ်ာ္ဒန္က ၎ရဲ႕ပၪၥမအႀကိမ္ေျမာက္ NBA ဂိမ္းမွာ ဝတ္ဆင္ခဲ့တဲ့ အနီေရာင္နဲ႔ အျဖဴေရာင္ ေရာစပ္ထားတဲ့ Nike Air Ships ဖိနပ္တစ္ရံကို ေဒၚလာ ၁ ဒသမ ၄၇ သန္းနဲ႔ ေလ လံတင္ေရာင္းခ်ခဲ့ပါတယ္။

Related news

© 2021. All rights reserved.