အမေရိကန်ကြယ်ပွင့် သရုပ်ဆောင် ကားလ်ဝဲသား အသက် ၇၆ နှစ်မှာ ကွယ်လွန်

 1475

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၄

၁၉၇၆ ခုနှစ် - ၁၉၈၅ ခုနှစ် "Rocky" ရုပ်ရှင်တွေမှာ ဆွဲဆောင်မှုရှိတဲ့ လက်ဝှေ့သမား အက်ပိုလိုခရီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် အမေရိကန် ဘောလုံးကစားသမားဟောင်း၊ သရုပ်ဆောင် ကားလ်ဝဲသားဟာ ဖေဖော်ဝါရီလ ၁ ရက်မှာကွယ်လွန်ခဲ့ပါတယ်။ ၎င်းက ကွယ်လွန်ချိန်မှာတော့ အသက် ၇၆ နှစ်ရှိပြီလို့သိရပါတယ်။

၎င်းကို ဆုံးရှုံးရခြင်းအတွက် Rocky မှာ ၎င်းရဲ့တွဲဖက်သရုပ်ဆောင် ဆယ်လ်ဗက်တာ စတောလုံက အင်စတာဂရမ်မှာ ၎င်းတို့တွဲရိုက်ထားတဲ့ ဗီဒီယိုတင်ပြီး ဝမ်းနည်းကြောင်းဖော်ပြခဲ့ပါတယ်။ "ဒီနေ့ဟာ ကျွန်တော့်အတွက် အလွန်ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပါ၊ ကားလ်ဝဲသာဟာ ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါပဲ"လို့ ၎င်းက ဆိုပါတယ်။ ၎င်းတို့နှစ်ယောက်ဟာ Rocky ရုပ်ရှင်မှာ ပထမ ရန်ဘက်ဇာတ်ကောင်မှ မဟာမိတ်ဖြစ်သွားတဲ့ ဇာတ်ကောင်တွေအဖြစ် တွဲဖက်သရုပ်ဆောင်ခဲ့ပါတယ်။

"ကားလ်ဟာ လုံးဝကို ထက်မြက်ပါတယ်၊ သူ့အသံ၊ သူ့ဖြစ်တည်မှု၊ သူ့ရဲ့အားကစားစွမ်းရည်တွေထက် အရေးအကြီးဆုံးကတော့ သူ့ရဲ့နှလုံးသားဝိညာဉ်ပါပဲ၊ ဒါဟာ ကြောက်စရာကောင်းတဲ့ ဆုံးရှုံးမှုပါပဲ” လို့ စတောလုံက ဆိုပါတယ်။

ဝဲလ်သားဟာ National Football League ရဲ့ Oakland Raiders မှာ အကျဉ်းချုံးကစားခဲ့ပြီး သရုပ်ဆောင်အလုပ်ကို လုပ်ကိုင်ဖို့ အားကစားမှ အနားယူခဲ့သူဖြစ်ပါတယ်။ အသက်ကြီးပိုင်းမှာ ဟာသဇာတ်ရုပ်တွေ သရုပ်ဆောင်ခဲ့တဲ့ ဝဲသာဟာ ပရိသတ်ရဲ့ချစ်ခင်အားပေးမှုကို ရရှိထားသူဖြစ်ပြီး အခုသူ့ရဲ့နာရေးအတွက် ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဝမ်းနည်းကြောင်း ပိုစ့်တင် ဖော်ပြခဲ့ပါတယ်။

zawgyi version
အေမရိကန္ၾကယ္ပြင့္ သ႐ုပ္ေဆာင္ ကားလ္ဝဲသား အသက္ ၇၆ ႏွစ္မွာ ကြယ္လြန္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၄

၁၉၇၆ ခုႏွစ္ - ၁၉၈၅ ခုႏွစ္ "Rocky" ႐ုပ္ရွင္ေတြမွာ ဆြဲေဆာင္မႈရွိတဲ့ လက္ေဝွ႔သမား အက္ပိုလိုခရီအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ ပေရာ္ဖက္ရွင္နယ္ အေမရိကန္ ေဘာလုံးကစားသမားေဟာင္း၊ သ႐ုပ္ေဆာင္ ကားလ္ဝဲသားဟာ ေဖေဖာ္ဝါရီလ ၁ ရက္မွာကြယ္လြန္ခဲ့ပါတယ္။ ၎က ကြယ္လြန္ခ်ိန္မွာေတာ့ အသက္ ၇၆ ႏွစ္ရွိၿပီလို႔သိရပါတယ္။

၎ကို ဆုံးရႈံးရျခင္းအတြက္ Rocky မွာ ၎ရဲ႕တြဲဖက္သ႐ုပ္ေဆာင္ ဆယ္လ္ဗက္တာ စေတာလုံက အင္စတာဂရမ္မွာ ၎တို႔တြဲ႐ိုက္ထားတဲ့ ဗီဒီယိုတင္ၿပီး ဝမ္းနည္းေၾကာင္းေဖာ္ျပခဲ့ပါတယ္။ "ဒီေန႔ဟာ ကြၽန္ေတာ့္အတြက္ အလြန္ဝမ္းနည္းစရာေကာင္းတဲ့ ေန႔တစ္ေန႔ပါ၊ ကားလ္ဝဲသာဟာ ကြၽန္ေတာ့္ဘဝရဲ႕ အေရးပါတဲ့အစိတ္အပိုင္းတစ္ခုပါပဲ"လို႔ ၎က ဆိုပါတယ္။ ၎တို႔ႏွစ္ေယာက္ဟာ Rocky ႐ုပ္ရွင္မွာ ပထမ ရန္ဘက္ဇာတ္ေကာင္မွ မဟာမိတ္ျဖစ္သြားတဲ့ ဇာတ္ေကာင္ေတြအျဖစ္ တြဲဖက္သ႐ုပ္ေဆာင္ခဲ့ပါတယ္။

"ကားလ္ဟာ လုံးဝကို ထက္ျမက္ပါတယ္၊ သူ႔အသံ၊ သူ႔ျဖစ္တည္မႈ၊ သူ႔ရဲ႕အားကစားစြမ္းရည္ေတြထက္ အေရးအႀကီးဆုံးကေတာ့ သူ႔ရဲ႕ႏွလုံးသားဝိညာဥ္ပါပဲ၊ ဒါဟာ ေၾကာက္စရာေကာင္းတဲ့ ဆုံးရႈံးမႈပါပဲ” လို႔ စေတာလုံက ဆိုပါတယ္။

ဝဲလ္သားဟာ National Football League ရဲ႕ Oakland Raiders မွာ အက်ဥ္းခ်ဳံးကစားခဲ့ၿပီး သ႐ုပ္ေဆာင္အလုပ္ကို လုပ္ကိုင္ဖို႔ အားကစားမွ အနားယူခဲ့သူျဖစ္ပါတယ္။ အသက္ႀကီးပိုင္းမွာ ဟာသဇာတ္႐ုပ္ေတြ သ႐ုပ္ေဆာင္ခဲ့တဲ့ ဝဲသာဟာ ပရိသတ္ရဲ႕ခ်စ္ခင္အားေပးမႈကို ရရွိထားသူျဖစ္ၿပီး အခုသူ႔ရဲ႕နာေရးအတြက္ ပရိသတ္ေတြက ဆိုရွယ္မီဒီယာမွာ ဝမ္းနည္းေၾကာင္း ပိုစ့္တင္ ေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.