ထိုင်းဖိုက်တာမယ်ကို ပထမအချီ၌ ဒိုင်ပွဲရပ် နှင့် ထိုးသတ်နိုင်ခဲ့ပြီး ၁၇ ပွဲဆက် အနိုင်ရရှိခဲ့သည့် ဘရော်နီကာ

 838

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၅

ဘရော်နီကာသည် ထိုင်းဖိုက်တာမယ်ကို ပထမအချီ၌ ဒိုင်ပွဲရပ် နှင့် ထိုးသတ်နိုင်ခဲ့ပြီး ပွဲစဉ် ၁၇ ပွဲဆက် အနိုင်ရရှိသူဖြစ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ဘရော်နီကာသည် ယမန်နေ့(ဖေဖော်ဝါရီလ ၄ ရက်)တွင် ထိုင်းနိုင်ငံ၊ Hua Hin မြို့၌ ထိုင်းဖိုက်တာမယ် Nongbew Tor Thepsutin နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ပထအချီမှာပင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အသက်(၂၇)နှစ်အရွယ်ရှိ ဘရော်နီကာသည် အဆိုပါပွဲစဉ်ကို အနိုင်ရရှိပြီးနောက် ထိုင်းမွေထိုင်းပွဲစဉ်များတွင် (၁၇)ပွဲဆက်တိုက် အနိုင်ရရှိသူ ဖြစ်ခဲ့ကြောင်း သိရသည်။

ဘရော်နီကာအနေဖြင့် အဆိုပါပွဲစဉ်တွင် ထိုးသတ် အနိုင်ရရှိပြီးနောက် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့်” ပြိုင်ပွဲတော့တွေ့တဲ့ အတိုင်း။ အားပေးတဲ့အယောက်ဆီတိုင်း ကျေးဇူးအများကြီးတင်တယ်ရှင့်။ အားလုံးကိုချစ်တယ်နော်”ဟု ရေးသားထားသည်ကိုလည်း တွေ့ရသည်။

ထို့ပြင့် ၎င်းသည် မြန်မာ့လက်ဝှေ့ပြိုင်ပွဲများကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး ကိုဗစ်-၁၉ ဖြစ်ပွားချိန်တွင် ထိုင်းနိုင်ငံသို့ မွေထိုင်းပွဲစဉ်များ သွားရောက်ယှဉ်ပြိုင်ခဲ့ကာ ထိုင်း၊ ဘရာဇီး၊ အီရန်၊ အီတလီ၊ ဂရိ၊ အာဂျင်တီးနားနှင့် ဗီယက်နမ်နိုင်ငံတို့၏ အမျိုးသမီးဖိုက်တာများကို အနိုင်ရယူထားသူလည်း ဖြစ်သည်။

လက်ရှိတွင် ဘရော်နီကာသည် မွေထိုင်းလက်ဝှေ့ပြိင်ပွဲကျင်းပရေးအဖွဲ့ဖြစ်သည့် Thai Fight နှင့်(၃)နှစ် စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။ မြန်မာနိုင်ငံကိုယ်စားပြု ဘရော်နီကာ သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်တွင်လည်း ထိုင်းဘုရင့်ဖလားဗိုလ်လုပွဲစဉ်အဖြစ် ထိုင်းဖိုက် တာမယ် Phayasingh နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ထိုင်းဘုရင့်ဖလားချန်ပီယံဆုကို (၂)ကြိမ်ဆက်တိုက် အနိုင်ရယူထားသူဖြစ်သည်။

zawgyi version
ထိုင္းဖိုက္တာမယ္ကို ပထမအခ်ီ၌ ဒိုင္ပြဲရပ္ ႏွင့္ ထိုးသတ္ႏိုင္ခဲ့ၿပီး ၁၇ ပြဲဆက္ အႏိုင္ရရွိခဲ့သည့္ ဘေရာ္နီကာ

သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၅

ဘေရာ္နီကာသည္ ထိုင္းဖိုက္တာမယ္ကို ပထမအခ်ီ၌ ဒိုင္ပြဲရပ္ ႏွင့္ ထိုးသတ္ႏိုင္ခဲ့ၿပီး ပြဲစဥ္ ၁၇ ပြဲဆက္ အႏိုင္ရရွိသူျဖစ္ခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ ကိုယ္စားျပဳ ဘေရာ္နီကာသည္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၄ ရက္)တြင္ ထိုင္းႏိုင္ငံ၊ Hua Hin ၿမိဳ႕၌ ထိုင္းဖိုက္တာမယ္ Nongbew Tor Thepsutin ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ရာ ပထအခ်ီမွာပင္ ဒိုင္ပြဲရပ္ျဖင့္ အႏိုင္ရရွိခဲ့ျခင္းျဖစ္သည္။

အသက္(၂၇)ႏွစ္အ႐ြယ္ရွိ ဘေရာ္နီကာသည္ အဆိုပါပြဲစဥ္ကို အႏိုင္ရရွိၿပီးေနာက္ ထိုင္းေမြထိုင္းပြဲစဥ္မ်ားတြင္ (၁၇)ပြဲဆက္တိုက္ အႏိုင္ရရွိသူ ျဖစ္ခဲ့ေၾကာင္း သိရသည္။

ဘေရာ္နီကာအေနျဖင့္ အဆိုပါပြဲစဥ္တြင္ ထိုးသတ္ အႏိုင္ရရွိၿပီးေနာက္ ၎၏လူမႈကြန္ရက္စာမ်က္ႏွာမွ တစ္ဆင့္” ၿပိဳင္ပြဲေတာ့ေတြ႕တဲ့ အတိုင္း။ အားေပးတဲ့အေယာက္ဆီတိုင္း ေက်းဇူးအမ်ားႀကီးတင္တယ္ရွင့္။ အားလုံးကိုခ်စ္တယ္ေနာ္”ဟု ေရးသားထားသည္ကိုလည္း ေတြ႕ရသည္။

ထို႔ျပင့္ ၎သည္ ျမန္မာ့လက္ေဝွ႔ၿပိဳင္ပြဲမ်ားကို ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ဖူးသူျဖစ္ၿပီး ကိုဗစ္-၁၉ ျဖစ္ပြားခ်ိန္တြင္ ထိုင္းႏိုင္ငံသို႔ ေမြထိုင္းပြဲစဥ္မ်ား သြားေရာက္ယွဥ္ၿပိဳင္ခဲ့ကာ ထိုင္း၊ ဘရာဇီး၊ အီရန္၊ အီတလီ၊ ဂရိ၊ အာဂ်င္တီးနားႏွင့္ ဗီယက္နမ္ႏိုင္ငံတို႔၏ အမ်ိဳးသမီးဖိုက္တာမ်ားကို အႏိုင္ရယူထားသူလည္း ျဖစ္သည္။

လက္ရွိတြင္ ဘေရာ္နီကာသည္ ေမြထိုင္းလက္ေဝွ႔ၿပိင္ပြဲက်င္းပေရးအဖြဲ႕ျဖစ္သည့္ Thai Fight ႏွင့္(၃)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုထားေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံကိုယ္စားျပဳ ဘေရာ္နီကာ သည္ ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၄ ရက္တြင္လည္း ထိုင္းဘုရင့္ဖလားဗိုလ္လုပြဲစဥ္အျဖစ္ ထိုင္းဖိုက္ တာမယ္ Phayasingh ႏွင့္ ယွဥ္ၿပိဳင္ထိုးသတ္ခဲ့ၿပီး ထိုင္းဘုရင့္ဖလားခ်န္ပီယံဆုကို (၂)ႀကိမ္ဆက္တိုက္ အႏိုင္ရယူထားသူျဖစ္သည္။

Related news

© 2021. All rights reserved.