မလေးရှား၌ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ကျိုးခဲ့သည့် မြန်မာလုပ်သားကို အလုပ်ရှင်က ပစ်ထားသည့်ဖြစ်စဉ်ဖြစ်ပွား

 611

စော (NP News) - ဖေဖော်ဝါရီ ၇

မလေးရှားနိုင်ငံ‌ရောက် မြန်မာအမျိုးသားတစ်ဦး စက်ရုံတွင် အလုပ်ဝင်ပြီး (၃)ရက်အကြာ လုပ်ငန်းခွင်မတော်တဆမှုကြောင့် လက်ကျိုးရာ လုပ်ငန်းရှင်က ပစ်ထားသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း နှလုံးလှပရဟိတလူငယ်များသွေးလှူရှင်အဖွဲ့ထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ မလေးရှားနိုင်ငံ၊ ကလန်းမြို့၊ ကန်ပုန်ဂျာဝါးရှိ စက်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာအမျိုးသားသည် မလေးရှားနိုင်ငံ၌ အလုပ်ဝင်သည်မှာ (၃)ရက်ခန့်သာရှိသေးချိန် စက်ရုံ၌ ဖော့ကလစ်ကားရှေ့တန်းပေါ်တွင် ပစ္စည်းကိုင်လိုက်ပါရာမှ အမြင့် (၁၀) ပေနီးပါးမှ ပြုတ်ကျသွားခဲ့ရာ ဝဲဘက်လက်ကျိုးခဲ့သည့်အပြင် ဦးခေါင်း နှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။

၎င်း၏အလုပ်ရှင်သူ‌ဋ္ဌေးသည် မလေးရှားနိုင်ငံသား မဟုတ်ဘဲ တရုတ်နိုင်ငံသားဖြစ်နေခြင်းကြောင့် အကူအညီမပေးသည့်အပြင် စက်ရုံသို့ လာရောက်ခြင်းလည်းမရှိခဲ့ကြောင်း သိရသည်။

“အထောက်အထားဘာမှမရှိလို့ ဆေးရုံမှာကုသမှုခံယူဖို့ ကျွန်တော်တို့ နှလုံးလှအဖွဲ့ကိုအကူအညီတောင်းခံလာသည့်အတွက် နေထိုင်ရာသို့သွားရောက်ခေါ်ယူပြီး ပထမဆေးခန်းတွင် စစ်ဆေးမှုနှင့် လွှဲစာယူဆောင်ပြီး Specialist Sentosa ဆေးရုံပြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြပါသည်”ဟု အဆိုပါအသင်းမှ ၎င်းတို့၏ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် အသိပေးရေးသားထားသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသားအား Specialist Sentosa ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံတွင် (၃)ရက်ကြာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

zawgyi version
မေလးရွား၌ လုပ္ငန္းခြင္မေတာ္တဆမႈေၾကာင့္ လက္က်ိဳးခဲ့သည့္ ျမန္မာလုပ္သားကို အလုပ္ရွင္က ပစ္ထားသည့္ျဖစ္စဥ္ျဖစ္ပြား

ေစာ (NP News) - ေဖေဖာ္ဝါရီ ၇

မေလးရွားႏိုင္ငံ‌ေရာက္ ျမန္မာအမ်ိဳးသားတစ္ဦး စက္႐ုံတြင္ အလုပ္ဝင္ၿပီး (၃)ရက္အၾကာ လုပ္ငန္းခြင္မေတာ္တဆမႈေၾကာင့္ လက္က်ိဳးရာ လုပ္ငန္းရွင္က ပစ္ထားသည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း ႏွလုံးလွပရဟိတလူငယ္မ်ားေသြးလႉရွင္အဖြဲ႕ထံမွ သိရသည္။

အဆိုပါျဖစ္စဥ္မွာ မေလးရွားႏိုင္ငံ၊ ကလန္းၿမိဳ႕၊ ကန္ပုန္ဂ်ာဝါးရွိ စက္႐ုံတစ္ခုတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ျမန္မာအမ်ိဳးသားသည္ မေလးရွားႏိုင္ငံ၌ အလုပ္ဝင္သည္မွာ (၃)ရက္ခန႔္သာရွိေသးခ်ိန္ စက္႐ုံ၌ ေဖာ့ကလစ္ကားေရွ႕တန္းေပၚတြင္ ပစၥည္းကိုင္လိုက္ပါရာမွ အျမင့္ (၁၀) ေပနီးပါးမွ ျပဳတ္က်သြားခဲ့ရာ ဝဲဘက္လက္က်ိဳးခဲ့သည့္အျပင္ ဦးေခါင္း ႏွင့္ ေျခေထာက္တို႔တြင္ ထိခိုက္ဒဏ္ရာအနည္းငယ္ရရွိသြားခဲ့ေၾကာင္း အဆိုပါအသင္းထံမွ သိရသည္။

၎၏အလုပ္ရွင္သူ‌ေ႒းသည္ မေလးရွားႏိုင္ငံသား မဟုတ္ဘဲ တ႐ုတ္ႏိုင္ငံသားျဖစ္ေနျခင္းေၾကာင့္ အကူအညီမေပးသည့္အျပင္ စက္႐ုံသို႔ လာေရာက္ျခင္းလည္းမရွိခဲ့ေၾကာင္း သိရသည္။

“အေထာက္အထားဘာမွမရွိလို႔ ေဆး႐ုံမွာကုသမႈခံယူဖို႔ ကြၽန္ေတာ္တို႔ ႏွလုံးလွအဖြဲ႕ကိုအကူအညီေတာင္းခံလာသည့္အတြက္ ေနထိုင္ရာသို႔သြားေရာက္ေခၚယူၿပီး ပထမေဆးခန္းတြင္ စစ္ေဆးမႈႏွင့္ လႊဲစာယူေဆာင္ၿပီး Specialist Sentosa ေဆး႐ုံၿပီးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ၾကပါသည္”ဟု အဆိုပါအသင္းမွ ၎တို႔၏ လူမႈကြန္ရက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ အသိေပးေရးသားထားသည္။

ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသည့္ အမ်ိဳးသားအား Specialist Sentosa ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ရာ ေဆး႐ုံတြင္ (၃)ရက္ၾကာ ေဆးကုသမႈခံယူခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.