ဗြိတိန်ဘုရင်ကြီး ကင်ဆာရောဂါခံစားနေရသည့်အတွက် လုပ်ငန်းတာဝန်များကို လက်ရှိအချိန်တွင် တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်သေးကြောင်း ဗြိတိန်နန်းတော် သတင်းထုတ်ပြန်

 438

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၈

ဗြိတိန်ဘုရင်ကြီးချားလ် III သည် ကင်ဆာရောဂါခံစားနေရသည့်အတွက် ၎င်း၏ လုပ်ငန်းတာဝန်များကို လက်ရှိအချိန်တွင်တာဝန်ထမ်းဆောင်နိုင်မည်မဟုတ်ကြောင်း ဘက်ကင်ဟမ် နန်းတော်က သတင်း ထုတ်ပြန်လိုက်သည်။

အသက် ၇၅ နှစ်အရွယ်ရှိ ဗြိတိန်ဘုရင်ကြီးသည် ကင်ဆာရောဂါကို လန်ဒန်ဆေးရုံတွင် တက်ရောက် ကုသခဲ့ပြီးနောက် ပြီးခဲ့သောသီတင်းပတ်တွင်ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီး လက်ရှိအချိန်တွင် အများပြည်သူ နှင့်ဆိုင်သော လုပ်ငန်းတာဝန်များကိုဆိုင်းငံ့ထားကြောင်း ဗြိတိန်ဘုရင်နန်းတော်က ပြောသည်။

ဗြိတိန်ဘုရင်နန်းတော်က ချားလ်ဘုရင်ကြီးသည် ကင်ဆာရောဂါခံစားနေရသည်ဟု သတင်းထုတ်ပြန်ခဲ့ သော်လည်း မည့်သည့်ကင်ဆာဖြစ်သည်ဆိုသောအချက်ကို အတိအကျ သတင်းထုတ်ပြန်ခြင်းမျိုး မရှိသေးကြောင်း သိရသည်။

ဗြိတိန်ဘုရင်နန်းတော်က "ဗြိတိန်ဘုရင်ကြီးဟာ မကြာသေးမီက ဆေးရုံမှာ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ခဲ့တယ်။ အကြိတ်က တဖြည်းဖြည်း ကြီးလာနေတယ်။ နောက်ဆက်တွဲရောဂါရှာဖွေ စမ်းသပ်မှုတွေအရ ကင်ဆာရောဂါပုံစံမျိုးဆိုတာသိခဲ့ရတယ်။ ဘုရင်ကြီးရဲ့ကင်ဆာရောဂါကို လက်ရှိ အချိန်က စတင်ပြီး ပုံမှန်ကုသသွားမယ်။ ဆရာဝန်တွေကလည်း ဘုရင်ကြီးကို အများပြည်သူနဲ့ ဆက်နွယ်တဲ့လုပ်ငန်းတာဝန်တွေ မထမ်းဆောင်သေးဖို့ အကြံပြုထားတယ်။ ဒါကြောင့် ဘုရင်ကြီးဟာ လက်ရှိအချိန်မှာ သူရဲ့တာဝန်တွေကို ထမ်းဆောင်မှာ မဟုတ်သေးဘူး။ ဘုရင်ကြီးဟာ ပြည်သူတွေရဲ့ မြင်ကွင်းရှေ့ကို အမြန်ဆုံးပြန်လည်ရောက်ရှိစေဖို့ မျှော်လင့်နေတယ်" ဟု ပြောသည်။

ဗြိတိန်ဘုရင်မကြီး အဲလီစဘတ် နတ်ရွာစံခဲ့ပြီးနောက် အိမ်ရှေ့စံချားလ်မင်းသားသည် ဗြိတိန်ထီးနန်း အရိုက်အရာကို ဆက်ခံခဲ့ပြီး ၂ဝ၂၃ ခုနှစ် မေလတွင် ဗြိတိန်ဘုရင်အသစ်အဖြစ် နန်းတက်ပွဲအခမ်းအနား ကို ကျင်းပခဲ့ကြောင်း သိရသည်။ ဗြိတိန်ဘုရင်ကြီးချားလ် III သည် အများပြည်သူနှင့်သက်ဆိုင်သော လုပ်ငန်းများကို လက်ရှိအချိန်တွင် တာဝန်မထမ်းဆောင်နိုင်သော်လည်း နိုင်ငံအကြီးအကဲအဖြစ် ဆက်ရှိ နေမည်ဖြစ်ပြီး သီးသန့်အစည်းအဝေးများနှင့် အရေးကြီးသော စာရွက်စာတမ်းများ လက်မှတ်ရေးထိုးပေး မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ဗြိတိန်ဘုရင်ကြီးချားလ် III တွင် သားနှစ်ဦးရှိနေပြီး ဘုရင်ကြီးနတ်ရွာစံခဲ့ပါက သားအကြီးဖြစ်သူ တော်ဝင်မင်းသားဝီလျံက ထီးနန်းအရိုက်အရာကို ဆက်ခံမည်ဖြစ်သည်။

Zawgyi Version;
ၿဗိတိန္ဘုရင္ႀကီး ကင္ဆာေရာဂါခံစားေနရသည့္အတြက္ လုပ္ငန္းတာဝန္မ်ားကို လက္ရွိအခ်ိန္တြင္ တာဝန္ထမ္းေဆာင္ႏိုင္မည္မဟုတ္ေသးေၾကာင္း ၿဗိတိန္နန္းေတာ္ သတင္းထုတ္ျပန္
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၈

ၿဗိတိန္ဘုရင္ႀကီးခ်ားလ္ III သည္ ကင္ဆာေရာဂါခံစားေနရသည့္အတြက္ ၎၏ လုပ္ငန္းတာဝန္မ်ားကို လက္ရွိအခ်ိန္တြင္တာဝန္ထမ္းေဆာင္ႏိုင္မည္မဟုတ္ေၾကာင္း ဘက္ကင္ဟမ္ နန္းေတာ္က သတင္း ထုတ္ျပန္လိုက္သည္။

အသက္ ၇၅ ႏွစ္အ႐ြယ္ရွိ ၿဗိတိန္ဘုရင္ႀကီးသည္ ကင္ဆာေရာဂါကို လန္ဒန္ေဆး႐ုံတြင္ တက္ေရာက္ ကုသခဲ့ၿပီးေနာက္ ၿပီးခဲ့ေသာသီတင္းပတ္တြင္ေဆး႐ုံမွ ျပန္ဆင္းလာခဲ့ၿပီး လက္ရွိအခ်ိန္တြင္ အမ်ားျပည္သူ ႏွင့္ဆိုင္ေသာ လုပ္ငန္းတာဝန္မ်ားကိုဆိုင္းငံ့ထားေၾကာင္း ၿဗိတိန္ဘုရင္နန္းေတာ္က ေျပာသည္။

ၿဗိတိန္ဘုရင္နန္းေတာ္က ခ်ားလ္ဘုရင္ႀကီးသည္ ကင္ဆာေရာဂါခံစားေနရသည္ဟု သတင္းထုတ္ျပန္ခဲ့ ေသာ္လည္း မည့္သည့္ကင္ဆာျဖစ္သည္ဆိုေသာအခ်က္ကို အတိအက် သတင္းထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။

ၿဗိတိန္ဘုရင္နန္းေတာ္က "ၿဗိတိန္ဘုရင္ႀကီးဟာ မၾကာေသးမီက ေဆး႐ုံမွာ လုပ္ထုံးလုပ္နည္းေတြအတိုင္း လုပ္ေဆာင္ခဲ့တယ္။ အႀကိတ္က တျဖည္းျဖည္း ႀကီးလာေနတယ္။ ေနာက္ဆက္တြဲေရာဂါရွာေဖြ စမ္းသပ္မႈေတြအရ ကင္ဆာေရာဂါပုံစံမ်ိဳးဆိုတာသိခဲ့ရတယ္။ ဘုရင္ႀကီးရဲ႕ကင္ဆာေရာဂါကို လက္ရွိ အခ်ိန္က စတင္ၿပီး ပုံမွန္ကုသသြားမယ္။ ဆရာဝန္ေတြကလည္း ဘုရင္ႀကီးကို အမ်ားျပည္သူနဲ႔ ဆက္ႏြယ္တဲ့လုပ္ငန္းတာဝန္ေတြ မထမ္းေဆာင္ေသးဖို႔ အႀကံျပဳထားတယ္။ ဒါေၾကာင့္ ဘုရင္ႀကီးဟာ လက္ရွိအခ်ိန္မွာ သူရဲ႕တာဝန္ေတြကို ထမ္းေဆာင္မွာ မဟုတ္ေသးဘူး။ ဘုရင္ႀကီးဟာ ျပည္သူေတြရဲ႕ ျမင္ကြင္းေရွ႕ကို အျမန္ဆုံးျပန္လည္ေရာက္ရွိေစဖို႔ ေမွ်ာ္လင့္ေနတယ္" ဟု ေျပာသည္။

ၿဗိတိန္ဘုရင္မႀကီး အဲလီစဘတ္ နတ္႐ြာစံခဲ့ၿပီးေနာက္ အိမ္ေရွ႕စံခ်ားလ္မင္းသားသည္ ၿဗိတိန္ထီးနန္း အ႐ိုက္အရာကို ဆက္ခံခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ ေမလတြင္ ၿဗိတိန္ဘုရင္အသစ္အျဖစ္ နန္းတက္ပြဲအခမ္းအနား ကို က်င္းပခဲ့ေၾကာင္း သိရသည္။ ၿဗိတိန္ဘုရင္ႀကီးခ်ားလ္ III သည္ အမ်ားျပည္သူႏွင့္သက္ဆိုင္ေသာ လုပ္ငန္းမ်ားကို လက္ရွိအခ်ိန္တြင္ တာဝန္မထမ္းေဆာင္ႏိုင္ေသာ္လည္း ႏိုင္ငံအႀကီးအကဲအျဖစ္ ဆက္ရွိ ေနမည္ျဖစ္ၿပီး သီးသန႔္အစည္းအေဝးမ်ားႏွင့္ အေရးႀကီးေသာ စာ႐ြက္စာတမ္းမ်ား လက္မွတ္ေရးထိုးေပး မႈမ်ား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

ၿဗိတိန္ဘုရင္ႀကီးခ်ားလ္ III တြင္ သားႏွစ္ဦးရွိေနၿပီး ဘုရင္ႀကီးနတ္႐ြာစံခဲ့ပါက သားအႀကီးျဖစ္သူ ေတာ္ဝင္မင္းသားဝီလ်ံက ထီးနန္းအ႐ိုက္အရာကို ဆက္ခံမည္ျဖစ္သည္။

Related news

© 2021. All rights reserved.