တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် ဘဝနတ်ထံ ပျံလွန်တော်မူ

 3630

စော (NP News) - ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့ရှိ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် သက်တော် (၉၇) နှစ်အရွယ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးသည် ယနေ့(ဖေ‌ဖော်ဝါရီလ ၈ ရက်)၊ နံနက် (၀၂)မိနစ်၊ (၂၂)စက္ကန့်အချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ခြင်းဖြစ်ကြောင်း နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ ဆရာတော်တစ်ပါးက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် အသိပေးကြေညာထား သည်။

“ဆရာတော်ကြီးက Emergency နဲ့ နေနေတာကြာပြီ။ လေး၊ ငါး၊ ခြောက်လလောက်ရှိပြီ။ ထိုင်းဘုရင်ဆေးရုံမှာ သွားကုပြီးတော့မှ အရေးပေါ်ကုသဆောင်ထဲမှာထားတာ။ လူကြီးရောဂါပေါ့။ အခုဟာက နဂါးနှစ်ကောင်ကျောင်းမှာလည်း ICU လိုသဘောမျိုး စက်တွေနဲ့ အခန်းတစ်ခန်းဖွဲ့ပြီး ဆရာတော်ကို အနီးကပ်စောင့်ကြည့်ကြတာ‌ပေါ့။ စောင့်ကြည့်လာရင်းနဲ့ မနေ့ည (၁၀)နာရီလောက်ကစပြီး ဖောက်လာတာပေ့ါ။ အဲဒီမှာ နံနက် ၁၂နာရီစွန်းစွန်းလောက်မှာ ပျံလွန်တော်မူသွားတယ်”ဟု တာချီလိတ်မြို့ခံတစ်ဦးက NP News ကိုပြော သည်။

နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူချိန်တွင် သက်တော် (၉၇)နှစ်၊ ဝါတော် (၇၇)ဝါရှိပြီဖြစ်ပြီး (၉၆)ပါးရောဂါဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဆရာတော်ကြီးက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင်လေ ဘာပဲပြောပြော နိုင်ငံတော်အတွက်ရော ၊ တာချီလိတ်အတွက်ရော ကြီးမားတဲ့ဆုံးရှုံးမှုပေါ့။ ဒီလိုမျိုး ဆရာတော်ကြီးတွေ နောင်ပေါ်ဖို့ဆိုတာလည်း မလွယ်ဘူးလေ။ ထိုင်းဘုရင်တောင်မှ ကိုးကွယ်တဲ့ဆရာတော်ကြီးဆိုတော့လေ။ ထိုင်းဘုရင်ရယ်၊ ကျွန်တော်တို့ဘက်က နိုင်ငံတော် အကြီးအကဲတွေ အကုန် လုံး အဆင့်ဆင့်ကိုးကွယ်ကြတာပေါ့”ဟု ၎င်းက ပြောသည်။

ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနအခမ်းအနားနှင့်ပတ်သက်၍ ကျင်းပမည့်ရက်ကို ယာယီအားဖြင့် ဧပြီလအတွင်း သတ်မှတ်ထားသော်လည်း အတိအကျမသိရသေးကြောင်း တာချီလိတ်မြို့ခံက ဆက်လက်ပြောသည်။ နဂါးနှစ်ကောင်ဆရာတော်ကြီးသည် နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့တံဆိပ်များကို ရရှိထားသော ဆရာတော်ကြီးတစ်ပါးဖြစ်သည်။

နဂါးနှစ်ကောင်ကျောင်းတိုက်မှ ဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် (၁၂၉၀)ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် (၉)ရက်တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းကိန်ကျေးရွာ၌ ဖွားမြင်ခဲ့ပြီး (၁၂၉၉)ခုနှစ်၊ တပေါင်းလဆန်း(၁၅)ရက်တွင် ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်း တိုက်ဆရာတော်ထံတွင် “ရှင်ရှဲန်လာ” အမည်ဖြင့် သာမဏေ အဖြစ်ခံယူခဲ့ကြောင်း သိရသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕ရွိ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ဆရာေတာ္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူ

ေစာ (NP News) - ေဖေဖာ္ဝါရီ ၈

ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕ရွိ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ ဆရာေတာ္ သက္ေတာ္ (၉၇) ႏွစ္အ႐ြယ္တြင္ ဘဝနတ္ထံပ်ံလြန္ေတာ္မူခဲ့ေၾကာင္း သိရသည္။

နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီးသည္ ယေန႔(ေဖ‌ေဖာ္ဝါရီလ ၈ ရက္)၊ နံနက္ (၀၂)မိနစ္၊ (၂၂)စကၠန႔္အခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(က)ရပ္ကြက္၊ နဂါးႏွစ္ေကာင္ေက်ာင္းတိုက္တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူသြားခဲ့ျခင္းျဖစ္ေၾကာင္း နဂါးႏွစ္ေကာင္ေက်ာင္းတိုက္ရွိ ဆရာေတာ္တစ္ပါးက ၎၏ လူမႈကြန္ယက္စာမ်က္ႏွာေပၚတြင္ အသိေပးေၾကညာထား သည္။

“ဆရာေတာ္ႀကီးက Emergency နဲ႔ ေနေနတာၾကာၿပီ။ ေလး၊ ငါး၊ ေျခာက္လေလာက္ရွိၿပီ။ ထိုင္းဘုရင္ေဆး႐ုံမွာ သြားကုၿပီးေတာ့မွ အေရးေပၚကုသေဆာင္ထဲမွာထားတာ။ လူႀကီးေရာဂါေပါ့။ အခုဟာက နဂါးႏွစ္ေကာင္ေက်ာင္းမွာလည္း ICU လိုသေဘာမ်ိဳး စက္ေတြနဲ႔ အခန္းတစ္ခန္းဖြဲ႕ၿပီး ဆရာေတာ္ကို အနီးကပ္ေစာင့္ၾကည့္ၾကတာ‌ေပါ့။ ေစာင့္ၾကည့္လာရင္းနဲ႔ မေန႔ည (၁၀)နာရီေလာက္ကစၿပီး ေဖာက္လာတာေပ့ါ။ အဲဒီမွာ နံနက္ ၁၂နာရီစြန္းစြန္းေလာက္မွာ ပ်ံလြန္ေတာ္မူသြားတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာ သည္။

နဂါးႏွစ္ေကာင္ဆရာေတာ္ဘုရားႀကီး ပ်ံလြန္ေတာ္မူခ်ိန္တြင္ သက္ေတာ္ (၉၇)ႏွစ္၊ ဝါေတာ္ (၇၇)ဝါရွိၿပီျဖစ္ၿပီး (၉၆)ပါးေရာဂါျဖင့္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဆရာေတာ္ႀကီးက ႏိုင္ငံေတာ္သံဃမဟာနာယက အဖြဲ႕ဝင္ေလ ဘာပဲေျပာေျပာ ႏိုင္ငံေတာ္အတြက္ေရာ ၊ တာခ်ီလိတ္အတြက္ေရာ ႀကီးမားတဲ့ဆုံးရႈံးမႈေပါ့။ ဒီလိုမ်ိဳး ဆရာေတာ္ႀကီးေတြ ေနာင္ေပၚဖို႔ဆိုတာလည္း မလြယ္ဘူးေလ။ ထိုင္းဘုရင္ေတာင္မွ ကိုးကြယ္တဲ့ဆရာေတာ္ႀကီးဆိုေတာ့ေလ။ ထိုင္းဘုရင္ရယ္၊ ကြၽန္ေတာ္တို႔ဘက္က ႏိုင္ငံေတာ္ အႀကီးအကဲေတြ အကုန္ လုံး အဆင့္ဆင့္ကိုးကြယ္ၾကတာေပါ့”ဟု ၎က ေျပာသည္။

ဆရာေတာ္ႀကီး၏ အႏၲိမအဂၢိဈာပနအခမ္းအနားႏွင့္ပတ္သက္၍ က်င္းပမည့္ရက္ကို ယာယီအားျဖင့္ ဧၿပီလအတြင္း သတ္မွတ္ထားေသာ္လည္း အတိအက်မသိရေသးေၾကာင္း တာခ်ီလိတ္ၿမိဳ႕ခံက ဆက္လက္ေျပာသည္။ နဂါးႏွစ္ေကာင္ဆရာေတာ္ႀကီးသည္ ႏိုင္ငံေတာ္ ၾသဝါဒစရိယ၊ အဘိဓဇမဟာရဌဂု႐ု၊ အဘိဓဇအဂၢမဟာသဒၶမၼေဇာတိက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာမဂၤလဓမၼေဇာတိကဓဇ ဂုဏ္ထူးေဆာင္ ပါရဂူဘြဲ႕တံဆိပ္မ်ားကို ရရွိထားေသာ ဆရာေတာ္ႀကီးတစ္ပါးျဖစ္သည္။

နဂါးႏွစ္ေကာင္ေက်ာင္းတိုက္မွ ဆရာေတာ္ႀကီးသည္ ျမန္မာသကၠရာဇ္ (၁၂၉၀)ျပည့္ႏွစ္၊ နတ္ေတာ္လျပည့္ေက်ာ္ (၉)ရက္တြင္ ရွမ္းျပည္နယ္၊ က်ိဳင္းတုံၿမိဳ႕နယ္၊ ယန္းကိန္ေက်း႐ြာ၌ ဖြားျမင္ခဲ့ၿပီး (၁၂၉၉)ခုႏွစ္၊ တေပါင္းလဆန္း(၁၅)ရက္တြင္ က်ိဳင္းတုံၿမိဳ႕၊ က်ိဳင္းယင္းေက်ာင္း တိုက္ဆရာေတာ္ထံတြင္ “ရွင္ရွဲန္လာ” အမည္ျဖင့္ သာမေဏ အျဖစ္ခံယူခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.