ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့်(၈)ဖြင့်သာကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်အသင်းက အခြား အသင်းများထက် ခြေလှမ်းကျဲကျဲဖြင့် အင်အားဖြည့်တင်းနေ

 300

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၉

ပြီးခဲ့သည့် ဘောလုံးရာသီတွင် အဆင့်(၈)ဖြင့် သာ ကျေနပ်ခဲ့ရသည့် ရခိုင်ယူနိုက်တက်အသင်းက အခြားအသင်းများထက် ခြေလှမ်းကျဲကျဲဖြင့် အသင်း အင်အားဖြည့်တင်းနေပြီး မြန်မာနေရှင်နယ်လိဂ် (MNL) တွင် အကြိတ်အနယ်ပြိုင်ဆိုင်မှုများကို ပိုမို မြင်တွေ့ရဖွယ်ရှိနေကြောင်း သိရသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနေရှင်နယ်လိဂ်အသင်းများ အနက် ပထမဆုံးအကြိမ်အဖြစ် ကစားသမားများ၏ လစာကို ကြေညာခေါ်ယူသည့် ဘောလုံးအသင်း ဖြစ်လာခဲ့ကာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ကစားသမားခေါ်ယူရန် လူရွေးပွဲ ပြုလုပ်မည် ဖြစ် ကြောင်း နှင့် ရွေးချယ်ခံရပါက ရခိုင်ယူနိုက်တက် အသင်းအတွက် ကစားသမားလစာကို ငွေကျပ် (၁၀)သိန်းမှ (၁၅)သိန်း၊ ယူ ၂၃ ကစားသမားလစာကို ငွေကျပ် (၆) သိန်း မှ (၉)သိန်းနှင့် အဆိုပါအသင်း ပိုင်ရှင်ကပင်ပိုင်သည့် မြန်မာနေရှင်လိဂ်(၂)တွင် ကစားနေသော ရက္ခပူရအသင်း ကစားသမားလစာကို ငွေကျပ်(၃)သိန်းမှ (၅)သိန်းပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် ထင်မှတ်မထားသည့် သတင်းထူးတစ်ခု အဖြစ် မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတို့တွင် တိုက်စစ် မှူးတစ်ဦးအဖြစ် အထူးခြေစွမ်းပြခဲ့ကာ မြန်မာ နေရှင်နယ်လိဂ်တွင်လည်း ထင်ရှားခဲ့ပြီး ထိုင်းနိုင်ငံရှိ ကလပ်အသင်းများသို့ပင် သွားရောက်ကစားခဲ့ပြီး ဘောလုံးလောကမှ နှစ်အတန်ကြာပျောက်နေခဲ့သည့် ကျော်ကိုကို ကိုရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူ နိုင်ခဲ့သည်။

“ဒီနှစ် ရခိုင်ယူနိုက်တက်အသင်းရဲ့ စုဖွဲ့ပြင်ဆင် အားကောင်းမှု၊ နည်းပြအဖွဲ့ကျစ်လစ် အားကောင်းမှု၊ အသင်းရဲ့ ရည်ရွယ်ချက် ရည်မှန်းချက် ကောင်းမွန်မှု၊ အသင်းပိုင်ရှင်ရဲ့ မြန်မာဘောလုံးလောက ပြန်လည် ဦးမော့လာရေး စွမ်းစွမ်းတမံ ကြိုးစားအားထုတ်နေမှု များကို လေ့လာသုံးသပ်ပြီး ငွေကြေးကို အဓိကမထား ပဲ ဒီအသင်းကိုရွေးချယ်ခဲ့တာလို့ ဆိုပါတယ်”ဟု ကျော်ကိုကိုနှင့်ပတ်သက်၍ ရခိုင်ယူနိုက်တက်အသင်း က ၎င်းတို့၏ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာ ထက် တွင် အသိပေးထားသည်။

ရခိုင်ယူနိုက်တက်အသင်းသည် ခံစစ်ပိုင်းကို ဦးစားပေးသတိထားပြင်ဆင်နေကြောင်း ၎င်းတို့ ခေါ်ယူခဲ့သည့် လူစာရင်းအရသိရကာ ခံစစ်အတွက် ၂၀၁၅ ခုနှစ်က ကျင်းပပြုလုပ်ခဲ့သော ယူ-၂၀ ကမ္ဘာ့ဖလားတွင် မြန်မာအသင်း၏ နောက်တန်းမှ ခြေစွမ်းပြခဲ့သည့် ရခိုင်ယူနိက်တက်ကစားသမား ဟောင်း သီဟထက်အောင်ကို (၃)လစာချုပ်ဖြင့် ပြန်လည်ခေါ်ယူထားနိုင်သည့်အပြင် ၎င်းနှင့်တွဲဖက် ကစားရန် ရှမ်းယူနိုက်တက် နောက်ခံလူဟောင်း အိုင်ဗရီကို့စ်နိုင်ငံသား Kekere Moukailou နှင့် ကွင်းအတွင်း ဘက်စုံကစားနိုင်သူ ကင်မရွန်း လူငယ်လက်ရွေးစင်ဘောလုံးသမား Effa Alexisi Smael တို့ကိုခေါ်ယူထားသည်။

ထို့ပြင် ဥရောပတိုက်၊ အာဖရိကတိုက်နှင့် အာရှ တိုက်ရှိ ကလပ်အသင်းများတွင် နည်းပြလုပ်ခဲ့ကာ အောင်မြင်မှုအထိုက်အလျောက်ရရှိပြီး နောက်ဆုံး ကိုင်တွယ်ခဲ့သည့် Gokulam Kerala B အသင်းကို 2023 India Kerala Premier League ပြိုင်ပွဲတွင် Runner Up ဖလားရယူပေးနိုင်ခဲ့သူ အာဖရိက မောရင်ဟိုဟု နာမည်ကြီးခဲ့သော ပေါ်တူဂီ နိုင်ငံသား နည်းပြ Paulo Jorge Silva ကို ရခိုင်ယူနိုက်တက်အသင်းက ခေါ်ယူခဲ့ကာ မကြာမီ မြန်မာနိုင်ငံသို့ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း သိရသည်။

လိဂ်ကိုစတင်ခဲ့စဉ်က ပရိတ်သတ်များစွာရရှိခဲ့သော်လည်း ကြားကာလအခြေအနေများကြောင့် ပရိတ်သက်အားပေးမှုကျဆင်းသွားခဲ့ရသည့် မြန်မာ နေရှင်နယ်လိဂ်တွင် ကစားသမားအပြိုင်အဆိုင် ခေါ်ယူမှုများကို မြင်တွေ့နေရကာ မျိုးဆက်သစ် ကစားသမားများလည်း ပေါ်ပေါက်နေခြင်းကြောင့် လာမည့် ကာလတွင် ယခုအနေအထားထက် ပြိုင်ဆိုင်မှုပိုမို ပြင်းထန်လာဖွယ်ရှိနေကြောင်း သိရသည်။

zawgyi version
ၿပီးခဲ့သည့္ ေဘာလုံးရာသီတြင္ အဆင့္(၈)ျဖင့္သာေက်နပ္ခဲ့ရသည့္ ရခိုင္ယူႏိုက္တက္အသင္းက အျခား အသင္းမ်ားထက္ ေျခလွမ္းက်ဲက်ဲျဖင့္ အင္အားျဖည့္တင္းေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၉

ၿပီးခဲ့သည့္ ေဘာလုံးရာသီတြင္ အဆင့္(၈)ျဖင့္ သာ ေက်နပ္ခဲ့ရသည့္ ရခိုင္ယူႏိုက္တက္အသင္းက အျခားအသင္းမ်ားထက္ ေျခလွမ္းက်ဲက်ဲျဖင့္ အသင္း အင္အားျဖည့္တင္းေနၿပီး ျမန္မာေနရွင္နယ္လိဂ္ (MNL) တြင္ အႀကိတ္အနယ္ၿပိဳင္ဆိုင္မႈမ်ားကို ပိုမို ျမင္ေတြ႕ရဖြယ္ရွိေနေၾကာင္း သိရသည္။

ရခိုင္ယူႏိုက္တက္အသင္းသည္ ၿပီးခဲ့သည့္ ရက္ပိုင္းက ျမန္မာေနရွင္နယ္လိဂ္အသင္းမ်ား အနက္ ပထမဆုံးအႀကိမ္အျဖစ္ ကစားသမားမ်ား၏ လစာကို ေၾကညာေခၚယူသည့္ ေဘာလုံးအသင္း ျဖစ္လာခဲ့ကာ ၂၀၂၄-၂၀၂၅ ေဘာလုံးရာသီအတြက္ ကစားသမားေခၚယူရန္ လူေ႐ြးပြဲ ျပဳလုပ္မည္ ျဖစ္ ေၾကာင္း ႏွင့္ ေ႐ြးခ်ယ္ခံရပါက ရခိုင္ယူႏိုက္တက္ အသင္းအတြက္ ကစားသမားလစာကို ေငြက်ပ္ (၁၀)သိန္းမွ (၁၅)သိန္း၊ ယူ ၂၃ ကစားသမားလစာကို ေငြက်ပ္ (၆) သိန္း မွ (၉)သိန္းႏွင့္ အဆိုပါအသင္း ပိုင္ရွင္ကပင္ပိုင္သည့္ ျမန္မာေနရွင္လိဂ္(၂)တြင္ ကစားေနေသာ ရကၡပူရအသင္း ကစားသမားလစာကို ေငြက်ပ္(၃)သိန္းမွ (၅)သိန္းေပးမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ထို႔ျပင္ ထင္မွတ္မထားသည့္ သတင္းထူးတစ္ခု အျဖစ္ ျမန္မာ့လက္ေ႐ြးစင္ ယူ-၂၃ ေဘာလုံးအသင္း၊ ျမန္မာ့လက္ေ႐ြးစင္ေဘာလုံးအသင္းတို႔တြင္ တိုက္စစ္ မႉးတစ္ဦးအျဖစ္ အထူးေျခစြမ္းျပခဲ့ကာ ျမန္မာ ေနရွင္နယ္လိဂ္တြင္လည္း ထင္ရွားခဲ့ၿပီး ထိုင္းႏိုင္ငံရွိ ကလပ္အသင္းမ်ားသို႔ပင္ သြားေရာက္ကစားခဲ့ၿပီး ေဘာလုံးေလာကမွ ႏွစ္အတန္ၾကာေပ်ာက္ေနခဲ့သည့္ ေက်ာ္ကိုကို ကိုရခိုင္ယူႏိုက္တက္အသင္းက ေခၚယူ ႏိုင္ခဲ့သည္။

“ဒီႏွစ္ ရခိုင္ယူႏိုက္တက္အသင္းရဲ႕ စုဖြဲ႕ျပင္ဆင္ အားေကာင္းမႈ၊ နည္းျပအဖြဲ႕က်စ္လစ္ အားေကာင္းမႈ၊ အသင္းရဲ႕ ရည္႐ြယ္ခ်က္ ရည္မွန္းခ်က္ ေကာင္းမြန္မႈ၊ အသင္းပိုင္ရွင္ရဲ႕ ျမန္မာေဘာလုံးေလာက ျပန္လည္ ဦးေမာ့လာေရး စြမ္းစြမ္းတမံ ႀကိဳးစားအားထုတ္ေနမႈ မ်ားကို ေလ့လာသုံးသပ္ၿပီး ေငြေၾကးကို အဓိကမထား ပဲ ဒီအသင္းကိုေ႐ြးခ်ယ္ခဲ့တာလို႔ ဆိုပါတယ္”ဟု ေက်ာ္ကိုကိုႏွင့္ပတ္သက္၍ ရခိုင္ယူႏိုက္တက္အသင္း က ၎တို႔၏ လူမႈကြန္ရက္ ေဖ့ဘြတ္စာမ်က္ႏွာ ထက္ တြင္ အသိေပးထားသည္။

ရခိုင္ယူႏိုက္တက္အသင္းသည္ ခံစစ္ပိုင္းကို ဦးစားေပးသတိထားျပင္ဆင္ေနေၾကာင္း ၎တို႔ ေခၚယူခဲ့သည့္ လူစာရင္းအရသိရကာ ခံစစ္အတြက္ ၂၀၁၅ ခုႏွစ္က က်င္းပျပဳလုပ္ခဲ့ေသာ ယူ-၂၀ ကမာၻ႔ဖလားတြင္ ျမန္မာအသင္း၏ ေနာက္တန္းမွ ေျခစြမ္းျပခဲ့သည့္ ရခိုင္ယူနိက္တက္ကစားသမား ေဟာင္း သီဟထက္ေအာင္ကို (၃)လစာခ်ဳပ္ျဖင့္ ျပန္လည္ေခၚယူထားႏိုင္သည့္အျပင္ ၎ႏွင့္တြဲဖက္ ကစားရန္ ရွမ္းယူႏိုက္တက္ ေနာက္ခံလူေဟာင္း အိုင္ဗရီကို႔စ္ႏိုင္ငံသား Kekere Moukailou ႏွင့္ ကြင္းအတြင္း ဘက္စုံကစားႏိုင္သူ ကင္မ႐ြန္း လူငယ္လက္ေ႐ြးစင္ေဘာလုံးသမား Effa Alexisi Smael တို႔ကိုေခၚယူထားသည္။

ထို႔ျပင္ ဥေရာပတိုက္၊ အာဖရိကတိုက္ႏွင့္ အာရွ တိုက္ရွိ ကလပ္အသင္းမ်ားတြင္ နည္းျပလုပ္ခဲ့ကာ ေအာင္ျမင္မႈအထိုက္အေလ်ာက္ရရွိၿပီး ေနာက္ဆုံး ကိုင္တြယ္ခဲ့သည့္ Gokulam Kerala B အသင္းကို 2023 India Kerala Premier League ၿပိဳင္ပြဲတြင္ Runner Up ဖလားရယူေပးႏိုင္ခဲ့သူ အာဖရိက ေမာရင္ဟိုဟု နာမည္ႀကီးခဲ့ေသာ ေပၚတူဂီ ႏိုင္ငံသား နည္းျပ Paulo Jorge Silva ကို ရခိုင္ယူႏိုက္တက္အသင္းက ေခၚယူခဲ့ကာ မၾကာမီ ျမန္မာႏိုင္ငံသို႔ ေရာက္ရွိလာေတာ့မည္ ျဖစ္ေၾကာင္း သိရသည္။

လိဂ္ကိုစတင္ခဲ့စဥ္က ပရိတ္သတ္မ်ားစြာရရွိခဲ့ေသာ္လည္း ၾကားကာလအေျခအေနမ်ားေၾကာင့္ ပရိတ္သက္အားေပးမႈက်ဆင္းသြားခဲ့ရသည့္ ျမန္မာ ေနရွင္နယ္လိဂ္တြင္ ကစားသမားအၿပိဳင္အဆိုင္ ေခၚယူမႈမ်ားကို ျမင္ေတြ႕ေနရကာ မ်ိဳးဆက္သစ္ ကစားသမားမ်ားလည္း ေပၚေပါက္ေနျခင္းေၾကာင့္ လာမည့္ ကာလတြင္ ယခုအေနအထားထက္ ၿပိဳင္ဆိုင္မႈပိုမို ျပင္းထန္လာဖြယ္ရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.