ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအတွက် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၅ဂ)ကျော်ကို ထောက်ပံ့ကူညီပေးခဲ့ဟု သံရုံးဆို

 1064

စော(NP News) - ဖေဖော်ဝါရီ ၁ဝ

ဂျာမနီနိုင်ငံက မြန်မာနိုင်ငံအတွက် တစ်နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၅ဝ)ကျော်ကို ထောက်ပံ့ ကူညီ ပေးခဲ့ကြောင်း ဂျာမနီသံရုံးထံက သိရသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်) တွင် အသိပေးထုတ်ပြန်ရာတွင် အထက်ပါအတိုင်း ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွက် လှူဒါန်းသူများအနက် ဂျာမနီနိုင်ငံသည် ထိပ်တန်းအလှူရှင်များ စာရင်း၌ ရှိနေပြီး ၂ဝ၂၃ ခုနှစ် အတွင်း အမေရိကန်ဒေါ်လာ သန်း ၅ဝ ကျော် ထည့်ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဂျာမနီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ပံ့ပိုးပေးထားသည့် ပရောဂျက်များမှာ စဉ်ဆက်မပြတ်တည်တံ့စေသော စိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကျောင်းပြုမှု အပါအဝင် ပြည်တွင်းနေရပ်စွန့်ခွာသွားလာသူများအတွက် ထောက်ပံ့မှု၊ အမိုးအကာနှင့် သန့်ရှင်းရေး၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့တွင် ပါဝင်ခဲ့ ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဂျာမနီနိုင်ငံက ပေးသည့်အကူအညီမှာ ကမ္ဘာ့ကုလသမဂ္ဂမှတဆင့်သာမက ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဂျာမနီနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာအေဂျင်စီ "GIZ" တို့ကတဆင့် စီမံခန့်ခွဲပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်၊ လူသားချင်းဆိုင်ရာအကူအညီများကို အပြည့်အဝပေးအပ်ခွင့်ပြုရန်နှင့် အများပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးမှုအတွက် အခင်းအကျင်းပေါ်ပေါက်လာ စေရေး ဖန်တီးပေးရန်အပါအဝင် တောင်းဆိုချက်များကို EU နှင့် ဩစတေးရီးယား၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ UK နှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခြားရေးဝန်ကြီးများက ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုထားသည်။

Zawgyi Version;
ဂ်ာမနီႏိုင္ငံက ျမန္မာႏိုင္ငံအတြက္ တစ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ သန္း (၅ဂ)ေက်ာ္ကို ေထာက္ပံ့ကူညီ ေပးခဲ့ဟု သံ႐ုံးဆို
ေစာ(NP News) - ေဖေဖာ္ဝါရီ ၁ဝ

ဂ်ာမနီႏိုင္ငံက ျမန္မာႏိုင္ငံအတြက္ တစ္ႏွစ္အတြင္း အေမရိကန္ေဒၚလာ သန္း (၅ဝ)ေက်ာ္ကို ေထာက္ပံ့ ကူညီ ေပးခဲ့ေၾကာင္း ဂ်ာမနီသံ႐ုံးထံက သိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ာမနီသံ႐ုံးက ယေန႔ (ေဖေဖာ္ဝါရီလ ၉ ရက္) တြင္ အသိေပးထုတ္ျပန္ရာတြင္ အထက္ပါအတိုင္း ထည့္သြင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံအတြက္ လႉဒါန္းသူမ်ားအနက္ ဂ်ာမနီႏိုင္ငံသည္ ထိပ္တန္းအလႉရွင္မ်ား စာရင္း၌ ရွိေနၿပီး ၂ဝ၂၃ ခုႏွစ္ အတြင္း အေမရိကန္ေဒၚလာ သန္း ၅ဝ ေက်ာ္ ထည့္ဝင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ဂ်ာမနီႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံတြင္ ပံ့ပိုးေပးထားသည့္ ပေရာဂ်က္မ်ားမွာ စဥ္ဆက္မျပတ္တည္တံ့ေစေသာ စိုက္ပ်ိဳးေရးႏွင့္ အသက္ေမြးဝမ္းေက်ာင္းျပဳမႈ အပါအဝင္ ျပည္တြင္းေနရပ္စြန႔္ခြာသြားလာသူမ်ားအတြက္ ေထာက္ပံ့မႈ၊ အမိုးအကာႏွင့္ သန႔္ရွင္းေရး၊ အေရးေပၚက်န္းမာေရးေစာင့္ေရွာက္မႈႏွင့္ ပညာေရးတို႔တြင္ ပါဝင္ခဲ့ ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ဂ်ာမနီႏိုင္ငံက ေပးသည့္အကူအညီမွာ ကမာၻ႔ကုလသမဂၢမွတဆင့္သာမက ျပည္တြင္းျပည္ပ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားႏွင့္ ဂ်ာမနီႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာေအဂ်င္စီ "GIZ" တို႔ကတဆင့္ စီမံခန႔္ခြဲေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အၾကမ္းဖက္မႈမ်ား ရပ္တန႔္ရန္၊ ႏိုင္ငံေရးအက်ဥ္းသားမ်ားကို လႊတ္ေပးရန္၊ လူသားခ်င္းဆိုင္ရာအကူအညီမ်ားကို အျပည့္အဝေပးအပ္ခြင့္ျပဳရန္ႏွင့္ အမ်ားပါဝင္ႏိုင္သည့္ ေတြ႕ဆုံေဆြးေႏြးမႈအတြက္ အခင္းအက်င္းေပၚေပါက္လာ ေစေရး ဖန္တီးေပးရန္အပါအဝင္ ေတာင္းဆိုခ်က္မ်ားကို EU ႏွင့္ ဩစေတးရီးယား၊ ကေနဒါ၊ နယူးဇီလန္၊ ေနာ္ေဝ၊ ကိုရီးယား၊ ဆြစ္ဇာလန္၊ UK ႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔မွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ားက ၿပီးခဲ့သည့္ ရက္ပိုင္း အတြင္း ထုတ္ျပန္ခ်က္ထုတ္ကာ ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.