တရုတ်အနောက်တောင်ပိုင်းစစ်တပ်က တိုက်ပွဲ၀င် 007 ဒရုန်းကို ဆန်းသစ်တီထွင်

 1785

Htay Oung (NP News) - ဖေဖော်ဝါရီ ၁ဝ

အမ်အိုင်-၆ လို့ ခေါ်တဲ့ ဗြိတိသျှပြည်ပထောက်လှမ်းအေဂျင်စီမှ ဂျိမ်းစ်ဘွန်း ခေါ် အထူးအေးဂျင့် 007 ဟာ ကမ္ဘာ့လူသိအများဆုံး ထောက်လှမ်းရေးသမားတစ်ဦးဖြစ်ပါတယ်။ အရှုပ်ထွေးဆုံးနဲ့ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ မစ်ရှင်များကို အသေးစိတ်နောက် ယောင်ခံ ထောက်လှမ်းပြီး အခက်အခဲအားလုံးကို ထူးခြားစွာကျော်လွှားနိုင်တဲ့ ပါရမီရှင်ဖြစ်ပါတယ်။ လက်တွေ့ဘ၀မှာတော့ ရုပ်ရှင်ထဲက ဂျိမ်းစ်ဘွန်းလို ဘယ်ထောက်လှမ်းရေးသမားမှ မလုပ်နိုင်ပါဘူး၊ ဒါပေမယ့် ဂျိမ်းစ်ဘွန်းကို အတုခိုးပြီး ထောက် လှမ်းသူရဲ့ အသက်ဘေးကို မထိခိုက်စေပဲ နိုင်ငံရပ်ခြားအန္တရာယ်များပြားတဲ့ စစ်ရေးမစ်ရှင်များမှာ တာ၀န်ထမ်းဆောင်နိုင်ဖို့အတွက် တရုတ်စစ်တပ်နဲ့ သိပ္ပံပညာရှင်များက ကြံဆနေခဲ့ကြပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်း အထူးအေးဂျင့်များနေရာမှာ အစားထိုးနိုင်မယ့် ဒရုန်းများကို တီထွင်ထုတ်လုပ်နေပြီဖြစ်ကြောင်း “ယူရေးရှားတိုင်းမ်” က ဖေ‌ဖော်ဝါရီလ ၅ ရက်တွင် ရေးသားပါတယ်။

နိုင်ငံရပ်ခြား တိုင်းပြည်များမှာ တာ၀န်ယူဆောင်ရွက်နိုင်ဖို့အတွက် အဆင့်မြင့် ရှုပ်ထွေးတဲ့ဒရုန်းများကို တရုတ်နိုင်ငံ့အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ချန်ဒူးမြို့ရှိ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ယူနစ်တစ်ခုက သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့နဲ့အတူ တီထွင်လျက်ရှိနေပါတယ်။

အခြားနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း တဖွဖွပြောဆိုနေတဲ့ တရုတ်ဟာ သူ့စစ်တပ်ရဲ့ နိုင်ငံရပ်ခြား စစ်ဆင်ရေးများအကြောင်းကိုတော့ အမြဲတမ်း လျှို့ဝှက် ဖုံးကွယ်ထားပါတယ်။ ဒါပေမယ့် လူသားအော်ပရေတာများကို အသုံးပြုခြင်းနဲ့အတူ ရန်သူဖမ်းဆီးခံရတဲ့အခါ စစ်ရေးအစီအစဉ်များ ပျက်စီးစေမယ့် အန္တရာယ်လည်း ထပ်တူယှဉ်တွဲ လာတတ်ပါတယ်။ အထူးစစ်ဆင်ရေးများရဲ့ လူသားအေးဂျင့်များနေရာမှာ နည်းပညာကို အသုံးပြုပြီး အစားထိုးဖို့ သုတေသနပြုခြင်းဟာ အနာဂတ်ကာလ တရုတ်သူလျှိုလုပ်ငန်းရဲ့ ချဉ်းကပ်မှု ဘယ်ပုံ ဘယ်နည်းရှိလာမယ်ဆိုတာကို ညွှန်ပြနေပါတယ်။

နိုင်ငံရပ်ခြားမှာ ဖြစ်ပွားဖွယ် မှန်းဆထားတဲ့ အထူးစစ်ဆင်ရေးတစ်ခုနဲ့ ပတ်သက်လို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၇၈၀၉၂-ယူနစ်က ဆွေးနွေးထားကြောင်း စာတမ်းတစ်စေါင်ကို မကြာသေးမီ “ပစ်ခတ်မှုနှင့်ဌာနချုပ် ကွပ်ကဲမှု”ဂျာနယ်က ဖော်ပြထားပါတယ်။ PLA ယူနစ်တစ်ခုရဲ့ သီအိုရီအစီအစဉ်ဟာ ဒရုန်းနည်းပညာကို လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီများနဲ့ သုတေသီများအတွက် လမ်းညွှန်ချက်တစ်ခုဖြစ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်စွဲပါ ဆောက်သ်ချိုင်းနားမောနင်းပို့စ်ရဲ့ ဖော်ပြချက်အရ အဲ့ဒီ စစ်ဆင်ရေးဟာ တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံများအကြား အငယ်စား ပဋိပက္ခ ဖြစ်ပွားဖွယ်ရှိတဲ့ ၂၀၃၅ ခုနှစ်အတွက် ရည်မှန်းထားခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

နိုင်ငံအမည်ကို ဖော်ပြခြင်း မရှိပေမယ့် ပျမ်းမျှ ရေအနက် ပေ-၁၀၀ ခန့်ရှိ မြစ်တစ်စင်းဟာ တရုတ်ရဲ့ နယ်စပ်တစ်လျောက် စီးဆင်းနေကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။ အတိအကျပြောရလျှင် တိဗက်မှာ မြစ်ဖျားခံပြီး အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ် အရှေ့မြောက်ဖျား ပြည်နယ်များအတွင်း စီးဆင်းနေတဲ့ ဗြဟ္မပုတ္တရမြစ်ကို ရည်ညွှန်းခြင်းဖြစ်ပြီး တရုတ်တို့က ယာလောင် _ရှန်ပိုမြစ်လို့ ခေါ်ပါတယ်။

ယခင် ဖြစ်ရပ်များကို လေ့လာတဲ့အခါ အိမ်နီးချင်းစစ်အင်အားကြီး နှစ်နိုင်ငံစလုံးဟာ လက်နက်ငယ်များ၊ လှေငယ်များ၊ ဒရုန်းများနဲ့ လေယာဉ်ပစ်သေနတ်များကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ လေယာဉ်တွေဟာ ပျံသန်းနိုင်တဲ့ အကွာအဝေးအကန့်အသတ် ရှိနေပါတယ်။၊ (ရေပြင်သုံး မောင်းသူမဲ့ယာဉ်ဖြစ်လျှင်လည်း) အခြေအနေအရ ရေအတော်နက်နက်မှာ အချိန် အတော်ကြာ ငုပ်လျှိုးနေဖို့ လိုအပ်ပါတယ်။ လိုအပ်ပါက တစ်စုံတစ်ခုကို ပစ်လွှတ်ဖို ရေမျက်နှာပြင်ပေါ် တမဟုတ်ချင်း တက်လာပြီး ချက်ချင်း ပြန်လည်ငုပ်လျှိုးသွားနိုင်ရပါလိမ့်မယ်။

တရုတ်စစ်တပ်ရဲ့ အထူးမစ်ရှင်ဟာ နယ်စပ်မှ ၂၅ မိုင်ခန့်အကွာ မြစ်ရိုးတစ်လျှောက်ရှိ ရန်သူရဲ့ အရေးကြီးကွပ်ကဲမှုစခန်းများနဲ့ ထောက်ပံ့ပို့ဆောင်ရေးအချက်အချာနေရာတွေကို ပစ်မှတ်ထားရန် ပါ၀င်လာပါတယ်။ တရုတ်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ မစ်ရှင်အတွက် တစ်စင်းတည်းဖြစ်စေ အုပ်စုလိုက်ဖြစ်စေ မောင်းနှင်ပျံသန်းနိုင်တဲ့ ဒရုန်းမျိုးကို လိုအပ်ပါတယ်။ ရန်သူရဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်း သွားလာနိုင်တဲ့အပြင် မြစ်တွင်းရေအနက် တစ်ခုမှာ ငုပ်လျှိုးနိုင်ပြီး လေထဲမှာရော ရေနက်ပိုင်းမှာပါ အတားအဆီးများကို ရှောင်လွှဲနိုင်ရပါလိမ့်မယ်။

PLA အနေနဲ့ ဒရုန်းများကို လူသားက ကြား၀င်ကိုင်တွယ်ထိန်းချုပ်ပေးဖို့ မလိုအပ်ပဲ တိတိကျကျနဲ့ သာမန် အမြင်အာရုံထက် ကျော်လွန်လုပ်ဆောင်နိုင်စေခြင်းဖြင့် ကျားကုတ်ကျားခဲ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်စွမ်း ရှိစေလိုပါတယ်။ ပျက်စီးဆုံးရှုံးမှုကို အကဲဖြတ်ရန်နဲ့ လိုအပ်ပါက နောက်တဖန် ဆက်လက်တာ၀န်ထမ်းဆောင်နိုင်ဖို့အ တွက် အဲ့ဒီဒရုန်းတွေဟာ စစ်မြေပြင်တစ်ဝှိုက် ရစ်ဝဲနေနိုင်ရပါမယ်။ လွတ်မြောက်သွားတဲ့ ရန်သူတွေကို ထပ်ချပ်မကွာ အပြီးသတ်လိုက်လံချေမှုန်းပြီး တရုတ်ပိုင်နက်အတွင်း ပြန်၀င်သွားနိုင်ရပါလိမ့်မယ်။

တကယ်တော့ တရုတ်နိုင်ငံဟာ ဒရုန်းတီထွင်ဆန်းသစ်မှုနည်းပညာနယ်ပယ်ရဲ့ ရှေ့တန်းမှာ ရပ်တည်နေခဲ့တာ နှစ်ပေါင်းအတော် ကြာမြင့်နေပြီဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားဖြစ် ဒရုန်းများရဲ့ ၈၀ ရာခိုင်နှုန်းကျော်ကို တရုတ်ကုမ္ပဏီများက ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ရှန်ကျန်းပြည်နယ်အခြေစိုက် DJI ကုမ္ပဏီတစ်ခုတည်းက ကမ္ဘာ့ဒရုန်း ဈေးကွက်ဖောက်သယ်များရဲ့ ၇၀ ရာခိုင်နှုန်းကို တစ်ဦးတည်း မောင်ပိုင်စီး ထိန်းချုပ်ထားပါတယ်။

ယခုအခါ တရုတ်နိုင်ငံက သူ့ရဲ့ စစ်ရေးစီမံချက်များမှာ မောင်းသူမဲ့စနစ်များကို ဂရုတစိုက် ထည့်သွင်းလျက်ရှိနေပါတယ်။ ၂၀၁၉- ခုနှစ်ထုတ် တရုတ်ကာကွယ်ရေး စက္ကူဖြူစာတမ်းမှာ "တာဝေးခရီး တိကျမှု၊ ထောက်လှမ်းနိုင်စွမ်း၊ ကိုယ်ပျောက် သို့မဟုတ် မောင်းသူမဲ့ လက်နက် သို့မဟုတ် ကိရိယာများကို တီထွင်ရန် ခေတ်စားနေကြောင်း ဖော်ပြထားပြီး "ထောက်လှမ်းရေးစစ်ဗျူဟာ” ထွန်းသစ်လာပြီလို့ ဆိုထားပါတယ်။

အဲဒီနောက်ပိုင်း ပေကျင်းရဲ့ ထောက်လှမ်းခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းနဲ့ ကင်းထောက်ခြင်း (ISR) မစ်ရှင်များအတွက် တိုက်ပွဲ၀င်စွမ်းရည်နဲ့ လက်နက်တပ်ဆင်ထားခြင်းမရှိတဲ့ စနစ်များကို တီထွင်နိုင်ခဲ့ပါတယ်။ တရုတ်တို့ဟာ အမေရိကန်လေတပ်နဲ့ ကွာဟချက်ကို စွမ်းရည်အမျိုးမျိုးဖြင့် ဖြည့်ဆည်းခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာပိုင်းဆိုင်ရာ အားသားချက်များကို တဖြည်းဖြည်း ကျော်ဖြတ်နေကြောင်း ၂၀၁၈-ခုနှစ်ကတည်းက အမေရိကန်ကာ ကွယ်ရေးဌာနက အစီရင်ခံခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ တရုတ်ရဲ့ ကောင်းမှုနဲ့ “ဒရုန်း” ဆိုတာ အမေရိကန် လေတပ်သုံး MQ-9s “ရီပါး” (မြေပြင်လူထိန်းချုပ်-မောင်းသူမဲ့ တိုက်ခိုက်ရေး) လေယာဉ်များနဲ့ ကြောင်းတူသံ ကွဲဖြစ်လာပါတယ်။

တရုတ် အာကာသသိပ္ပံနဲ့ လေကြောင်းနည်းပညာအကယ်ဒမီ CASC ထုတ် “၀င်းလွန်းနဲ့ ချီလောင်း“ (အတိုကောက် CH ) စီးရီး မောင်းသူမဲ့လေယာဉ်တွေဟာ ပေကျင်းရဲ့ စစ်လက်နက်ရောင်းချမှုကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမြောက်ပိုင်းနိုင်ငံများကို ရောင်းချခဲ့ပါတယ်။ အဲ့ဒီ ကင်းထောက်ဒရုန်းယာဉ်များမှာ အမြင့်ပျံ- တာဝေးသုံး (HALE) စွမ်းရည်ပိုင်ဆိုင်တဲ့ “မိုးပျံနဂါး“ နဲ့ “တိမ်ရိပ်” မောင်းသူမဲ့လေယာဉ်များ ပါ၀င်ပါတယ်။

တရုတ်စစ်တပ်ဟာ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ကြောင်းကို လက်တွေ့ပြသခြင်း မရှိပေမယ့် တိုက်ခိုက်ရေး မဟုတ်တဲ့ အခြေအနေများမှာလည်း UAV များကို ဖြန့်ကျက်ချထားခဲ့ပါတယ်။။ ဒါပေမယ့် သူ့ရဲ့ ရည်မှန်းချက်က မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ်။ တရုတ်ရဲ့ CH-5 ရိန်းဘိုးရဲ့ စွမ်းရည်ဟာ အမေရိကန် ရီပါး မောင်းသူမဲ့လေယာဉ်နဲ့ တစ်ထပ်တည်းနီးပါး တူညီပါတယ်။ ရီးပါးဟာ ၂၀၂၀ ပြည့်နှစ် ဘဂ္ဂဒက်လေဆိပ်မှာ အီရန် ပြည်ပစစ်ဆင်ရေး အထူးတိုက်ခိုက်ရေးတပ်မှူး ကာဆင်စူလမန်နီကို လုပ်ကြံသတ်ဖြတ်စဉ် အသုံးပြုခဲ့ရာမှ ကမ္ဘာကျော်ခဲ့တဲ့ အမေရိကန် UAV ဖြစ်ပါတယ်။

CH-5 ဟာ အရွယ်အစား ပိုမိုကြီးမားပေမယ့် အကြမ်းအားဖြင့် ပေါင်ချိန် ၂၆၅၀ သယ်ဆောင်နိုင်တဲ့ ရီးပါးထက် ပေါင်ချိန် ၅၀၀ ခန့် လျော့နည်းသယ်ဆောင်နိုင်ပါတယ်။ အခြား တရုတ်လေယာဉ်များလိုပဲ CH-5 ရဲ့ အင်ဂျင်ဟာ အကန့်အသတ်ရှိနေပါတယ်။ ဒါပေမဲ့ ရီပါးရဲ့ ပျံသန်းချိန်ဟာ ၂၇ နာရီရှိပြီး CH-5 ကတော့ ရီပါးရှဲ့နှစ်ဆကျော် နာရီ ၆၀ အထိ အသုံးပြုနိုင်ပါတယ်။ ရေဒါနဲ့ ထောက်လှမ်းနိုင်ခြင်းမရှိတဲ့ ကိုယ်ပျောက်ဒရုန်းစီးရီးရဲ့ နောက်ဆုံးဗားရှင်း CH-7 ကို ယခုနှစ်အတွင်း အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

၂၀၂၃ ခုနှစ် တရုတ်သုတေသီတွေဟာ ကမ္ဘာလုံးဆိုင်ရာတည် နေရာပြစနစ် (GPS) က ဖော်ပြနိုင်ခြင်း မရှိတဲ့ ပတ်၀န်းအခြေအနေမျိုးမှာ ပစ်မှတ်များကို ထိန်းချုပ်ရန်၊ ရယူရန်နဲ့ တိုက်ခိုက်နိုင်ဖို့အတွက် UAV များက အသုံးချနိုင်မယ့် နည်းလမ်းအသစ်ကို တီထွင်ခဲ့ပါတယ်။ ဒရုန်းဟာ ရန်လိုတဲ့ ပစ်မှတ်များအတွက် "ပစ်ရန်အသင့်မှတ်ပုံတင်"ရာမှာ "ပုံရိပ်အခြေခံ အမြင်အာရုံ ဝန်ဆောင်မှုစနစ်" (IBVS) ကို အသုံးပြုဖို့ရှိကြောင်း သိရှိရပါတယ်။ အဲ့ဒီနည်းနဲ့ လျင်မြန်စွာ ရွေ့လျားနေသည့်တိုင် ပစ်မှတ်များကို အမိဖမ်းနိုင်ဖွယ် ရှိပါတယ်။

အဲဒီ နည်းပညာကို စစ်ဘက်ဆိုင်ရာ ဒရုန်းများလည်း အသုံးချနိုင်ဖွယ်ရှိပါတယ်။ ယခုအချိန်အထိ လူသား အော်ပရေတာက “ချေမှုန်းအမိန့်” ပေးဖို့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ဂျီပီအက်စ်က ဖော်ပြခြင်း မရှိတဲ့ နေရာများမှာ အလုပ်လုပ်နိုင်စွမ်းရည်မျိုးလို Artificial Intelligence ဉာဏ်ရည်တု AI နဲ့ ဒရုန်းရဲ့ သူဖာသာ ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းကို တိုးမြှင့်အသုံးပြုခြင်းအားဖြင့် အမိန့်စီးဆင်းမှုကွင်းဆက်မှာ လူသားများ ပါ၀င်နေခြင်းကို မကြာမီ ဖယ်ရှားခံရဖို့ ရှိနေပါတယ်။

#ဂျိမ်းစ်ဘွန်း_ဒရုန်း #စီချွမ်းပြည်နယ် #တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် #ဗြဟ္မပုတ္တရမြစ် #CH-7 #ရီပါးမောင်းသူမဲ့တိုက်ခိုက်ရေးလေယာဉ် #ပိုင်ဆိုင်မှုအငြင်းပွားအိန္ဒိယနယ်စပ်

(Eurasian Times., 5 February 2024,” China ‘Targets’ India In Its Latest Military Venture; Works On ‘007 Drones’ To Fight Indian Army At LAC” ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

zawgyi version
တ႐ုတ္အေနာက္ေတာင္ပိုင္းစစ္တပ္က တိုက္ပြဲ၀င္ 007 ဒ႐ုန္းကို ဆန္းသစ္တီထြင္
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁ဝ

အမ္အိုင္-၆ လို႔ ေခၚတဲ့ ၿဗိတိသွ်ျပည္ပေထာက္လွမ္းေအဂ်င္စီမွ ဂ်ိမ္းစ္ဘြန္း ေခၚ အထူးေအးဂ်င့္ 007 ဟာ ကမာၻ႔လူသိအမ်ားဆုံး ေထာက္လွမ္းေရးသမားတစ္ဦးျဖစ္ပါတယ္။ အရႈပ္ေထြးဆုံးနဲ႔ အသက္အႏၲရာယ္ျဖစ္ႏိုင္တဲ့ မစ္ရွင္မ်ားကို အေသးစိတ္ေနာက္ ေယာင္ခံ ေထာက္လွမ္းၿပီး အခက္အခဲအားလုံးကို ထူးျခားစြာေက်ာ္လႊားႏိုင္တဲ့ ပါရမီရွင္ျဖစ္ပါတယ္။ လက္ေတြ႕ဘ၀မွာေတာ့ ႐ုပ္ရွင္ထဲက ဂ်ိမ္းစ္ဘြန္းလို ဘယ္ေထာက္လွမ္းေရးသမားမွ မလုပ္ႏိုင္ပါဘူး၊ ဒါေပမယ့္ ဂ်ိမ္းစ္ဘြန္းကို အတုခိုးၿပီး ေထာက္ လွမ္းသူရဲ႕ အသက္ေဘးကို မထိခိုက္ေစပဲ ႏိုင္ငံရပ္ျခားအႏၲရာယ္မ်ားျပားတဲ့ စစ္ေရးမစ္ရွင္မ်ားမွာ တာ၀န္ထမ္းေဆာင္ႏိုင္ဖို႔အတြက္ တ႐ုတ္စစ္တပ္နဲ႔ သိပၸံပညာရွင္မ်ားက ႀကံဆေနခဲ့ၾကပါတယ္။ လာမယ့္ ဆယ္စုႏွစ္အတြင္း အထူးေအးဂ်င့္မ်ားေနရာမွာ အစားထိုးႏိုင္မယ့္ ဒ႐ုန္းမ်ားကို တီထြင္ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္း “ယူေရးရွားတိုင္းမ္” က ေဖ‌ေဖာ္ဝါရီလ ၅ ရက္တြင္ ေရးသားပါတယ္။

ႏိုင္ငံရပ္ျခား တိုင္းျပည္မ်ားမွာ တာ၀န္ယူေဆာင္႐ြက္ႏိုင္ဖို႔အတြက္ အဆင့္ျမင့္ ရႈပ္ေထြးတဲ့ဒ႐ုန္းမ်ားကို တ႐ုတ္ႏိုင္ငံ့အေနာက္ေတာင္ပိုင္း စီခြၽမ္းျပည္နယ္ ခ်န္ဒူးၿမိဳ႕ရွိ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ PLA ရဲ႕ ယူနစ္တစ္ခုက သိပၸံပညာရွင္အဖြဲ႕တစ္ဖြဲ႕နဲ႔အတူ တီထြင္လ်က္ရွိေနပါတယ္။

အျခားႏိုင္ငံမ်ားရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ျခင္း မရွိေၾကာင္း တဖြဖြေျပာဆိုေနတဲ့ တ႐ုတ္ဟာ သူ႔စစ္တပ္ရဲ႕ ႏိုင္ငံရပ္ျခား စစ္ဆင္ေရးမ်ားအေၾကာင္းကိုေတာ့ အၿမဲတမ္း လွ်ိဳ႕ဝွက္ ဖုံးကြယ္ထားပါတယ္။ ဒါေပမယ့္ လူသားေအာ္ပေရတာမ်ားကို အသုံးျပဳျခင္းနဲ႔အတူ ရန္သူဖမ္းဆီးခံရတဲ့အခါ စစ္ေရးအစီအစဥ္မ်ား ပ်က္စီးေစမယ့္ အႏၲရာယ္လည္း ထပ္တူယွဥ္တြဲ လာတတ္ပါတယ္။ အထူးစစ္ဆင္ေရးမ်ားရဲ႕ လူသားေအးဂ်င့္မ်ားေနရာမွာ နည္းပညာကို အသုံးျပဳၿပီး အစားထိုးဖို႔ သုေတသနျပဳျခင္းဟာ အနာဂတ္ကာလ တ႐ုတ္သူလွ်ိဳလုပ္ငန္းရဲ႕ ခ်ဥ္းကပ္မႈ ဘယ္ပုံ ဘယ္နည္းရွိလာမယ္ဆိုတာကို ၫႊန္ျပေနပါတယ္။

ႏိုင္ငံရပ္ျခားမွာ ျဖစ္ပြားဖြယ္ မွန္းဆထားတဲ့ အထူးစစ္ဆင္ေရးတစ္ခုနဲ႔ ပတ္သက္လို႔ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ အမွတ္ ၇၈၀၉၂-ယူနစ္က ေဆြးေႏြးထားေၾကာင္း စာတမ္းတစ္ေစါင္ကို မၾကာေသးမီ “ပစ္ခတ္မႈႏွင့္ဌာနခ်ဳပ္ ကြပ္ကဲမႈ”ဂ်ာနယ္က ေဖာ္ျပထားပါတယ္။ PLA ယူနစ္တစ္ခုရဲ႕ သီအိုရီအစီအစဥ္ဟာ ဒ႐ုန္းနည္းပညာကို လုပ္ေဆာင္ေနတဲ့ တ႐ုတ္ကုမၸဏီမ်ားနဲ႔ သုေတသီမ်ားအတြက္ လမ္းၫႊန္ခ်က္တစ္ခုျဖစ္ဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ ၅ ရက္စြဲပါ ေဆာက္သ္ခ်ိဳင္းနားေမာနင္းပို႔စ္ရဲ႕ ေဖာ္ျပခ်က္အရ အဲ့ဒီ စစ္ဆင္ေရးဟာ တ႐ုတ္နဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ အိမ္နီးခ်င္း ႏိုင္ငံမ်ားအၾကား အငယ္စား ပဋိပကၡ ျဖစ္ပြားဖြယ္ရွိတဲ့ ၂၀၃၅ ခုႏွစ္အတြက္ ရည္မွန္းထားျခင္းျဖစ္တယ္လို႔ သိရွိရပါတယ္။

ႏိုင္ငံအမည္ကို ေဖာ္ျပျခင္း မရွိေပမယ့္ ပ်မ္းမွ် ေရအနက္ ေပ-၁၀၀ ခန္႔ရွိ ျမစ္တစ္စင္းဟာ တ႐ုတ္ရဲ႕ နယ္စပ္တစ္ေလ်ာက္ စီးဆင္းေနေၾကာင္း စာတမ္းမွာ ေဖာ္ျပထားပါတယ္။ အတိအက်ေျပာရလွ်င္ တိဗက္မွာ ျမစ္ဖ်ားခံၿပီး အိႏၵိယႏိုင္ငံ ကုန္းတြင္းပိတ္ အေရွ႕ေျမာက္ဖ်ား ျပည္နယ္မ်ားအတြင္း စီးဆင္းေနတဲ့ ျဗဟၼပုတၱရျမစ္ကို ရည္ၫႊန္းျခင္းျဖစ္ၿပီး တ႐ုတ္တို႔က ယာေလာင္ _ရွန္ပိုျမစ္လို႔ ေခၚပါတယ္။

ယခင္ ျဖစ္ရပ္မ်ားကို ေလ့လာတဲ့အခါ အိမ္နီးခ်င္းစစ္အင္အားႀကီး ႏွစ္ႏိုင္ငံစလုံးဟာ လက္နက္ငယ္မ်ား၊ ေလွငယ္မ်ား၊ ဒ႐ုန္းမ်ားနဲ႔ ေလယာဥ္ပစ္ေသနတ္မ်ားကို အသုံးျပဳရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ေတြ႕ရပါတယ္။ အဲ့ဒီလို အေျခအေနမ်ိဳးမွာ UAV လို႔ေခၚတဲ့ ေမာင္းသူမဲ့ ေလယာဥ္ေတြဟာ ပ်ံသန္းႏိုင္တဲ့ အကြာအေဝးအကန္႔အသတ္ ရွိေနပါတယ္။၊ (ေရျပင္သုံး ေမာင္းသူမဲ့ယာဥ္ျဖစ္လွ်င္လည္း) အေျခအေနအရ ေရအေတာ္နက္နက္မွာ အခ်ိန္ အေတာ္ၾကာ ငုပ္လွ်ိဳးေနဖို႔ လိုအပ္ပါတယ္။ လိုအပ္ပါက တစ္စုံတစ္ခုကို ပစ္လႊတ္ဖို ေရမ်က္ႏွာျပင္ေပၚ တမဟုတ္ခ်င္း တက္လာၿပီး ခ်က္ခ်င္း ျပန္လည္ငုပ္လွ်ိဳးသြားႏိုင္ရပါလိမ့္မယ္။

တ႐ုတ္စစ္တပ္ရဲ႕ အထူးမစ္ရွင္ဟာ နယ္စပ္မွ ၂၅ မိုင္ခန႔္အကြာ ျမစ္႐ိုးတစ္ေလွ်ာက္ရွိ ရန္သူရဲ႕ အေရးႀကီးကြပ္ကဲမႈစခန္းမ်ားနဲ႔ ေထာက္ပံ့ပို႔ေဆာင္ေရးအခ်က္အခ်ာေနရာေတြကို ပစ္မွတ္ထားရန္ ပါ၀င္လာပါတယ္။ တ႐ုတ္လက္နက္ကိုင္တပ္ဖြဲ႕ေတြဟာ မစ္ရွင္အတြက္ တစ္စင္းတည္းျဖစ္ေစ အုပ္စုလိုက္ျဖစ္ေစ ေမာင္းႏွင္ပ်ံသန္းႏိုင္တဲ့ ဒ႐ုန္းမ်ိဳးကို လိုအပ္ပါတယ္။ ရန္သူရဲ႕ ေထာက္လွမ္းမႈကို ေရွာင္ကြင္း သြားလာႏိုင္တဲ့အျပင္ ျမစ္တြင္းေရအနက္ တစ္ခုမွာ ငုပ္လွ်ိဳးႏိုင္ၿပီး ေလထဲမွာေရာ ေရနက္ပိုင္းမွာပါ အတားအဆီးမ်ားကို ေရွာင္လႊဲႏိုင္ရပါလိမ့္မယ္။

PLA အေနနဲ႔ ဒ႐ုန္းမ်ားကို လူသားက ၾကား၀င္ကိုင္တြယ္ထိန္းခ်ဳပ္ေပးဖို႔ မလိုအပ္ပဲ တိတိက်က်နဲ႔ သာမန္ အျမင္အာ႐ုံထက္ ေက်ာ္လြန္လုပ္ေဆာင္ႏိုင္ေစျခင္းျဖင့္ က်ားကုတ္က်ားခဲ ပိုင္ပိုင္ႏိုင္ႏိုင္ လုပ္ႏိုင္စြမ္း ရွိေစလိုပါတယ္။ ပ်က္စီးဆုံးရႈံးမႈကို အကဲျဖတ္ရန္နဲ႔ လိုအပ္ပါက ေနာက္တဖန္ ဆက္လက္တာ၀န္ထမ္းေဆာင္ႏိုင္ဖို႔အ တြက္ အဲ့ဒီဒ႐ုန္းေတြဟာ စစ္ေျမျပင္တစ္ဝႈိက္ ရစ္ဝဲေနႏိုင္ရပါမယ္။ လြတ္ေျမာက္သြားတဲ့ ရန္သူေတြကို ထပ္ခ်ပ္မကြာ အၿပီးသတ္လိုက္လံေခ်မႈန္းၿပီး တ႐ုတ္ပိုင္နက္အတြင္း ျပန္၀င္သြားႏိုင္ရပါလိမ့္မယ္။

တကယ္ေတာ့ တ႐ုတ္ႏိုင္ငံဟာ ဒ႐ုန္းတီထြင္ဆန္းသစ္မႈနည္းပညာနယ္ပယ္ရဲ႕ ေရွ႕တန္းမွာ ရပ္တည္ေနခဲ့တာ ႏွစ္ေပါင္းအေတာ္ ၾကာျမင့္ေနၿပီျဖစ္ပါတယ္။ ကမာၻ႔စီးပြားျဖစ္ ဒ႐ုန္းမ်ားရဲ႕ ၈၀ ရာခိုင္ႏႈန္းေက်ာ္ကို တ႐ုတ္ကုမၸဏီမ်ားက ထုတ္လုပ္ျခင္း ျဖစ္ပါတယ္။ ရွန္က်န္းျပည္နယ္အေျခစိုက္ DJI ကုမၸဏီတစ္ခုတည္းက ကမာၻ႔ဒ႐ုန္း ေဈးကြက္ေဖာက္သယ္မ်ားရဲ႕ ၇၀ ရာခိုင္ႏႈန္းကို တစ္ဦးတည္း ေမာင္ပိုင္စီး ထိန္းခ်ဳပ္ထားပါတယ္။

ယခုအခါ တ႐ုတ္ႏိုင္ငံက သူ႔ရဲ႕ စစ္ေရးစီမံခ်က္မ်ားမွာ ေမာင္းသူမဲ့စနစ္မ်ားကို ဂ႐ုတစိုက္ ထည့္သြင္းလ်က္ရွိေနပါတယ္။ ၂၀၁၉- ခုႏွစ္ထုတ္ တ႐ုတ္ကာကြယ္ေရး စကၠဴျဖဴစာတမ္းမွာ "တာေဝးခရီး တိက်မႈ၊ ေထာက္လွမ္းႏိုင္စြမ္း၊ ကိုယ္ေပ်ာက္ သို႔မဟုတ္ ေမာင္းသူမဲ့ လက္နက္ သို႔မဟုတ္ ကိရိယာမ်ားကို တီထြင္ရန္ ေခတ္စားေနေၾကာင္း ေဖာ္ျပထားၿပီး "ေထာက္လွမ္းေရးစစ္ဗ်ဴဟာ” ထြန္းသစ္လာၿပီလို႔ ဆိုထားပါတယ္။

အဲဒီေနာက္ပိုင္း ေပက်င္းရဲ႕ ေထာက္လွမ္းျခင္း၊ ေစာင့္ၾကပ္ၾကည့္ရႈျခင္းနဲ႔ ကင္းေထာက္ျခင္း (ISR) မစ္ရွင္မ်ားအတြက္ တိုက္ပြဲ၀င္စြမ္းရည္နဲ႔ လက္နက္တပ္ဆင္ထားျခင္းမရွိတဲ့ စနစ္မ်ားကို တီထြင္ႏိုင္ခဲ့ပါတယ္။ တ႐ုတ္တို႔ဟာ အေမရိကန္ေလတပ္နဲ႔ ကြာဟခ်က္ကို စြမ္းရည္အမ်ိဳးမ်ိဳးျဖင့္ ျဖည့္ဆည္းခဲ့ၿပီး အေမရိကန္ရဲ႕ နည္းပညာပိုင္းဆိုင္ရာ အားသားခ်က္မ်ားကို တျဖည္းျဖည္း ေက်ာ္ျဖတ္ေနေၾကာင္း ၂၀၁၈-ခုႏွစ္ကတည္းက အေမရိကန္ကာ ကြယ္ေရးဌာနက အစီရင္ခံခဲ့ပါတယ္။ ၂၀၀၀ ျပည့္ႏွစ္မွာ တ႐ုတ္ရဲ႕ ေကာင္းမႈနဲ႔ “ဒ႐ုန္း” ဆိုတာ အေမရိကန္ ေလတပ္သုံး MQ-9s “ရီပါး” (ေျမျပင္လူထိန္းခ်ဳပ္-ေမာင္းသူမဲ့ တိုက္ခိုက္ေရး) ေလယာဥ္မ်ားနဲ႔ ေၾကာင္းတူသံ ကြဲျဖစ္လာပါတယ္။

တ႐ုတ္ အာကာသသိပၸံနဲ႔ ေလေၾကာင္းနည္းပညာအကယ္ဒမီ CASC ထုတ္ “၀င္းလြန္းနဲ႔ ခ်ီေလာင္း“ (အတိုေကာက္ CH ) စီးရီး ေမာင္းသူမဲ့ေလယာဥ္ေတြဟာ ေပက်င္းရဲ႕ စစ္လက္နက္ေရာင္းခ်မႈကို အေထာက္အကူ ျဖစ္ေစခဲ့ပါတယ္။ အထူးသျဖင့္ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကေျမာက္ပိုင္းႏိုင္ငံမ်ားကို ေရာင္းခ်ခဲ့ပါတယ္။ အဲ့ဒီ ကင္းေထာက္ဒ႐ုန္းယာဥ္မ်ားမွာ အျမင့္ပ်ံ- တာေဝးသုံး (HALE) စြမ္းရည္ပိုင္ဆိုင္တဲ့ “မိုးပ်ံနဂါး“ နဲ႔ “တိမ္ရိပ္” ေမာင္းသူမဲ့ေလယာဥ္မ်ား ပါ၀င္ပါတယ္။

တ႐ုတ္စစ္တပ္ဟာ ေမာင္းသူမဲ့ေလယာဥ္ျဖင့္ တိုက္ခိုက္ေၾကာင္းကို လက္ေတြ႕ျပသျခင္း မရွိေပမယ့္ တိုက္ခိုက္ေရး မဟုတ္တဲ့ အေျခအေနမ်ားမွာလည္း UAV မ်ားကို ျဖန႔္က်က္ခ်ထားခဲ့ပါတယ္။။ ဒါေပမယ့္ သူ႔ရဲ႕ ရည္မွန္းခ်က္က ျမန္ျမန္ဆန္ဆန္ ေျပာင္းလဲေနပါတယ္။ တ႐ုတ္ရဲ႕ CH-5 ရိန္းဘိုးရဲ႕ စြမ္းရည္ဟာ အေမရိကန္ ရီပါး ေမာင္းသူမဲ့ေလယာဥ္နဲ႔ တစ္ထပ္တည္းနီးပါး တူညီပါတယ္။ ရီးပါးဟာ ၂၀၂၀ ျပည့္ႏွစ္ ဘဂၢဒက္ေလဆိပ္မွာ အီရန္ ျပည္ပစစ္ဆင္ေရး အထူးတိုက္ခိုက္ေရးတပ္မႉး ကာဆင္စူလမန္နီကို လုပ္ႀကံသတ္ျဖတ္စဥ္ အသုံးျပဳခဲ့ရာမွ ကမာၻေက်ာ္ခဲ့တဲ့ အေမရိကန္ UAV ျဖစ္ပါတယ္။

CH-5 ဟာ အ႐ြယ္အစား ပိုမိုႀကီးမားေပမယ့္ အၾကမ္းအားျဖင့္ ေပါင္ခ်ိန္ ၂၆၅၀ သယ္ေဆာင္ႏိုင္တဲ့ ရီးပါးထက္ ေပါင္ခ်ိန္ ၅၀၀ ခန္႔ ေလ်ာ့နည္းသယ္ေဆာင္ႏိုင္ပါတယ္။ အျခား တ႐ုတ္ေလယာဥ္မ်ားလိုပဲ CH-5 ရဲ႕ အင္ဂ်င္ဟာ အကန႔္အသတ္ရွိေနပါတယ္။ ဒါေပမဲ့ ရီပါးရဲ႕ ပ်ံသန္းခ်ိန္ဟာ ၂၇ နာရီရွိၿပီး CH-5 ကေတာ့ ရီပါးရွဲ႕ႏွစ္ဆေက်ာ္ နာရီ ၆၀ အထိ အသုံးျပဳႏိုင္ပါတယ္။ ေရဒါနဲ႔ ေထာက္လွမ္းႏိုင္ျခင္းမရွိတဲ့ ကိုယ္ေပ်ာက္ဒ႐ုန္းစီးရီးရဲ႕ ေနာက္ဆုံးဗားရွင္း CH-7 ကို ယခုႏွစ္အတြင္း အၿပီးသတ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

၂၀၂၃ ခုႏွစ္ တ႐ုတ္သုေတသီေတြဟာ ကမာၻလုံးဆိုင္ရာတည္ ေနရာျပစနစ္ (GPS) က ေဖာ္ျပႏိုင္ျခင္း မရွိတဲ့ ပတ္၀န္းအေျခအေနမ်ိဳးမွာ ပစ္မွတ္မ်ားကို ထိန္းခ်ဳပ္ရန္၊ ရယူရန္နဲ႔ တိုက္ခိုက္ႏိုင္ဖို႔အတြက္ UAV မ်ားက အသုံးခ်ႏိုင္မယ့္ နည္းလမ္းအသစ္ကို တီထြင္ခဲ့ပါတယ္။ ဒ႐ုန္းဟာ ရန္လိုတဲ့ ပစ္မွတ္မ်ားအတြက္ "ပစ္ရန္အသင့္မွတ္ပုံတင္"ရာမွာ "ပုံရိပ္အေျခခံ အျမင္အာ႐ုံ ဝန္ေဆာင္မႈစနစ္" (IBVS) ကို အသုံးျပဳဖို႔ရွိေၾကာင္း သိရွိရပါတယ္။ အဲ့ဒီနည္းနဲ႔ လ်င္ျမန္စြာ ေ႐ြ႕လ်ားေနသည့္တိုင္ ပစ္မွတ္မ်ားကို အမိဖမ္းႏိုင္ဖြယ္ ရွိပါတယ္။

အဲဒီ နည္းပညာကို စစ္ဘက္ဆိုင္ရာ ဒ႐ုန္းမ်ားလည္း အသုံးခ်ႏိုင္ဖြယ္ရွိပါတယ္။ ယခုအခ်ိန္အထိ လူသား ေအာ္ပေရတာက “ေခ်မႈန္းအမိန႔္” ေပးဖို႔ လိုအပ္ေနပါေသးတယ္။ ဒါေပမယ့္ ဂ်ီပီအက္စ္က ေဖာ္ျပျခင္း မရွိတဲ့ ေနရာမ်ားမွာ အလုပ္လုပ္ႏိုင္စြမ္းရည္မ်ိဳးလို Artificial Intelligence ဉာဏ္ရည္တု AI နဲ႔ ဒ႐ုန္းရဲ႕ သူဖာသာ ထိန္းခ်ဳပ္ေဆာင္႐ြက္ႏိုင္စြမ္းကို တိုးျမႇင့္အသုံးျပဳျခင္းအားျဖင့္ အမိန္႔စီးဆင္းမႈကြင္းဆက္မွာ လူသားမ်ား ပါ၀င္ေနျခင္းကို မၾကာမီ ဖယ္ရွားခံရဖို႔ ရွိေနပါတယ္။

#ဂ်ိမ္းစ္ဘြန္း_ဒ႐ုန္း #စီခြၽမ္းျပည္နယ္ #တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ #ျဗဟၼပုတၱရျမစ္ #CH-7 #ရီပါးေမာင္းသူမဲ့တိုက္ခိုက္ေရးေလယာဥ္ #ပိုင္ဆိုင္မႈအျငင္းပြားအိႏၵိယနယ္စပ္

(Eurasian Times., 5 February 2024,” China ‘Targets’ India In Its Latest Military Venture; Works On ‘007 Drones’ To Fight Indian Army At LAC” ကို ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Related news

© 2021. All rights reserved.